နည်းစနစ်မှန်လျင် ကယ်လိုရီလျှော့ကာစားသုံးလျင်လည်း ဗိုက်ပြည့်သည့် အကျိုးကိုရရှိနိုင်


ကမ္ဘာတစ်ဝန်း ကိုယ်အလေးချိန် တက်နေကြရာဝယ် ကိုယ်အလေးချိန် မတက်အောင် ဆက်လက် ထိန်းထားနိုင်ရန် ၊ တက်ပြီးသားကိုယ်အလေးချိန်ကို ပြန်ချနိုင်ရန် အစားအစာနှင့် အာဟာရတို့ ကို စနစ်တကျတွက်ချက်ကာ မျှတအောင် စားသုံးရာဝယ်  ကယ်လိုရီလျှော့ကာ စားသုံးလျင်လည်း နည်းစနစ်မှန်လျင် ဗိုက်ပြည့်သည့်အကျိုးကို ရရှိနိုင်မည်ဖြစ်ကြောင်း အမေရိကန်သုတေသီများ ကပြောသည်။

ကယ်လိုရီနည်းတဲ့ အစားအစာတွေကို များများစားပေးပြီး ကိုယ်အလေးချိန်ကိုလျှော့ချနိုင်ပါတယ်။
အစားအစာတစ်မျိုးမှာ ပါဝင်တဲ့အားကို ကယ်လိုရီနဲ့ ရေတွက်ရပါတယ် ။ အားများလေ ကယ်လိုရီ များလေ ဖြစ်ပြီး အားနည်းလေကယ်လိုရီ နည်းလေ ဖြစ်ပါတယ် ။ ကိုယ်အလေးချိန်ချချင်တဲ့အခါမှာ အားပါဝင်မှုနည်းတဲ့ အစားအစာတွေကို ရွေးချယ် စားသုံးရမှာဖြစ်ပါတယ် ။

 အားပါဝင်မှုနည်းတဲ့၊ ကယ်လိုရီနည်းတဲ့ အစားအစာတွေဆိုတဲ့အတိုင်း ဗိုက်ထဲမှာအဆာမခံပါဘူး ။ ဒီတော့ အဲဒီ ကယ်လိုရီနည်းတဲ့ အစားအစာတွေကို မကြာခဏစားပေးရပါတယ်။ အဲဒီနည်းနဲ့  ကယ်လိုရီနည်းတဲ့ အစားအစာတွေကိုစားပြီး ဗိုက်ပြည့်နေပေမယ့် ကိုယ်အလေးချိန်ကျတဲ့ စနစ်ဖြစ်ပါတယ်။

ကိုယ်အလေးချိန်ကျ ချင်လို့  ဘာမှမစားဘဲ ၊ အစားလျှော့စားပြီး ကိုယ့်ကိုယ်ကိုယ် ဆာလောင် မွတ်သိပ်စေတာဟာ မှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူးဟု သုတေသီတစ်ဦးကပြောပြသည် ။ ဥပမာအားဖြင့် စပျစ်ခြောက်သည် စပျစ်သီးထက် ကယ်လိုရီပိုများကြောင်း ၊ စပျစ်ခြောက် ၁ ခွက်တွင် ၄၃၄ ကယ်လိုရီထက်မနည်းရှိကြောင်း ၊ စပျစ်သီးတစ်ခွက်တွင် ၈၂ ကယ်လိုရီသာပါရှိကြောင်း ၊ သို့ သော် ဗိုက်ဆာနေချိန်တွင် စပျစ်ခြောက်တစ်ခွက်စားလိုက်လျင် ဗိုက်ပြည့်မည်မဟုတ်ကြောင်း ၊ သို့ သော် ကယ်လိုရိကား များသွားမည် ဖြစ်ကြောင်း ၊ ဗိုက်ဆာအောင်နေပါရဲ့ နှင့် အလေးချိန်တိုးမည့် သဘောဖြစ်ကြောင်း ၊ စပျစ်သီးတစ်ခွက်စားလိုက်လျင် ဗိုက်ထဲနေသာထိုင်သာဖြစ်သွားမည်ဖြစ်ကြောင်း ၊ သို့ သော် ကယ်လိုရီနည်းသည့်အတွက် ကိုယ်အလေးချိန် တက်မည်မဟုတ်ကြောင် ၄င်းက ဆက်လက် ရှင်းပြသည်။

ထို့ ကြောင့် ကယ်လိုရီနည်းသော်လည်း ဗိုက်တွင်နေ၍ အဆာခံကာ ကိုယ်အလေးချိန်ကျဆင်းစေရန် အထောက်အကူပြုသည်တို့ ကို ရွေးချယ်စားသုံးတတ်ရန် လိုအပ်ကြောင်း ၊ ရေဓါတ်ပေါကြွယ်ဝသော အသီးအနှံများဖြစ်သည့် ရှောက်ခါးသီး ၊ မုန်လာဥ ၊ အမျှင်ပါသောအသီးများ ၊ ဟင်းသီးဟင်းရွက်များ အစရှိသည်တို့ ကို စားသုံးသင့်ကြောင်း၊ ၄င်းတို့ သည် အမျှင်ဓါတ်ပေါကြွယ်ဝသည့်အတွက် ဗိုက်ထဲတွင် အဆာခံပြီး ကယ်လိုရီပါဝင်မှုလည်း နည်းကြောင်း ဗိုက်ပြည့်နေစေမည်ဖြစ်ပြီး အဆီတက်မည် မဟုတ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ