ပဋိပစ္စည်းထုတ်လုပ်ပေးသည့် ဗီဇပစ္စည်းနှင့် နှလုံးရောင်ရောဂါဖြစ်ပွားမှု ဆက်နွယ်နေ


ကမ္ဘာတစ်ဝန်း၌ ဖွံ့ ဖြိုးဆဲနိုင်ငံများတွင် နှလုံးရောင်ရောဂါ (RHD) ဖြစ်ပွားမှု အများအပြား ရှိနေပြီး RHD ဖြစ်ပွားခံစားရမှုနှင့် ခန္ဓာကိုယ်တွင်း ပဋိပစ္စည်းများကိုထုတ်လုပ်ပေးသည့် ဗီဇဓါတုပစ္စည်းများ အကြား ဆက်နွယ်မှုရှိသည်ကိုတွေ့ ရကြောင်း အမေရိကန်ပြည်ထောင်စု၊ Oxford University မှ သုတေ သီ များက ပြောသည်။ ကလေးဘ၀က ဗက်တီးရီးယားကူးစက်မှုကြောင့်လည်ချောင်းရောင်ဝေဒနာခံစားခဲ့ရဖူးခြင်း သို့ မဟုတ် အရေပြားကူးစက်ရောဂါဖြစ်ပွားခဲ့ခြင်းတို့ က RHD ကို အစပျိုးစေနိုင်ကြောင်း၊ လူနာတွင် နှလု့းအဆို့ ရှင် မာကျောသွားပြီး နှလုံးကပုံမှန်မညှစ်နိုင်တော့ကြောင်း၊ ခွဲစိပ်ကုသခြင်းမပြုလျင် လူလတ်အရွယ်၏ အစော ပိုင်းထက်ပို၍ အသက်ရှင်သန်နိုင်ရန် ခဲယဉ်းကြောင်း သိရသည်။

RHD နှလုံးရောင်ရောဂါသည် ပစိဖိတ်ဒေသနှင့်ဖီဂျီနိုင်ငံတို့ တွင် ကျယ်ပြန့် စွာဖြစ်ပွားလျက်ရှိကြောင်း၊ RHD ဖြစ်ပွားသေဆုံးသည့် လူငယ်လူရွယ်ဦးရေသည် ယာဉ်လမ်းအန္တရာယ်ကြောင့်သေဆုံးသည့် လူငယ် ဦးရေနှင့် ညီမျှလုနီးပါးဖြစ်ကြောင်း၊RHDကိုအာဖရိကဆာဟာရတိုက်ငယ်တွင်လည်း မကြာခဏဖြစ်ပွား သည်ကို တွေ့ ရှိရကြောင်း၊ သေဆုံးသူဦးရေကို အတိအကျမဖော်ပြနိုင်သော်လည်း များပြားသည့်ကိန်း ဂဏန်းဖြစ်မည်ဟု ယုံကြည်ရကြောင်း သိရသည်။ ယခင်ကလည်း UK, ဥရောပ နှင့် အမေရိ ကန်ပြည်ထောင်စုတို့ တွင် RHD သည် ပြည်သူ့ ကျန်းမာရေးဌာန အတွက် အဓိက စိုးရိမ်ခဲ့ရ သည့်ရောဂါဖြစ်ခဲ့ကြောင်း ၊ နောက်ပိုင်းတွင် လူနေမှုအဆင့်အတန်းမြင့်မားလာရာ မှ RHD သည် ကွယ်ပျောက်လုနီးပါးဖြစ်ခဲ့ပြီး ဆေးလောကတွင်လည်း မေ့လျော့ခံရောဂါတစ်ခု ဖြစ်ခဲ့ ကြောင်း၊ ထို့ ကြောင့်လည်း RHD နှင့်ပါတ်သက်၍ အထွေအထူးသုတေသနပြုလုပ်ထားခြင်း၊ ကြိုတင်ကာ ကွယ်နိုင်ရန် ကာကွယ်ဆေးဖော်စပ်ထားခြင်း အလျဉ်းမရှိကြောင်း သိရသည်။ ယခုအခါ Oxford University မှ သိပ္ပံပညာရှင်များက ပစိဖိတ်ဒေသ၊ ပြင်သစ်၊ အမေရိကန်၊ သြစတြေးလျ အစရှိသည့်နိုင်ငံများမှ ပညာရှင်များနှင့်ပူးပေါင်းကာ RHD ကို အထူးပြု လေ့လာနေပြီဖြစ်ကြောင်း နှင့် နှလုံးရောင်ရောဂါကိုဖြစ်စေသည့် ဗီဇဓါတုပစ္စည်းကိုထိန်းချုပ်နိုင်မည့်နည်းလမ်းကိုလည်း ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း သိရ သည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ