ကမ္ဘာမြေကြီးကို ကာကွယ်ရန် စက်ဘီးပြောင်းစီးကြရန် ဂျာမနီ သုတေသီတစ်ဦးက တိုက်တွန်း


ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကောလိပ်မှ မာသီးယပ်စ်ဂျုက ကမ္ဘာမြေကြီးအား ထိန်းသိမ်းကာကွယ်ရန်အတွက် ရုပ်ကြွင်းလောင်စာ အသုံးပြုသည့် မော်တော်ယာဉ်များ အစား စက်ဘီးပြောင်းစီးကြရန် မေလ(၂၂)ရက်နေ့က တိုက်တွန်းပြောကြားသွားခဲ့သည်။ မာသီးယပ်စ်က ဥရောပ နိုင်ငံများအနေဖြင့် မြို့တွင်းသွားလာရေး၌ အများပြည်သူသွားလာရေးအတွက် စီစဉ်ပေးထားသော မော်တော်ယာဉ်များ (သို့မဟုတ်) စက်ဘီးကို အသုံးပြုကြရန် တိုက်တွန်းခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

`မာသီးယပ်စ်ကိုယ်တိုင်လည်း နေအိမ်မှ ကောလိပ်သို့ သွားရာတွင် စက်ဘီးကို အသုံးပြုနေခြင်း ဖြစ်ပြီး ဘာလင်မြို့သူ မြို့သားများအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကောလိပ်မှ ဘုတ်အဖွဲ့ဝင် တစ်ဦးဖြစ်သူ မာသီးယပ်စ်မှာ စက်ဘီးစီး၍ ကျောင်းသွားကျောင်းပြန်လုပ်နေခြင်းကို အံ့သြသင့်နေ ကြကြောင်းလည်း သိရသည်။ မာသီးယပ်စ်အနေဖြင့် ငွေကြေးပြည့်စုံတစ်ဦး ဖြစ်ပြီး နောက်ဆုံးပေါ် မော်တော်ယာဉ်များကို အသုံးပြုနိုင်သော်လည်း ကမ္ဘာမြေကြီးအား ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် လုပ်ဆောင်သင့်သည့်အရာကို ရှေ့ဆောင်လမ်းပြအနေဖြင့် ဆောင်ရွက်ပြရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

မာသီးယပ်စ်သည် ဘယ်လ်ဂျီယံနိုင်ငံ့ ဘရုဆဲလ်မြို့ အခြေစိုက် Climate Action Network Europe အဖွဲ့အစည်းတွင်လည်း ဒါရိုက်တာ တစ်ဦးအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး မာသီးယပ်စ်က “ကျွန်တော်တို့မိသားစုမှာလည်း မိသားစုအတွက် အသုံးပြုတဲ့ ဇိမ်ခံကားရှိပါတယ်၊ ဒါပေမယ့် ဒီကားကို ကျွန်တော် ကိုယ်တိုင်မောင်းတာ ရှားပါတယ်၊ ကျွန်တော့် ဇနီးကပဲ မောင်းလေ့ရှိပါတယ်၊ ပြီးတော့ ဒီကားကို တော်ရုံခရီးလောက်နဲ့ အသုံးမပြုပါဘူး၊ ကြာကြာနေမှ တစ်ခါလောက် ကားကို အသုံးပြုတာပါ၊ များသောအားဖြင့်သော စက်ဘီးပဲ သုံးတာများပါတယ်” ဟု ပြောကြားသွားခဲ့သည်။ မာသီးယပ်စ်က နိုင်ငံအလိုက် စက်ဘီးစီးသူ မြင့်မားလာစေရေးကို အာဏာပိုင်များကလည်း တိုက်တွန်းသွားသင့်ကြောင်း ထုတ်ဖော်ပြောကြား သွားခဲ့သည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ