ဟိုက်ဘရစ်ပရိုတိန်းဖြင့် ငှက်ဖျားကာကွယ်နိုင်ရန် စမ်းသပ်
အမေရိကန်ပြည်ထောင်စု၊ University of Oxford မှ ငှက်ဖျားအထူးကုဆရာဝန်ကြီး Dave Roberts ဦးဆောင် သည့် ဗီဇဓါတုပစ္စည်းဆိုင်ရာသုတေသီများကဗီဇပေါင်းစပ်နည်းပညာကိုအသုံးပြုကာ ငှက်ဖျားပိုးအန္တရာယ်ကို အထိုက်အလျောက်ကာကွယ်ပေးနိုင်သည့် ဟိုက်ဘရစ်သွေးနီဥဆဲလ်ပရိုတိန်း ကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
သုတေသီများကသွေးနီဥဆဲလ်နံရံများမှထိုးထွက်နေသည့်ပရိုတိန်းနှစ်မျိုးကို ပေါင်းစပ်ပေးနိုင်သည့် ဗီဇဓါတု ပစ္စည်းကို တွေ့ ရှိခဲ့ရာမှ ဖော်ပြပါအတိုင်း ဟိုက်ဘရစ်ပရိုတိန်းကို ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းဟိုက်ဘရစ်ပရိုတိန်းကိုငှက်ဖျားပိုးကထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိသည့်အတွက် သွေးနီဥဆဲလ် များကို ပိုမို လုံခြုံစိတ်ချရသည့် ဒိုင်းနှင့် ကာပေးလိုက်သည့်အတိုင်း အကျိုးသက်ရောက်မှုရှိကြောင်း Roberts က ပြောပြ သည်။
သို့ သော် လူတိုင်း၌ ဖော်ပြပါအတိုင်း ဟိုက်ဘရစ်ဆဲလ်ပြုလုပ်နိုင်မည့် ဗီဇဓါတုပစ္စည်း မပါရှိကြောင်း၊ ၄င်းတို့ ကို ကင်ညာ၊ မာလ၀ီ၊ တန်ဇေးနီးယား နှင့် အရှေ့ အာဖရိကတို့ တွင်သာ အများဆုံးတွေ့ ရကြောင်း၊ ၄င်းတို့ သည် ငှက်ဖျားကို သဘာဝအတိုင်း ရာခိုင်နှုန်း ၃၀ မှ ၅၀ အထိ ကာကွယ်နိုင်ကြကြောင်း၊ ၄င်းဗီဇဓါတုပစ္စည်းကို ထုတ် ယူ ပွားများပြီး ငှက်ဖျားပိုးကူးစက်ခံရသူများထံ ထည့်သွင်းပေးခြင်း၊ ကာကွယ်ဆေးဖော်စပ်ခြင်း အစရှိသည့် နည်းလမ်းတို့ ဖြင့် ငှက်ဖျားကို ထိရောက်စွာ ကာကွယ် သွားနိုင်မည် ဟု မျှော်လင့်ရကြောင်း ၄င်းက ဆက်လက် ပြောပြသည် ။
Robertsဦးဆောင်သည့် သုတေသီများက အဆိုပါဗီဇဓါတုပစ္စည်းကို ဆက်လက်စူးစမ်းလေ့လာ လျက်ရှိကြောင်း ၊ တစ်နည်း နည်းဖြင့်ထုတ်ယူပွားများပြီး ငှက်ဖျားကာကွယ်ဆေးအဖြစ် ဖော်စပ်ထုတ် လုပ်နိုင်ရန်ကြိုးပမ်းနေကြောင်း ၊ ငှက်ဖျား ကာကွယ်ဆေးဖော်စပ် ထုတ်လုပ်နိုင်ရန် နိုင်ငံတကာ ပညာရှင်များက ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းလာခဲ့သော်လည်း လက်ရှိအချိန်အထိ ဈေးကွက်သို့ တင်ပို့ ဖြန့် ဖြူးနိုင်သည့် ငှက်ဖျားကာကွယ်ဆေး ဟူ၍ မရှိသေးကြောင်း၊ လက်ရှိ စမ်းသပ်လျက်ရှိသော ကာကွယ်ဆေးပေါင်း အမျိုး၂၀ ကျော် ရှိပြီး ၄င်းတို့  အနက် RTS, S/AS01 သည် အလားအလာ အကောင်းဆုံးဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေး၏ထုတ်ပြန်ချက်အရ ၂၀၁၅ တွင် ကမ္ဘတစ်ဝန်း၌ ငှက်ဖျားဝေနာခံစားရသူဦးရေ ၂၁၂ သန်း ထက်မနည်း ရှိခဲ့ကြောင်း၊ ၄င်းတို့ အနက် လူ ၄၂၉၀၀၀ ဦးသေဆုံးခဲ့ပြီး အများစုမှာ ကလေးငယ် များဖြစ်ကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin