အမျိုးသမီးများ ဓမ္မတာလာခြင်းဆိုင်ရာ သိကောင်းစရာ

*ယောနိ(ခေါ်)မလိင်အင်္ဂါ….။* *Vagina*(ခေါ်)ယောနိဟာ မသဘာဝအပြင်လိင်အင်္ဂါမှ
သားအိမ်ခေါင်းသို့  သွားရာလမ်းကြောင်းဖြစ်၍၊ ၄င်းကို “သားအိမ်လမ်း ကြောင်း” “
မွေးလမ်းကြောင်း” လို့ မြန်မာလိုအလွယ်ခေါ်လေ့ရှိပါတယ်။

*ကျန်းမာတဲ့ယောနိ ဆိုတာ….။*
ဥပမာပြောရရင် တံတွေး(သွားရည်)များက ခံတွင်းထဲရှိမလိုလားအပ်သော ဗက်တီး ရီးယားပိုးများကိုသေစေကာ၊ ခံတွင်းသန့် စေ ပြီး အစာချေစံနစ် အတွက် မရှိမဖြစ် အရာပါ။ ထို့ နည်းတူ ကျန်းမာတဲ့ယောနိမှာ PH(ခေါ်)စိုစိစိအချဉ် ဓာတ် အမြဲ ထုတ်ေ ပးလေ့ရှိပြီး၊ ထိုဓာတ်က မအင်္ဂါကိုသူ့ အလိုလိုသန့် စင်ပေး တာမို့  အမျိုးသမီးများရေ ချိုးတဲ့အခါ ယောနိဟိုးအတွင်းပိုင်းထိနှိုက် ၍ အထူးတ လည် ဆပ်ပြာဖြင့်ဆေးကြာရန် မလိုအပ်ပေ။ ထို PH အချဉ်ဓာတ်ထွက် ရှိနေမှသာ ကျန်းမာ တဲ့ယောနိဖြစ်၍၊ မလိင် အင်္ဂါဟာ ခြောက်သွေ့ မနေတော့ဘဲ အမြဲစိုစွတ်နေရမှာဖြစ်ပါတယ်။

*ယောနိကအရည်ဆင်းခြင်း ဆိုတာ….။*
သဘာဝ PH ဓာတ်မျှတနေခြင်းကြောင့် သားအိမ်ခေါင်းနဲ့ သားအိမ်လည်တိုင်ရှိ ဂလင်း များမှ ဆဲလ်အသေတွေနဲ့ ဗက်တီးရီးယား တို့ အရည်အဖြစ်ထွက်ရှိလာခြင်းဟာ အမျိုး သမီးတိုင်း မ-သဘာဝ ယောနိလမ်းကြောင်း အရည်ဆင်းခြင်းဖြစ်လို့  စိုးရိမ် ထိတ် လန့် စရာမလိုပါ။ အရည်ရဲ့ အရောင်ဟာ ပုံမှန်အဖြူရောင်ဖြစ်ပြီး၊ သဘာဝလေနဲ့  ထိတွေ့  တဲ့အခါ အ၀ါရောင်ပြောင်းသွားလေ့ရှိပါ တယ်။ပျမ်းမျှအရည်ထွက်ရှိမှု ပမာဏ ဟာ အတွင်းခံဘောင်းဘီမှာမဆိုသလောက် စိုစွတ်နေရမှာဖြစ်ပြီး၊ အကယ်၍ ရာသီ မလာခင် နဲ့ လာပြီးရက်များ/စိတ်ဖိစီးမှုများချိန်/ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမီး ဖွားပြီး ကာလ/ဟိုမုန်းအားဆေးမှီဝဲသူများ/ပဋိသန္ဓေတား ဆေးသောက်သုံးသူများနဲ့ ပဋိ သန္ဓေ တား ပစ္စည်းကိုမိန်းမကိုယ်ထဲထဲ့သူများမှာ ယောနိကနေ အရည်ဆင်းတဲ့ပမာဏ
ပြောင်းလဲမှု ရှိတတ်ပါတယ်။

*မတူညီတဲ့ယောနိအရည်…..။ *
စားသောက်နေထိုင်ပုံစံနစ်နဲ့ ဇီဝကမ္မဖြစ်စဉ်ပေါ်မူတည်ပြီး၊ အမျိုးသမီးတစ်ဦးနဲ
့တစ်ဦး ယောနိကအရည်ဆင်းခြင်း မတူညီနိုင်ကြပါ ဘူး။
** အရည်ပုံစံ (ပျစ်ပျစ်၊ အနှစ်၊ ခပ်ကျဲကျဲ)
** အရောင် (အရေကြည်၊ အဖြူဖျော့၊ အဖြူဆွတ်ဆွတ်၊ အ၀ါ၊ အစိမ်း)
** အနံ့ (အနံ့ မရှိ၊ အနံ့ မဆိုးဝါး၊ အနံ့ ဆိုးဝါး)

(၁) အဖြူရောင်ယောနိရည်အနှစ်က ရာသီစလာလာချင်း နဲ့ ရာသီသွေးပေါ်ပြီးတဲ့အခါ
ဆင်းလေ့ရှိပြီး၊ အဲဒီလိုဆင်းခြင်းက ယား ယံခြင်း ကိုမဖြစ်စေပါ။ (၂) အရေကြည် နဲ
့ပျစ်ချွဲချွဲအရည်ကလိင်စိတ်ဆန္ဒတက်ကြွလာတဲ့အခါ ထွက်ရှိပါတယ်။ (၃) ဖြူဖွေး နှစ်
နှစ်အရည်ကို ဆေးပညာအရ မျိုးအောင်ရည်(ခေါ်)သားဥအိမ်မှ သားဥများထုတ်လွှတ် ရည် လို့ ခေါ်ပြီး၊ လိင်ကိစ္စပြီး မြောက်ချိန်မှာ ယောနိလမ်းကြောင်းမှထွက်လာပါတယ်။
(၄) အညောင်းတိုင်ထဲ့အခါ အဖြူဆင်းများပြီး၊ လေ့ကျင့်ခဏ်းပြင်းပြင်းလုပ်ပြီးတဲ့ အခါ (သို့ မဟုတ်)လှုပ်များမှုများတဲ့ အခါမှာ ရေ ကဲ့သို့  အရည်ဆင်းလာတတ်ပါတယ်။(၅) အထူးသဖြင့် သက် ၂၅-နှစ်ကျော်မှစ၍ အမျိုးသမီးများ ရာသီလာပြီးနောက် ယောနိ သန်
့စေတဲ့အနေဖြင့် ကျန်နေသောသွေးဟောင်းက အညိုရောင်အရည်(သို့ မဟုတ်) အညိုရောင်ပျစ်ပျစ်ဆင်းတတ်ပါတယ်။ (၆) မျိုးဥကြွေတဲ့ကာလမှာလည်း နီညိုရောင်ေ သွး ၂-စက်မှ ၃-စက်ထိ ဆင်းတတ်ပါ တယ်။ (၇) အမျိုးသမီးအများစုက ကိုယ် ၀န် ဆောင် အစောပိုင်းကာလတွေမှာလည်း ယောနိမှ နီညိုရောင်သွေးအစက် အပြောက် ဆင်းလေ့ရှိပါတယ်။ (ကိုယ်ဝန် ၅-လကျော် ရင် တော့ သွေးမဆင်း သင့်တော့ပါဘူး)(ဖော်ပြပါ အကြောင်း ၇-ရပ်ကြောင့် ယောနိရည်ဆင်းခြင်းက မ-သဘာဝ၊ သားအိမ်မှ ပုံမှန်အလုပ်လုပ်ခြင်းကြောင့်ဖြစ်တာမို့  မထူးဆန်း/စိုးရမ် ဖွယ်မဟုတ်ပါ)

*ပုံမှန်မဟုတ်တဲ့ယောနိလမ်းကြောင်းအရည်ဆင်းခြင်းမှ ကာကွယ်နည်း။*
(၁) မှိုပိုးမစွဲစေဖို့  မိန်းမကိုယ်ကိုသန့် ပြီး ခြောက်သွေ့ အောင်ထားပါ (၂) လိုအပ်ရင် မှိုသတ်ဆေးကရင်မ်လိမ်းပါ (၃) လိင်မှတ ဆင့် ကူးစက်ရောဂါမဖြစ်ရအောင် လိင် ဆက်ဆံတဲ့အခါ condom သုံးပါ (၄) ထူးထူးခြားခြား အနံ့ အသက်ကောင်းစေရန် အလို
့ ဌာ မိန်းမကိုယ်ကို ပေါင်ဒါမှုန့် နဲ့ အမွှေးနံ့ သာရည်များမဖျန်းပါနဲ့ (၅)အတွင်းခံဘောင်း ဘီကျပ်ကျပ်မ၀တ်ပါနဲ့  (၆) ယောနိလမ်း ကြောင်းမှထွက်တဲ့အရည်ကို အလွယ်တကူ စုပ်ယူနိုင်ရန် နဲ့ အေး၍လေ၀င်လေထွက်ကောင်းစေဖို့  ချည်သားအတွင်းခံကိုသာ ၀တ်ဆင်ပါ၊ (၇) ပိုးသား၊ နိုင်လွန်သား၊ လယ်သာအတုစတဲ့ အတွင်းခံများက ယောနိ အရည်ကိုမစုပ်ယူနိုင်တဲ့အပြင် ချွေးအောင်း ၍ပူလောင်စေပါတယ် (၈)ရာသီလာတဲ့ အခါ ရာသီသွေးထိန်းတောင့်မသုံးဘဲ အတွင်းခံဘောင်းဘီမှာကပ်တဲ့ လစဉ်သုံး
ပစ္စည်း pad ကိုသာ ရွေးပါ။ (၉) ဆီးချိုရောဂါရှိသူများသွေးထဲရှိသကြားပမာဏကို
ကောင်းစွာထိန်းချုပ်ကာကွယ်ပါ။ (၁၀) နေ့ စဉ်ဒိန်ချဉ် ၁-ခွက်စားပေးပါ။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းကလည်း ကြာလာတဲ့အခါ သားအိမ်ရောင်လာပြီး
သားသမီးမရနိုင်ဘဲမြုံသွားတတ်လို့ အထူးသတိ ထားပါ။ မ-အင်္ဂါအတွင်း
အမျိုးမျိုးကြောင့် ပိုးဝင်အနာဖြစ်ခြင်း၊ သားအိမ်ကင်ဆာ၊ မျိုးဥကင်ဆာ၊
သားအိမ်ခေါင်းကင်ဆာ စသည် တို့ ကြောင့် ယောနိလမ်းကြောင်းမှ
ပုံမှန်မဟုတ်တဲ့အရည်စီးဆင်းခြင်း၍ အနံ့ ဆိုးယားယံခြင်းများဖြစ်လာကာ၊
နောက်ဆုံးမှာ မျိုးပွားအင်္ဂါတစ်ခုလုံးထိခိုက်ပြီး သားအိမ်ထုတ်ရတဲ့
အခြေအနေမျိုးဖြစ်လာတတ်လို့  မပေါ့ဆသင့်ပါဘူး။ ခံစားမှုသိသိသာသာ ပြောင်းလဲ၍
ယောနိအရည်ဆင်းမှု ပမာဏ/အရောင်/အနံ့ /ပုံစံ တို့  ထူးခြားလာပါက
ဆေးမြီးတိုများကိုမသုံးဘဲ ဆရာဝန်ဖြင့် ထိထိရောက်ရောက် အချိန်မှီကုသ
သင့်ပါကြောင်း။

*(ပေါက်ပေါက်…မျှဝေသည်)*
*(မှီငြမ်း Tags: Lady’s Health@**Healthy
Vagina <http://www.coolhealthtips.com/tag/healthy-vagina>

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ