သင့်တင့်တဲ့ လေ့ကျင့်ခန်း ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု အပြင်းအထန် ပြုလုပ်သူတွေထက် ဘာလေ့ကျင့်ခန်းမှ မလုပ်တဲ့သူတွေက နာတာရှည်စိတ်မကျန်းမာမှု ဖြစ်နိုင်ချေ ၅၀ ရာခိုင်နှုန်း ပိုများပါ တယ်။
လမ်းမြန်မြန်လျှောက်တာတွေ ၊ တစ်နာရီကို ၁၀မိုင် အောက်နှုန်းနဲ့ စက်ဘီးစီးတာတွေ ၊ ကတာတွေ ဒါမှမဟုတ် ဥယျာဉ်စိုက်ပျိုးတာတွေ က သင့်တင့်တဲ့ ရုပ်ပိုင်းဆိုင်ရာအတွက် လှုပ်ရှားမှုတွေပါ။
နာတာရှည်စိတ်မကျန်းမာမှု ဖြစ်နိုင်ချေ လျှော့ချဖို့အတွက် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ မလိုအပ်ပါဘူး။ သင့်တင့်တဲ့ လှုပ်ရှားမှုမျိုးကို ပုံမှန်လုပ်ဆောင်ပေးရုံနဲ့လုံလောက်ပါတယ်။
တကယ်တော့ လေ့ကျင့်ခန်းလုပ်ပြီး သူ့ရဲ့ ကောင်းကျိုးတွေကို ခံစားဖို့ ဘယ်တော့မှ အသက်ကြီးသွားတယ် မရှိပါဘူး။ အသက်ကြီးလာရင် နာတာရှည် စိတ်မကျန်းမာမှု ဖြစ်နိုင်ချေနှုန်းက ပိုလာတဲ့အတွက် အသက်ကြီးတဲ့ သူတွေက လေ့ကျင့်ခန်းလုပ်တဲ့အတွက် ကောင်းကျိုးတွေကို ပိုလို့တောင်ခံစားနိုင်ပါတယ်။
အသက်ကြီးလာတာနဲ့ အမျှ ဦးဏှောက်က ကြုံ့လာပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင် သူတွေရဲ့ ဦးဏှောက်ကတော့ ဒီအတိုင်း ထိုင်နေကြတဲ့သူတွေထက် ပိုကြီးပါတယ်။ ကိုယ်လက်လှုပ်ရှားမှုဘယ်လောက်ရှိတယ်ဆိုတာကို ကြည့်ပြီး ကိုယ့်ဦးဏှောက်က ကိုယ့်အသက် ဘယ်လောက်ရှိပြီဆိုတာကို သတ်မှတ်လိုက်တာပါ။
ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်လိုက်တာက ဦးဏှောက်ကို လှုံ့စော်ပေးပြီး နျှူထရွန်ကြီးထွားနှုန်းကို မြင့်တင်ပေးပါတာကြောင့် ဦးဏှောက်ကြုံ့လာတာကို ဟန့်တားပေးပါတယ်။ ဒီလို ဟန့််တားနိုင်မှုကြောင့် နာတာရှည်စိတ်မကျန်းမာမှု ဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။
( Michelle )
#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)
Ref : UPI