လေထုညစ်ညမ်းမှုနှင့် နှလုံးရောဂါဖြစ်ပွားမှု ဆက်နွယ်နေ


လေထုညစ်ညမ်းမှုဖြစ်ပေါ်ရာတွင် အလွန်သေးငယ်သည့်အမှုန်များသည် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် အဆုပ်ထဲသို့ ရောက်ရှိပြီး အဆုပ်တွင်းဆံခြည်မျှင်သွေးကြောများမှတစ်ဆင့် သွေးလည်ပတ်မှု စံနစ်ထဲသို့ ရောက်ရှိကာ နှလုံးကိုထိခိုက်စေနိုင်သည်ကို တွေ့ ရှိရကြောင်း UK သုတေသီများက ထုတ်ပြန် ကြေညာသည်။

အဆိုပါအမှုန်ငယ်များသည် သွေးကြောထဲတွင် များသည်ထက်များလာပြီး နှလုံးသွေးကြောများအတွင်း သွေးစီးဆင်းမှုကို အနှောက်အယှက်ပေးကာ နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို မြင့်မားစေခြင်းဖြစ်ကြောင်း၊ သုတေသီများသည် အလွန်သေးငယ်သည့် ရွှေမှုန်များကိုအသုံးပြုကာ လေထုညစ်ညမ်းရာတွင် ပါလာလေ့ ရှိသည့် အမှုန်ငယ်များကြောင့် နှလုံးရောဂါကိုဖြစ်ပွားစေနိုင်ခြင်း၊ လေဖြတ်စေနိုင်ခြင်း အစရှိသည့် ဆက်နွယ်မှုများကို စူးစမ်းလေ့လာဖော်ထုတ် နေခြင်းဖြစ်ကြောင်း သိရသည်။

UK တွင် လေထုညစ်ညမ်းမှုနှင့်ဆက်နွယ်သည့်ဝေဒနာများခံစားရကာ အချိန်မတိုင်ဘဲ၊ လူ့ ဘ၀ကို သက်တမ်းစေ့မနေရဘဲ သေဆုံးသူဦးရေမှာ နှစ်စဉ် ၄၀၀၀၀ ဦးထက်မနည်း ရှိကြောင်း၊ လေထုညစ်ညမ်း မှုသည်လည်း နှစ်စဉ် ပို၍ဆိုးလာနေချိန်ဝယ် နှလုံး၊အဆုပ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပွားသေဆုံးသူဦးရေသည်လည်း တိုးလာမည်မှာ မုချပင်ဖြစ်ကြောင်း၊ ထို့ ကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်စေသည့် အမှုန်များ အဆုပ်မှတစ်ဆင့် သွေးကြောထဲသို့ ရောက်ရှိပုံနှင့် နှလုံးကိုထိခိုက်စေနိုင်ပုံတို့ ကို စနစ်တကျပြန်လည်လေ့လာကာ လူသားများကို ဆေးပညာဖြင့် အကောင်းဆုံးအကူအညီပေးနိုင်မည့် နည်းလမ်းကို UK သုတေသီများက ရှာဖွေကြံဆနေရခြင်းဖြစ်ကြောင်း သိရသည်။ လေထုညစ်ညမ်းတဲ့အခါ လူတွေက ပါးစပ်နဲ့ နှာခေါင်းကိုအုပ်ပေးတဲ့ မျက်နှာဖုံးတွေ တပ်ဆင်ကြပါတယ်။ အိမ်ထဲနေသူတွေကလည်း ပြူတင်းပေါက်တွေပိတ်ပြီး လေအေးပေးစက်တွေ ဖွင့်ပြီးတော့ နေကြပါတယ်။

ဒါပေမယ့် အဲဒီလိုလုပ်တာဟာ အတော်အတန်ကြီးတဲ့အမှုန်တွေကိုပဲ ကာကွယ်နိုင်ပါတယ်။ လေထုထဲမှာ သာမန်မျက်လုံးနဲ့ မမြင်နိုင်တဲ့ အလွန်သေးငယ်တဲ့ နာနိုအဆင့်အမှုန်လေးတွေ ရှိပါတယ်။ အဲဒီအမှုန်ကို ခန္ဓာကိုယ်ကလည်း စစ်ထုတ်မထားနိုင်သလို အဆုပ်ဆံခြည်မျှင်သွေးကြောတွေထဲ ရောက်မသွားအောင် လည်း မဟန့် တားနိုင်ပါဘူး။ အထူးသဖြင့် ဒီဇယ်အင်ဂျင်တွေကနေထွက်တဲ့မီးခိုးငွေ့ မှာ အဲဒီလိုအမှုန်တွေ ပါပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။ လေထုညစ်ညမ်းမှုကြောင့် နှလုံးရောဂါဖြစ်ပွားသည်အထိ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း သိရှိရပြီ ဖြစ်သော်လည်း ဆက်လက်ဖြစ်ပေါ်နေဆဲ လေထု ညစ်ညမ်းမှုများအား ထိရောက်စွာ ကိုင်တွယ်လျှော့ချနိုင် ရန် နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ