လေဖြတ်နိုင်ခြေ ရှေ့ပြေး နိမိတ်များ (၆) ချက်


လေဖြတ်ရောဂါဟာ ကမ္ဘာပေါ်မှာ လူသေဆုံးမှု ဒုတိယအများဆုံး ရောဂါဖြစ်တယ်။ လေဖြတ်မယ့်ရှေ့ပြေး နိမိတ်တွေ သိထားရင် ကြိုတင်ကာကွယ်ခြင်းဖြင့် လေဖြတ်ရန်မှ ကင်းဝေးနိုင်မှာပါ။

လေဖြတ်ခြင်းမှာ ပုံစံနှစ်မျိုးရှိတယ်။ ပထမတစ်မျိုးက သွေးကြောထဲ သွေးခဲများ စုပိတ်ကာ ဦးနှောက်သို့ သွေးစီးဆင်းမှု နည်းသွားခြင်း သို့မဟုတ် လုံးဝရပ်သွားခြင်းကြောင့် ဦးနှောက်လုပ်ငန်း အချို့ရပ်ဆိုင်း ကာ လေဖြတ်ရတတ်တယ်။ နောက်ပုံစံတစ်မျိုးက ဦးနှောက်သွေးကြောပေါက်ကာ ဦးနှောက် အခြားအစိတ်အပိုင်းများကို သွေးမရောက်တော့ဘဲ ခန္ဓာလုပ်ငန်းတွေ ရပ်ဆိုင်းသွားလို့ ဖြစ်တယ်။

ယင်းနောက်ဆုံး အဆင့်မရောက်မီ ရုတ်တရက်ပြတတ်တဲ့ ရှေ့ပြေးလက္ခဏာများ သိထားရင် လေမဖြတ်အောင် ကာကွယ်နိုင်မှာပဲဖြစ်တယ်။

(၁) မြင်ကွင်း နှစ်ထပ်ဖြစ်ခြင်း

မျက်စိတစ်ဖက်ကကောင်းပြီး အခြားတစ်ဖက်က မြင်ကွင်းတွေ နှစ်ထပ်ဖြစ်နေ၊ ဝေဝါးနေပြီဆိုရင် လေဖြတ် မယ့်ရှေ့ ပြေးနိမိတ်ဆိုတာ သတိပြုသင့်ပါတယ်။ အလုပ်ပင်ပန်းရုံ၊ စာဖတ်ရုံလောက်နဲ့ မျက်စိ ကမြင်ကွင်း နှစ်ထပ်ဖြစ်တာမျိုး တော်တော်ရှားပါတယ်။ နေရင်းထိုင်ရင်း မြင်ကွင်းနှစ်ထပ်ဖြစ်လာပြီဆိုရင် လေဖြတ်နိုင်ခြေ လက္ခဏာပါပဲ။

ဦးနှောက်သွေးကြောထဲမှာ သွေးခဲစုပိတ်ကာ သွေးစီးဆင်းမှုနည်းနေပြီဆိုရင် မျက်စိသွေးကြောတွေကို အောက်ဆီဂျင် လည်း အရောက်နည်းလို့ အမြင်နှစ်ထပ်ဖြစ်ကာ ဝေဝါးခြင်းပဲဖြစ်တယ်။

(၂) လက်တွေ ပုံမှန်ထက်ကြာကြာ ထုံနေခြင်း

အိပ်နေတုန်းဖိမိထားလို့ လက်တွေခြေတွေထုံနေပြီး လှုပ်မရတာမျိုး၊ ထိတွေ့အာရုံမသိတာမျိုး ကြုံရတတ်တယ်။ ခဏ နေရင် ပြန်ကောင်းသွားတတ်တယ်။ ပုံမှန်ပြန်မဖြစ်ဘဲ တော်တော်ကြာအောင် ထုံနြေ ပီဆိုရင် လေဖြတ်မယ့်ရှေ့ပြေး လက္ခဏာပဲဆိုတာ သတိထားသင့်တယ်။

ဦးနှောက်အနောက်ဘက်ခြမ်းကနေစီးဝင်တဲ့ သွေးကြောတွေမှာ သွေးကြောတွေစုပိတ်ခြင်းမျိုး၊ သွေးယိုခြင်း မျိုးဖြစ်ပွားရင် လက်နဲ့ခြေဖျားကိုထိန်းချုပ်တဲ့ ဦးနှောက်အပိုင်းတွေကို သွေးအရောက်နည်းကာ ထိတွေ့မှုအာရုံခံနိုင်စွမ်း ကျ ဆင်းကာ လူလည်း ထုံနေတတ်တယ်။

(၃) ပြောမယ့်စကား ပါးစပ်ဖျားရောက်မှ မေ့သွားခြင်း

ပြောမယ့်စကား ပါးစပ်ဖျားရောက်မှ မေ့သွားတာမျိုး မကြာမကြာကြုံရပြီဆိုရင် ဦးနှောက်အတွင်း သွေးအရောက်နည်း နေပြီဆိုတာ သတိပြုသင့်တယ်။ သွေးကြောပိတ်ကာ သွေးစီးဆင်းမှု လျော့နည်း လာခြင်းကြောင့် မှတ်ဥာဏ်ကို အ ထောက်အကူပေးတဲ့ ဦးနှောက်အပိုင်းများကို သွေးအရောက်နည်းကာ ပြောမယ်ကြံစည်လိုက်၊ မေ့သွားလိုက်ဆိုတာ မျိုးပိုဖြစ်ပွားပါတယ်။ ယင်းပြဿနာ ကြုံပြီဆိုရင် ကျွမ်းကျင်ဆရာဝန်နဲ့ပြသကာ လေမဖြတ်အောင် နေထိုင်မှုပုံစံပြုပြင် ရပါမယ်။

(၄) ယိုင်တိယိုင်တိုင် ခဏခဏဖြစ်ခြင်း

လမ်းလျှောက်ရင်း မူးခနဲဆိုသလိုဖြစ်သွားကာ လူကယိုင်တိယိုင်တိုင် ဖြစ်သွားသလိုမျိုး ကြုံရပြီဆိုရင် လေဖြတ် အန္တ ရာယ်သတိပြုသင့်ပါတယ်။ ခန္ဓာကိုယ်ဟန်ချက်ကိုထိန်းတဲ့ ဦးနှောက်အပိုင်းများကို သွေးအရောက်နည်းတာကြောင့် ဦးနှောက်အလုပ်လုပ်နိုင်စွမ်းနည်းကာ ယိုင်တိယိုင်တိုင်ဖြစ်လာခြင်းပဲဖြစ်တယ်။ သွေးအရောက်နည်းရခြင်းဟာ ဦး နှောက်သွေးကြောတွေမှာ သွေးခဲတွေစုပိတ်လာခြ င်းကြောင့် ဖြစ်နိုင်လို့ နောက်ဆုံးအဆင့်ထိ ပိတ်သွားကာ ဦးနှောက် သွေးရရှိမှု ရပ်သွားတာမျိုးမဖြစ်ခင် ကျွမ်းကျင်ဆရာဝန်နဲ့ပြသကာ ကုသမှုခံယူရမယ်။

(၅) စကားပြောနေရင်း လျှာလိပ်ပြီး ဗလုံးဗထွေး ထွက်လာခြင်း

အကိုက်အခဲပျောက်ဆေးတွေသောက်ပြီးရင် ဘေးထွက်ဆိုးကျိုးက လျှာလိပ်ပြီး စကားဗလုံးဗထွေးဖြစ်တတ်တယ်။ ဘာဆေးမှမသောက်ဘဲ ဗလုံးဗထွေးဖြစ်လာပြီဆိုရင် လေဖြတ်မယ့် အန္တရာယ်ရှိပါတယ်။ သွေးကြောပိတ်ခြင်း သို့မ ဟုတ် သွေးယိုစိမ့်ခြင်းကြောင့် ဦးနှောက်အတွင်း သွေးစီးဆင်းမှုနည်းကာ စကားပြောဆိုမှုထိန်းချုပ်တဲ့ ဦးနှောက်အပိုင်း စွမ်းရည်ကျလာခြင်း ဖြစ်နိုင်ပါတယ်။

ခန္ဓာကိုယ်မှ အာရုံကြောနာ့ဗ် ၁၂ ချောင်းထောက်ပံ့ထားရှိပြီး လေဖြတ်ခါနီးမှာစကားပြောတဲ့ အသံအိုး၊ လျှာအထုတ် အသွင်း၊ ပါးစပ်အဖွင့်အပိတ်ဖြစ်စေတဲ့ ''ဗေးဂတ်''ထောက်ပံ့မှု ပျက်ယွင်းသွားရင် လျှာ လိပ်ပြီး စကားပြောနေရင်း ဗလုံး ဗထွေး ထွက်လာခြင်းပဲဖြစ်တယ်။ သတိထားမိရင် လေမဖြတ်အောင် ဆင်ခြင်နိုင်မှာပဲဖြစ်တယ်။ မိသားစုဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အချို့လေဖြန်းသွားရင် အသံအိုးမှ အသံမထွက်ဘဲ ရှိတတ်တယ်။

(၆) ခေါင်းတွေ မကြာမကြာ ကိုက်နေခြင်း

ဦးနှောက်ထဲမှာ မာဂျရင်းတွေများနေရင် ခေါင်းကိုက်တာ ထုံးစံပဲဖြစ်ပါတယ်။ မာဂျရင်းမများဘဲ ကိုက်နေပြီ ဆိုရင်တော့ လေဖြတ်နိုင်ခြေကို သတိထားသင့်ပါတယ်။ မာဂျရင်းများလို့ ခေါင်းကိုက်ခြင်းနဲ့ ဦးနှောက်ထဲ သွေးမလောက်လို့ ခေါင်း ကိုက်လာခြင်းဟာ ပုံစံချင်းဆင်တူတတ်ပါတယ်။ သက်ဆိုင်ရာကျွမ်းကျင် ဆရာဝန်နဲ့ပြသ စစ်ဆေးခံမှသာ အဖြေကို တွေ့ ရတတ်ပါတယ်။

ဦးနှောက်သွေးကြောတွေထဲ သွေးခဲများ၊ အနည်အနှစ်များ စုပုံလာခြင်းကြောင့် သွေးကြောပိတ်ကာ ဦးနှောက်ဟာ သွေးလည်ပတ်မှုနှေးသွားခြင်း၊ ယာယီရပ်ဆိုင်းခြင်းမျိုးဖြစ်ခြင်းကို လေဖြတ်ခြင်းလို့ခေါ်ပါ တယ်။ ဦးနှောက်သွေးကြော ပေါက်ရင်လည်း ဦးနှောက်ဟာ သွေးမရတော့ဘဲ လေဖြတ်နိုင်ပါတယ်။ အဓိကမှာ သွေးကြောကိုပိတ်ဆို့နေတဲ့သွေးခဲနဲ့ အနည်အနှစ်တွေ သွေးထဲနည်းနိုင်သမျှ နည်းအောင် နေထိုင်ဖို့ဖြစ်တယ်။ ကိုလက်စထရောများစေတဲ့ အစားအစာများ ဥပမာ အသင့်အမြန်စားအစားအစာများဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်းဒ်ဝှစ်၊ ပီဇာ၊ အာလူးချောင်းကြော်တို့ဟာ ဝက်ဆီ၊ ဆီ အုန်း၊ နှစ်ခါပြန်ကြော် ဆီတို့နဲ့ စီမံထားရှိလို့ သွေးအတွင်း ကိုလက်စထရောများ စေပါတယ်။ ဒါကြောင့် ရှောင်ရှား သင့်တယ်။

အိုင်တီခေတ်မှာ အထိုင်အလုပ်များလာတာနဲ့အမျှ လူတွေ ကာယအားကစားနည်းပါးလာတယ်။ လူတိုင်း နေ့စဉ် နာရီ ဝက်မှ တစ်နာရီအပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးတစ်ခုခုလုပ်ပေးသင့်တယ်။ ပိုလျှံနေတဲ့ ကယ်လိုရီတွေ ချွေးအဖြစ်ထွက်သွားလို့ အဆီအဖြစ် မစုဆောင်းနိုင်တော့လို့ အဝလွန်ခြင်း၊ ဆီးချို၊ နှလုံး၊ သွေးတိုးနဲ့ လေဖြတ်ခြင်း တို့မှကင်းဝေးစေလို့ လူတိုင်းနေ့စဉ် တစ်နာရီလောက် အားကစားလုပ်ပေးသင့်ပါတယ်။

ခန္ဓာကိုယ်တွင်းသွေးလည်ပတ်မှုကောင်းအောင် တက်ကြွလှုပ်ရှားစွာနေထိုင်ခြင်း၊ နေ့စဉ်အားကစားလုပ်ပေးခြင်းကနေ သွေးအတွင်းမှ အမှိုက်ကင်းကာ သွေးအားကောင်းပြီး လေဖြတ်ခြင်းမှကင်းဝေးနိုင် မှာဖြစ်တယ်။ ဆေးလိပ်၊ အရက်၊ ကွမ်းဖြတ်ရမယ်။သွေးတိုးမျိုးရိုးရှိသူတွေ မိသားစုဆရာဝန်နဲ့ ပြသပြီး အမြဲစွဲသောက်သင့်တဲ့ သွေးထိန်းဆေး စသည် ဖြင့်သောက်သင့်ပါတယ်။ စာဖတ်သူများအနေဖြင့် အထက်ဖော်ပြပါ လေဖြတ်နိုင်ခြေရှိတဲ့ ရှေ့ပြေးနိမိတ်တွေကို သတိထားပြီး လိုအပ်တာတွေကို ကြိုတင်ကာကွယ်မယ်ဆိုရင် လေဖြတ်ခြင်းကို အောင်မြင်စွာ ကျော်လွှားနိုင်မှာဖြစ်ကြောင်း စေတနာကောင်း နဲ့ တင်ပြလိုက်ပါတယ်။ ။

ဒေါက်တာ လွင်သန့်
မြဝတီ
https://www.facebook.com/mwdwebportal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ