ကလေးတွေနဲ့ ဆက်ကျော်သက်တွေကို တစ်နေ့ သကြား လက္ဖက်ရည်ဇွန်း ခြောက်ဇွန်း အောက်လျှော့ ကျွေးသင့်ပါတယ်။
‘အသက်၂နှစ်ကနေ ၁၈နှစ် ကြား ကလေးတွေအားလုံးအတွက် မိဘတွေနဲ့ လူထုကျန်းမာရေး အကြံပေးတွေ အားလုံးကို ဒီလိုအကြောင်းအရာတွေ သိရှိဖို့ ရည်ရွယ်ပါတယ်’ လို့ ဒေါက်တာ Miriam က ပြောပါတယ်။
သကြားဆိုတဲ့နေရာမှာ သကြားပါဝင်တဲ့ အရာတွေ အားလုံးကိုဆိုလိုတာပါ။ သကြားသီးတွေ ၊ ပျားရည်တွေ နဲ့ အချိုရည်တွေ စားစရာတွေပေါ့။ သပ်သပ်စားတာ၊ ရောစားတာတွေထဲမှာ ပါတဲ့ သကြား အကုန်လုံးပါပဲ။
သကြားကို တစ်နေ့ ခြောက်ဇွန်းထက် ပိုမစားတဲ့ ကလေးတွေက ကျန်းမာဖြတ်လတ်တာကို တွေ့ရပါတယ်။
ဖော်ပြချက်အရဆိုရင် အသက်၂နှစ်အောက် ကလေးတွေကို သကြားဓါတ်ပါတဲ့ အစားအစာနဲ့ အရည်တွေ ဘာမှ မကျွေးတာအကောင်းဆုံးဖြစ်ပြီး ၊ အသက် ၂ နှစ်ကနေ ၁၈ နှစ်အကြား ကလေးတွေနဲ့ ဆယ်ကျော်သက်တွေ အတွက်တော့ တစ်ပါတ်ကို သကြားဓါတ် ပါတဲ့ အချိုရည်တွေ ၈အောင်စ ထက်ပိုမသောက်သင့်ပါဘူး။
သကြား ပမာဏ များတဲ့ အစားအစာတွေ အဖျော်ယာမကာတွေက သွေးဖိအား မြင့်တာတွေ ၊ အ၀လွန်တာတွေ ၊ ဆီးချိုရောဂါ နဲ့ နှလုံးရောဂါ ဖြစ်ပွားနိုင်မှုကို မြင့်တက်စေပါတယ်။
ကလေးတွေရဲ့ ကိုယ်အလေးချိန်ထိန်းဖို့ ၊ ကျန်းမာဖို့ အတွက် အကောင်းဆုံးနည်းလမ်းကတော့ အာဟာရဓါတ် မြင့်မားစွာ ပါဝင်တဲ့ အသီးအနှံတွေ ၊ အသီးအရွက်တွေ ၊ အစေ့အဆံတွေ ၊ အဆီဓါတ်နည်းတဲ့ အစားအသောက်တွေ ၊ ငါးတွေ စတာတွေကို ဂရုတစိုက်ကျွေးမွေးသင့်ပါတယ်။
( Michelle )
#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)
Ref : UPI