ပန်းသီးတွေကို နေ့စဉ်စားပေးသင့်တဲ့ အကြောင်းအရင်းများ


 ၂၀၀၈ခုနှစ်ခန့်က ဂျာမန်ကင်ဆာရှာဖွေရေးစင်တာရဲ့ရှာဖွေတွေ့ရှိချက်အရ ပန်းသီးတစ်လုံးရဲ့အာနိသင်ဟာ ကျန်းမာရေးအတွက် အတော်လေးကို အထောက်အကူပြုနေတာကို တွေ့ရှိလာခဲ့ပါတယ်။

 သူတို့ရဲ့စမ်းသပ်မှုမှာ တစ်နေ့ကို ပန်းသီးတစ်လုံးထက်ပိုစားသူများက လုံးဝကို မစားသုံးသောလူများထက် ကျန်းမာရေးမှာ ခေါင်းတစ်လုံးသာနေကြောင်း တွေ့ရှိခဲ့ရပါတယ်။ ထပ်မံတွေ့ရှိချက်ကတော့ ပါးစပ်ကင်ဆာ ၊ ရင်သားကင်ဆာ ၊ ကျောက်ကပ်ကင်ဆာ ၊ လည်ချောင်းကင်ဆာ ၊ အူမကြီးကင်ဆာစတဲ့ ကင်ဆာအမျိုးမျိုးရဲ့ဒဏ်ကိုလည်း လျော့ပါးသွားစေနိုင်အောင် ပန်းသီးက လုပ်ဆောင်ပေးနိုင်ပါတယ်။

 Cornell တက္ကသိုလ်ရဲ့စစ်ဆေးရှာဖွေမှုအရ ပန်းသီးတစ်လုံးရဲ့အခွံမှာ Antioxidant ပါဝင်မှုမြင့်မားတာကြောင့် အမျိုးသမီးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ရင်သားကင်ဆာရောဂါအန္တရာယ်မှ အကောင်းဆုံးဟန့်တားပေးနိုင်ပါတယ်။ ပန်းသီးတစ်လုံးမှာ Antioxidant ဓါတ်များများပါဝင်လေ ကင်ဆာဆဲလ်တွေကို ကိုယ်အတွင်းမပျံနိုင်အောင် တားဆီးပေလေလေပါပဲ။

ဒါကြောင့် ပန်းသီးဟာ ကင်ဆာဆဲလ်တွေကို တိုက်ခိုက်ပေးနိုင်တဲ့ အသီးဝလံဖြစ်နေလို့ နေ့စဉ်စားသုံးဖို့ လိုအပ်တာပဲ ဖြစ်ပါတော့တယ်။

( Vitamin )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : Ba-Bamail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ