ကလေးအ၀လွန်ခြင်း ပိုမိုဖြစ်ပွားလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောကြား


ကလေးအ၀လွန်ခြင်းသည် မျက်မှောက်ခေတ်၏ ကူးစက်ရောဂါတစ်ခုဖြစ်လာပြီး ကမ္ဘာတစ်ဝန်းတွင်လည်း အကြီးမားဆုံးသော ပြည်သူ့ ကျန်းမာရေးစိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည့်အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့  က ထုတ်ပြန်ကြေညာသည်။အရပ်၊အသက်၊လိင်နှင့် ကိုယ်အလေးချိန်ကို အချိုးကျတွက်ပေးသည့် BMI ညွှန်းကိန်း 95 အထက် ကလေးများသည် အ၀လွန် သူများဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် BMI 95 အထက် ကလေးဦးရေမှာ
နှစ်စဉ်များသည်ထက် များလာခဲ့ရာ ၂၁ ရာစု၏ အကြီးဆုံးကလေးရောဂါဟု သတ်မှတ်ရမည့်အခြေအနေ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ၁၉၉၅ မှစတင်ကာ စဉ်ဆက်မပြတ် မှတ်တမ်းတင်စောင့်ကြည့်လေ့လာမှု များအရ အသက် ၁၀နှစ်မှ ၁၁ နှစ်အရွယ်ကလေးများအနက် ၁၉ ရာခိုင်နှုန်းထက်မနည်းမှာ အ၀လွန်သူ များ ဖြစ်နေသည်ကိုတွေ့ ရကြောင်း၊ ထို့ ထက်ငယ်ရွယ်သည့်ကလေးငယ်များတွင်ပင် အ၀လွန်သူဦးရေမှာ ကြောက်ခမန်းလိလိဖြစ်နေသည်ကို တွေ့ ရှိရခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိကိန်းဂဏန်းများအရ ကလေး ၃ ဦးလျင် ၁ ဦးနှုန်းသည် ကျန်းမာသည့်ကိုယ်အလေးချိန်ထက် ပိုနေသူ သို့ မဟုတ် အ၀လွန်နေသူ ဖြစ်နေကြောင်း၊ အချိန်မှီ ကူညီကုသမှုမပြုပေးနိုင်ပါက ၄င်းကလေး ငယ်များအနက် ၈၅ ရာခိုင်နှုန်းထက်မနည်းမှာ အ၀လွန်သူများအဖြစ် ကြီးပြင်းလာကြမည်ဖြစ်ကြောင်း
သိရသည်။ ၁၉၈၀ ပြည့်လွန်နှစ်များက တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၀သည့်ကလေးဦးရေမှာ ၅ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ၄င်းတို့ အနက် အ၀လွန်သည်ဟုသတ်မှတ်နိုင်သည့်ကလေးဦးရေမှာလည်း ၂ ရာခိုင်နှုန်းသာရှိခဲ့ ကြောင်း၊ ၁၉၉၀ နောက်ပိုင်း ကယ်လိုရီများသောအစားအစာနှင့်အချိုရည်များထွက်ပေါ်လာခြင်း၊ ဖုန်း၊ တက်ဘလက်၊ ရုပ်သံ ယဉ်ကျေးမှုလွှမ်းမိုးခံရပြီး ကလေးသူငယ်များ ကိုယ်လက်လှုပ်ရှားမှု နည်းပါးကုန် ခြင်း တို့ သည် ကလေးအ၀လွန်ခြင်း၏နောက်ကွယ်မှ အဓိကကျသည့်အကြောင်းရင်းများဖြစ်နိုင်ကြောင်းသိရသည်။ ထို့ ကြောင့် ကလေးများ သင့်တင့်မျှတသည့်အစားအစာများစားသောက်နိုင်ရေး၊ ကိုယ်လက်လှုပ်ရှားမှုကို မှန်ကန်ကောင်းမွန်စွာ ပြုလုပ်နိုင်ရေး၊ အရပ်အမောင်းနှင့်ခန္ဓာကိုယ်အချိုးအစား ညီညွှတ်မျှတနိုင်ရေးတို့  အတွက် တာဝန်ရှိသူများက အလေးပေးဆောင်ရွက်ရန်လိုအပ်ပြီး အ၀လွန်ကလေးဦးရေကို အမြန်ဆုံး ထိရောက်စွာ လျှော့ချနိုင်ရန် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ