မိတ်ပေါက်ရင် လိုက်နာသင့်သည်များ


နွေရောက်တာနဲ့ ၊ အရေပြားပေါ်မှာ မိတ် ( Heat prick )တွေက၊ ကလေးရော လူကြီးမှာ ပါပေါက်လာကြတယ်။ ယားယံတာ၊ တစစ်စစ် ထိုးနေသလို၊ မခံချိမခံသာ ဖြစ်ရတာ၊ ကုတ်ဖဲ့မိရင် မသန့် တဲ့လက်တွေကြောင့်၊ အနာအဆာတွေဖြစ်တဲ့အထိ၊ ခံစားရတာ တွေ့ရတယ်။
လူ့အရေပြားက၊ ပြင်ပရာသီဥတုဒဏ်၊ နေရောင်ခြည်ထဲက ခရမ်းလွန်ရောင်ခြည်၊ ဓါတုပစ္စည်းတွေနဲ့ ရောဂါပိုးတွေ၊ ကိုယ်ခန္ဓာထဲ မဝင်ရောက်နိုင်အောင်၊ ကာကွယ်ပေးထားတယ်။ ကိုယ်တွင်းအပူချိန်
ကို၊ထိန်းညှိပေးဘို့ဥပမာသိပ်ပူပြင်းလာရင်၊ချွေးထွက်ပေးခြင်းအားဖြင့်ကိုယ်လုံးကိုအေးမြသွားစေတယ်။

#အနီပြင်ဖြစ်လာစေတဲ့ မိတ်ပေါက်ခြင်း

ပူပြင်းတဲ့နွေရာသီရောက်လာရင်၊ အရေပြားပေါ်မှာ အဖုသေးသေးလေးတွေ အပြင်လိုက်ဖြစ်စေအရည်ကြည်ပါတဲ့ မိတ်ဖုသေးသေးလေးတွေ၊ တကိုယ်လုံးရှိ အရေပြားတွေပေါ်မှာ အစီအရီပေါက်လာ
တယ်။ အကြည့်ရမဆိုးလှပေမဲ့၊ တစစ်စစ်ကိုက်တာ၊ မခံမရပ်နိုင်အောင် ယားယံတာ၊ အကောင်လေး တစ်ကောင်ကောင် အရေပြားပေါ် ပြေးလွှားနေသလို၊ ရွစိရွစိ ခံစားရတာတွေက၊ ကလေးတွေမှာ အနေ ရခက်လို့၊ ငိုနေစေသလို၊ လူကြီးတွေမှာတော့ တဗျင်းဗျင်း ကုတ်နေစေပါတော့တယ်။ မိတ်အပေါက်များတဲ့နေ
ရာတွေကတော့၊ နေရောင်နဲ့ အထိတွေ့များတဲ့ လက်ချောင်း လက်ဖျံ လက်မောင်းတွေပေါ်၊ မျက်နှာ၊လည်ပင်း၊ ကျောပြင်နဲ့ ခြေသလုံးတွေပေါ်မှာ၊ အပြင်လိုက် အကွက်လိုက်ပေါက်တတ်ကြတယ်။
ဒါ့အပြင် ခပ်ကြပ်ကြပ်ဝတ်တတ်တဲ့၊ သူတွေမှာတော့ ပူလောင်နေတတ်တဲ့ ဗိုက်ပြင်တွေ၊ ပေါင်ခြံဧရိယာ၊ ပေါင်အတွင်းပိုင်း၊ တင်ပါးပေါ် နဲ့ ရင်ဘတ်ပေါ်တွေမှာပါ မိတ်ပေါက်ကြလို့၊ ချွေးနဲ့ထိလေ၊
စပ်ပူစပ်လောင်နဲ့ ကသိကအောက် ခံစားရပါတယ်။ .မိတ်တွေကို လေးမျိုးတောင်ခွဲနိုင်သေးတယ်။

(၁) တွေ့နေကြ မိတ်ဖူးသေးလေးတွေနဲ့ အရည်ကြည်ဖုသေးလေးတွေ (clear heat rash)
အများစု အဲလိုမိတ်ပေါက်ကြပေမဲ့၊ သိပ်မပြင်းထန်လို့ လူကို ဒုက္ခ သိပ်မပေးကြဘူး။ ရာသီဥတု
အေးလာရင်၊ သူ့အလိုလို ပျောက်သွားကြမှာပါ။

(၂)အနီရောင် မိတ်ပြင်ထူထူကြီးတွေ ( Red heat rash)
ကလေးလူကြီးတွေမှာ အပေါက်များတဲ့၊ ဒီအမျိုးအစားက၊ လက်တပြင်လုံး၊ ခြေသလုံး
ကျော ,ရင် ဘတ် နဲ့ ဗိုက်တပြင်လုံး နီရဲ ထူထဲစွာ ပေါက်တတ်တယ်။ တအားယားယံလို့၊ ကုတ်ခြစ်မိ
ရာက၊လက်မသန့်ရင်အနာအဆာတွေပါ ဖြစ်စေပါသေးတယ်။ချွေးနဲ့(သို့) ရေနဲ့ ထိရင်၊ စပ်ဖြင်းဖြင်းနဲ့၊ အနေရခက်ပါတယ်။

(၃) အဝါရောင်ပြည်ဖုသေးသေးလေးတွေပါတဲ့မိတ် အစုအဝေး( white/ yellow heat rash)
ဒါကတော့ မိတ်ရိုးရိုးမဟုတ်တော့ဘဲ၊ အရေပြားမှာပါ၊ ပိုးဝင်လို့ ပြည် တည်လာလို့ အဝါရောင်အဖုအလုံးသေးလေးတွေ၊ ဖြစ်လာတာပါ။ အနာအဆာအကြီးကြီးတွေအထိ ဖြစ်မလာအောင်၊ ပိုးမွှားတွေ
ပိုပျံ့ပွားမလာအောင်၊ နိးစပ်ရာ ဆေးရုံဆေးခန်းပြသသင့်ပါတယ်။

(၄) အနာစိမ်း လို၊ မိတ်အိုင်း ( Deep heat rash)
ဒီလို မိတ်ထွက်တာကတော့ ခဏတိုင်းမိတ်ပေါက်တာရယ်၊ချွေး အိတ်ဂလင်းတွေနဲ့ နီးစပ် ရာအရေပြားတွေက မကြာခဏ ရောင်ရမ်းနေရတာကြောင့် အရေပြားအတွင်းထဲအထိ၊ ပြောင်းလဲမှုတွေ
ဖြစ်လာကာ၊ အနာအိုင်းတွေအထိ ဖြစ်လာရတယ်။ အပူဒဏ်နဲ့ထိတွေ့အပြီးမှာနဲ့ လေ့ကျင့်ခန်း ပြုလုပ်
အပြီးမှာ၊ အဲဒီအနာမိတ်အိုင်းတွေ ၊ ပေါ်လာတာတွေ့ရတယ်။
မိတ်ဘာကြောင့် ဖြစ်ရသလဲအပူဒဏ်ကြောင့်၊ ချွေးတွေ ထွက်လာရင်း၊ ချွေးအိတ်ဂလင်းတွေ ပိတ်ဆို့ရာက မိတ်ပေါက်တာဖြစ်
လာရတယ်။ဖြစ်စေတာတွေကတော့၊ လည်ပင်း၊ ရင်ဘတ် ,ဝမ်းဗိုက်, ခါးပတ်လည်၊ ချိုင်းနဲ့ပေါင်ခြံဧရိယာ
တွေမှာ၊ တင်းကြပ်တာတွေဝတ် ဆင်ရင်၊အရေပြားချင်းပွတ်တိုက်ပြီး ချွေးတွေ အငွေ့ပြန်ဘို့ဟန့်တားစေရာက၊ အပူကြောင့် မိတ်ပိုပေါက် လာတယ် ။
အဝတ်တွေထူထူထဲထဲ ဝတ်ဆင်ရင်လည်း ၊ ချွေးတွေက အငွေ့ပျံခြောက်သွေ့ရမဲ့အစား၊အရေပြားပေါ်မှာပဲ၊ ချွေးတွေစိုရွှဲနေစေတယ်။
အသားလှ/ ချော အဆီတွေ cream တွေ မိတ်ကပ်တွေ ၊ အလိမ်းများရင်ဖြစ်စေ၊ အသားကပ်ဘောင်း ဘီတွေ,ပတ်တီးတွေ ဝတ်ဆင် စည်းနှောင်ထားရင်ဖြစ်စေ၊ ချွေးပေါက်တွေ ပိတ်ဆို့စေပြီး၊ မိတ်
ပိုထွက်လာစေတယ်။
မိတ်အပေါက်ဆုံး ဒုက္ခအပေးခံရဆုံးလူတွေ
မွေးကင်းစနဲ့ တစ်နှစ် အထိအရွယ်ကလေးတွေ၊ အသက်ကြီးလွန်းသူတွေ၊ အပူပိုင်း နဲ့ စွတ်စိုထိုင်းမှိုင်းတဲ့ဒေသမှာ နေထိုင်သူတွေ၊ နေပူစပ်ခါး လွင်တီးခေါင်မှာ အလုပ် လုပ်သူတွေက၊ အထက်ပါ
မိတ်အမျိုးမျိုး ပေါက်ဘို့ အခွင့်အလမ်း များပါတယ်။ မီးဖို အနီး အလုပ်လုပ်ရသူတွေ၊ အိပ်ယာထဲအ
ကြာကြီး လှဲနေရသူတွေ၊ ပူတဲ့ကာလမှာအဝတ်အစား အားလုံးတင်းကြပ်စွာ ဝတ်ဆင်သူတွေ၊ အဝလွန်သူအိုဗာဝိတ် သမားတွေမှာ၊ မိတ်ပေါက်လွယ်ပါတယ်။
ကလေးပေါက်စနလေးတွေအတွက်၊ အန္တရာယ်ကလေးငယ်လေးတွေမှာ၊ ချွေးဂလင်းတွေက မဖွံ့ဖြိုးသေးတဲ့အတွက်၊ ချွေးအဖြစ် မထုတ်ပေးနိုင်သေးသလို၊ အပူဒဏ်ကိုလည်း မခံနိုင်သေးဘူး။ အဖျားတက်နေရင်၊ သို့မဟုတ်အေးတယ်ထင်ပြီး အဝတ်
ထူတွေ နဲ့အတင်းထုတ်ထား ခြုံထားပေးရင်၊ ကလေးငယ်လေးတွေမှာ အပူကြီးပြီး မိတ်တွေပေါက်တာ
အပြင် တက်ချက်(fits) တာတွေပါဖြစ်လာစေပါတယ်။

#ကုသခြင်း

လူကို စိတ်အနှောင့်အယှက်ပေးကာ၊ ယားယံစေတာကလွဲလို့၊ တခြားဆိုးကျိုးမပေးတဲ့၊ မိတ်ပေါက်တာတွေအတွက်၊ အထူးတလည်ဆေးကုသစရာတောင် မလိုပါဘူး။ ကုတ်ဖဲ့မိလို့ နောက်ထပ် ပိုးဝင်ရောင်ရမ်းမှုမဖြစ်အောင်၊ ရေနေ့စဉ် တစ်ခါ နှစ်ခါ ရေချိုးသန့်စင်ပေးခြင်း၊ တကိုယ်ရေသန့်ရှင်း ရေး
ဂရုစိုက်ခြင်း၊ လက်သည်းရှည်မထားခြင်း၊ အယားသက်သာတဲ့ ဆေး( ကာလာမင်း၊ ပီဘီ ကာလာမင်း၊ကာလာပရို ၊ စတဲ့ ) လိမ်းဆေး မကြာခဏ လိမ်းကျံပေးခြင်း ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင်၊ ပူတဲ့ရာသီမှာ
ကိုယ်ခန္ဓာကို အေးနေအောင် ဖန်တီးပေးလိုက်ရင်၊ ရက်အနည်းငယ်အတွင်း မိတ်တွေ အလိုလို ပျောက်ကင်း သွားမှာပါ။

#မိတ်မပေါက်အောင်၊ မိတ်ပေါက်ရင်တောင် အပေါက်နည်းအောင်၊ အောက်ပါတို့ လုပ်ပေးနိုင်တယ်။
(၁) အပူ ဒဏ်နဲ့ စိုထိုင်းပူအိုက်မှုနည်းပါးအောင်၊ အပြင်ထွက်ရင် ထီး ဦးထုပ် ,ခမောက်ဆောင်းပါ။
ဖြစ်နိုင်ရင် အပူအအိုက်သက်သာအောင်၊ ပန်ကာသေးသေးလေး ယူဆောင်သွားပါ။ ပူတဲ့ရာသီမှာ ရေနဲ့၊
လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေ ပိုမိုသောက်ပေးသင့်တယ်။ အရက်နဲ့ အရက်ပါတဲ့ အရည်တွေကို
ရှောင်ကျဉ်သင့်တယ်။ တတ်နိုင်သမျှ အချိန်အနည်းငယ်သာ၊ နေရောင်ထဲနေပါ။ အရိပ်အောက်မှာ အချိန်
များများနေထိုင်နိုင်ဘို့၊ အမြဲသတိထားပေးပါသင်္ကြန်တွင်းအပြင်ထွက်သူတိုင်းအဲဒါတွေသတိရသင့်တယ်။
(၂) ချောင်ချိတဲ့ ချည်ထည်စစ်စစ် အဝတ်အထည်တွေကို အတွင်းခံကအစ၊ ၁၀၀% ချည်ထည်ပါတာ၊
ဝတ်ဆင်သင့်တယ်။ နိုင်လွန်ပေါ်လီစတားစတဲ့ ဓါတုပစ္စည်း အဝတ်အထည်တွေက၊ လေဝင်လေထွက်မ
ကောင်းပဲ၊ အပူကို လှောင်နေအောင်ဖြစ်နေစေလို့၊ မိတ်ပိုပေါက်စေတယ်။
(၃) တကိုယ်လုံးရှိ အရေပြားကို အေးမြနေအောင်ပြုလုပ်ပေးပါ။
ရေချိုးရင်ရေအေး နဲ့ရေ ချိုးပေးတာက၊ တကိုယ်လုံးကို၊ အေးမြလန်းဆန်းစေတယ်။ ချွေးထွက်
လည်း နည်းသွားစေတယ်။ ပူအိုက်တဲ့အချိန်တွေမှာ၊ လေအေးပေးစက်လေအေးပန်ကာ ရှိတဲ့အခန်း ထဲ
မှာ နေထိုင်အနားယူတာက၊ အပူဒဏ်ကနေ၊ အများကြီး သက်သာစေပါတယ်။ သိပ်ပူနေရင်ရေအေးဝတ်
၊ ရေခဲထုတ် ကပ်ပေးတာမျိုးကို မိနစ်၂၀ ထက်ပိုမကြာစေပဲ၊ ပြုလုပ်ပေးနိုင်တယ်။
(၄) လိမ်းဆေးလိမ်းခြင်း
ဘာမီတွန်လို အယားပျောက်ဆေးသောက်နိုင်သလို၊ ကာလာမီး လိမ်းဆေးတွေ မကြာခဏ လိမ်း
ကျံပေးခြင်းအားဖြင့်၊ အယား နဲ့ မိတ်ကိုက်တာ၊ စိတ်အနှောင့်အယှက်ပေးတာ၊ သက်သာစေပါတယ်။
ယားယံလာရင် မကုတ်ဘဲ၊ အဲဒီလိမ်းဆေးတွေ ထပ်လိမ်းပေးခြင်းအားဖြင့်၊ ကုတ်ဖဲ့ဒဏ်ရာတွေနဲ့၊
ဘက်တီး ရီးယား ပိုးဝင်မှာတွေကို၊ ကာကွယ်ပေးပါတယ်။
(၅) ကော်တီဆုန်း cortisone ပါတဲ့ လိမ်းဆေးများ
မအိပ်ရ မနားရအောင် အနှောင့်အယှက်ပေးတဲ့၊ အကြီးအကျယ် မိတ်ပေါက်သူတွေအတွက်၊ ဟိုက်
်ဒြိုကော်တီဆုန်းပါတဲ့၊ လိမ်းဆေးတွေကို ရှားရှားပါးပါး ညွှန်လေ့ရှိကြတယ်။ ဆရာဝန်မညွှန်ဘဲတော့
မသုံးသင့်ဘူး။ တကယ်ဆိုးရွားလွန်းလို့၊ လိမ်းရတယ်ဆိုရင်တောင်၊ အဲလိုလိမ်းဆေးတွေကို၊
မျက်နှာပေါ်မှာတော့ လုံးဝ မလိမ်းသင့်ဘူး။
(၆) အင်တီ ဟစ်စတာမင်း ဆေးဝါးများသောက်သုံးခြင်း
ယားယံတာပျောက်ကင်းသက်သာစေဘို့၊ ဟစ်စ်တာမင်းအထွက်နည်းစေတဲ့၊ အင်တီဟစ်စ်
တာမင်း ဆေးဝါး( ဘာမီတွန်၊ စီထရီဇင်း၊ လီဘို စီထရီဇင်း) စတာတွေကို၊ အယားအတော် ဆိုးရွားနေရင်
ဆရာဝန်ညွှန်ကြားရင်၊ ညွှန်တဲ့အချိန်တိုင်း သောက်ပေးနိုင်ပါတယ်။
ကလေးများနဲ့ အရေပြား မိတ်ပေါက်ခြင်း
ချွေးဂလင်းတွေ မဖွံ့ဖြိုးသေးတဲ့၊ ကလေးပေါက်စလေးတွေအတွက်၊ မိတ်ပေါက်ရင် အသက်အ
န္တရာယ်ကတော့ မရှိပေမဲ့၊ အနှီးနဲ့ တင်းကြပ်အောင်ထုတ်တာ၊ အဝတ်ထူစောင်ထူ ခြုံပေးတာ၊ အပြင်
ထွက်တိုင်းကလေးကိုပါခေါ်သွားတာတွေ ရှောင်ကျဉ်ဘို့၊ လိုအပ်တယ်။ နေ့တိုင်းရေချိုးပေးပြီး၊ ပူတဲ့
အချိန်တွေမှာ၊ ချိုးင်းကြား၊ လည်ပင်းနဲ့ ပေါင်ခြံကြားတွေမှာ၊ ရေအေးဝတ်ကလေးတွေနဲ့ မကြာခဏ
ရေပတ်တိုက်ပေးဘို့ လိုအပ်ပါတယ်။ ကာလာမင်းလိမ်းဆေးတွေကိုတော့၊ လူကြီးတွေမှာ၊ သုံးသလို
လိမ်းပေးနိုင်တယ်။ စားဆေးတော့ပေးဘို့ မလိုပါဘူး။ ကလေးလူကြီးမရွေး ယားယံစေတဲ့၊
မိတ်အပေါက်နည်း အောင် အထက်ပါအတိုင်းလိုက်နာဘို့၊ တိုက်တွန်းလိုက်ပါတယ်။

ဒေါက်တာ မြမြချယ်
ကလေးအထူးကု ဆရာဝန်ကြီး
Health Guide
https://www.facebook.com/mmhealthguide/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ