HIV ဆေးဝါးသစ်များထွက်ပေါ်လာပြီးနောက် ဝေဒနာရှင်များ သက်တမ်းစေ့ရှင်သန်နိုင်ရန် ပိုမိုနီးစပ်လာ


ဆေးဝါးသစ်များထွက်ပေါ်လာပြီးကုထုံးများလည်းတိုးတက်ကောင်းမွန်လာသောကြောင့် HIV ဝေဒနာရှင် များအနေဖြင့် လူ့ ဘ၀ကို သက်တမ်းစေ့ ရှင်သန်နေထိုင်နိုင်ရန် ပိုမိုနီးစပ်လာပြီဖြစ်ကြောင်း UK ရှိ Bristol University က ထုတ်ပြန်ကြေညာသည်။ ကုသမှုပုံစံမှာ တိုးတက်မှုတွေရှိလာပြီးတဲ့နောက် HIV ဆေး သောက်နေရတဲ့ လူငယ်လူရွယ်တွေဟာ သာ မန် လူတွေလို လူ့ ဘ၀ကို သက်တမ်းစေ့နေထိုင်နိုင်တော့ မှာဖြစ်ပါတယ်။

 အခုအချိန်မှာ အသက် ၂၀ ရှိနေ ပြီး ၂၀၁၀ လောက်ကစပြီးတော့ ART ဆေး သောက်ရသူများဟာ ၁၉၉၆ ခုနှစ်က ART ဆေး စသောက်ခဲ့ သူတွေထက် အသက် ၁၀ နှစ် ပိုပြီး ရှင်သန်နိုင်မှာဖြစ်ပါတယ်။ HIV ကူးစက်ခံရပြီဆိုတာနဲ့  အမြန်ဆုံး ဆေးသောက်ခွင့်ရရင် အသက်ရှင်သန်နေထိုင်နိုင်ခွင့်လည်း ပိုလာမှာဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။ ကိုယ့်မှာ HIV ကူးစက်ခံနေရပြီဆိုတာ အချိန်မီမသိကြသူတွေ အများကြီး ကျန်ရှိနေပါတယ်။ အခု ဆေးဝါး အသစ်တွေကို အသုံးပြုနေပါတယ်။ ဘေးထွက်ဆိုးကျိုးနည်းပါးပြီး ဗိုင်းရပ်က ခန္ဓာကိုယ်အနှံ့ ကို ပျံ့ မသွား အောင် တားဆီးကာကွယ်နိုင်စွမ်းလည်း ပိုကောင်းပါတယ်။

 ဒါ့အပြင် ဗိုင်းရပ်အနေနဲ့  ဆေးကိုပြန်လည် ခုခံ တိုက်ခိုက်ဖို့ လည်း ပိုခက်လာပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။ HIV လူနာများကို ဆေးဝါးကုသမှုပေးရာဝယ် မူးယစ်ဆေးဝါးကို သွေးကြောမှ တစ်ဆင့် ထိုးသွင်းသူများ သည် ခန့် မှန်းထားသည့်နှစ်အပိုင်းအခြားအထိ ရှင်သန်လေ့မရှိကြောင်း၊ ART ကုထုံးတွင် HIV ဗိုင်းရပ် ဆက်လက်မပြန့် ပွားနိုင်အောင်တားဆီးပေးသည့် ဆေး ၃ မျိုးနှင့်အထက်ကို ပေါင်းစပ်ထားခြင်း ဖြစ်ကြောင်း၊ လူနာတစ်ဦးနှင့်တစ်ဦး၏ အခြေအနေပေါ်မူတည်၍ မည်သည့်ဆေး သုံးမျိုးကို ပေါင်းစပ်ရန် မှ ကွဲပြားမှုရှိ နိုင်ကြောင်း သိရသည် ။ လေ့လာဆန်းစစ်မှုများအရ ၂၀၀၈ မှ ၂၀၁၀ အတွင်း ဆေးကုသမှုစတင်ခံယူခဲ့သူများသည် ၁၉၉၆ မှ ၂၀၀၇ အတွင်း ဆေးကုသမှုခံယူခဲ့သူများထက် အသက်ပိုရှည်ကြောင်း၊ ထို့ ကြောင့် နောက်ပိုင်းတွင် အသစ်ထုတ်လုပ်လိုက်သော HIV ဆေးဝါးများနှင့် ၄င်းတို့ ကို ပေါင်းစပ်အသုံးပြုပုံတို့ ကြောင့် HIV လူနာများ၏ ဘ၀သက်တမ်းလည်း မြင့်မား လာခြင်းဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ