အီဘိုလာကာကွယ်ဆေးကို တစ်ပတ်အတွင်း ဖြန့် ချိနိုင်မည်
ကွန်ဂိုနိုင်ငံတွင် ပြန်လည်ကူးစက်ပျံ့ နှံ့ လျက်ရှိသည့် အီဘိုလာရောဂါကူးစက်မှုအတွက် အီဘိုလာကာကွယ် ဆေး လိုအပ်လာပါက တစ်ပတ်အတွင်း ဖြန့် ချိနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ထုတ်ပြန်ကြေ ညာသည်။ အခြေအနေအရပ်ရပ်ကောင်းမွန်ပြီး လိုအပ်တဲ့ဝန်ထမ်း၊ ငွေကြေး၊ ကုန်စည်ပို့ ဆောင်နိုင်စွမ်း အစရှိတာတွေ အဆင်ပြေရင် အီဘိုလာကာကွယ်ဆေးကို တစ်ပတ်အတွင်း လိုအပ်တဲ့နေရာစီ ရောက်အောင် ပို့ ပေးနိုင်ပါတယ် ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ အာဖရိကဆိုင်ရာဒါရိုက်တာ Matshidiso Rebecca Moeti က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကွန်ဂိုတွင် အီဘိုလာ လက်ရှိပျံ့ နှံ့ လျက်ရှိသည့် Lakati သည် အလွန်ဝေးလံသီခေါင်သည့်နေရာတွင် တည်ရှိ နေကြောင်း၊ ၄င်းဒေသတွင် ကတ္တရာခင်းထားသည့် လမ်းအရှည်မှာ ၂၀ ကီလိုမီတာပင် မပြည့်ကြောင်း ၊ တယ်လီဖုန်းဆက်သွယ်ရေးကွန်ရက်လည်း မရှိကြောင်း၊ ထို့ အပြင် ၄င်းဒေသသည် နိုင်ငံရေးတည်ငြိမ်မှုမရှိသည့် အတွက် Lords of Resistance Army သူပုန်များ လှုပ်ရှားဖြတ်သန်း ရာဒေသလည်းဖြစ်ကြောင်း ၊ ယခု ကြုံတွေ့  နေရသည့် အခက် အခဲမှာဖော်ပြပါ အီဘိုလာ ကူးစက် မှုဖြစ်ပွားနေ သည့်နေရာသို့ အရောက်သွားရန်ဖြစ်ကြောင်း၊ ၄င်းနေရာသို့ အရောက် သွားရန် ခက်ခဲနေလျင် အခြားနိုင်ငံများသို့  အီဘိုလာ မကူးစက်မပျံ့ နှံ့ အောင် တားဆီး နိုင်ရန်မှာလည်း ခက်ခဲသွားမည်ဖြစ်ကြောင်း Moeti က ပြောပြသည်။
Lakati တွင် လက်ရှိ အီဘိုလာကူးစက်ခံရသည်ဟုသံသယရှိသူ ၁၈ ဦး ရှိပြီး ၄င်းတို့ အနက် ၃ ဦး သေဆုံးပြီ ဖြစ်ကြောင်း၊ အီဘိုလာဗိုင်းရပ်ကို လျှော့တွက်၍မရသော်လည်း လက်ရှိ ကွန်ဂိုအခြေအနေသည် ကမ္ဘာသို့  ကူးစက်နိုင်မည့်အလားအလာ နည်းပါးနေသေးကြောင်း၊ ထိုသို့ နည်းပါးရသည်မှာလည်း အလွန်ဝေးလံသီခေါင် သည့် ဒေသတွင် ရှိနေ၍ဖြစ်ကြောင်း၊ ကွန်ဂိုမြို့ တော် Kinshasa မှ ကီလိုမီတာ ၁၄၀၀ ထက်မနည်း ကွာဝေး ကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin