ဆူရှီတွင် လူကိုအန္တရာယ်ဖြစ်စေသည့် ကပ်ပါးပိုးကောင် ပါဝင်နေနိုင်


ငါးစိမ်းဖြင့်ပြုလုပ်ထားသည့် ဆူရှီတွင် အန္တရာယ်ရှိသည့်ကပ်ပါးပိုးကောင် ပါဝင်နေနိုင်ပြီး ကပ်ပါးပိုးကောင် များကြောင့်ဖြစ်သည့် Anisakiasis ဝေဒနာကိုခံစားရနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက် မြို့ အခြေစိုက်NYULangoneMedicalCenterမှသတိပေးချက်ထုတ်ပြန်ထားသည်။ ဆူရှီစားတာ ကျန်းမာရေးနဲ့ ညီညွှတ်တယ်လို့  ဂုဏ်သတင်းကြီးပါတယ်။

အဆီပါဝင်မှုနည်းပါးပြီး ပရိုတိန်း ပါဝင်မှု မြင့်မားတာလည်း အမှန်ပါပဲ။ ဒါပေမယ့် ငါးစိမ်းနဲ့ လုပ်ထားတဲ့ဆူရှီမှာ လူကိုအန္တရာယ်ပေးနိုင်တဲ့ ကပ်ပါးကောင် ပါဝင်နေနိုင်ပါတယ်။ ဆူရှီကိုအစားများလာတဲ့ အနောက်တိုင်းနိုင်ငံတွေအနေနဲ့  အထူးဂရု ပြုသင့်ပါတယ်ဟု ဒေါက်တာ Daniel Eiras က ပြောပြသည်။ သုတေသီများက ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့ မှ အသက် ၃၂ နှစ်အရွယ် အမျိုးသားလူနာ၏ဖြစ်စဉ်ကို သာဓကအဖြစ် တင်ပြခဲ့ရာ ၄င်းသည် ရက်သတ္တပတ်တစ်ပတ်ခန့် ဆက်တိုက် အစာအိမ်နာကျင်မှုကို ခံစားခဲ့ရကြောင်း၊ အော့အန်ခြင်း၊ အဖျားတက်ခြင်းများ ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ကြောင်း၊ ဆူရှီ စားပြီးနောက်ပိုင်း အဆိုပါဝေဒနာများကို ခံစားလာရခြင်းဖြစ်ကြောင်း၊ ဆရာဝန်များက အစာအိမ်ထဲသို့  မှန်ပြောင်းထည့်ကာကြည့်ရှုစစ်ဆေးရာ အစာအိမ်နံရံတွင် ကပ်ပါးပိုးတွယ်ကပ်နေသည်ကို တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကပ်ပါးပိုးကောင်မှာ Anisakiasis အမျိုးအစားဖြစ်ကြောင်း၊ ပင်လယ်စာ၊ ငါး အစရှိသည်တို့ ကို ကျက်အောင်မချက်ပဲ အစိမ်းစားခြင်း၊ မကျက်တကျက်စားခြင်းတို့ မှ ကူးစက်လာတတ်သည့်ကပ်ပါးပိုး ဖြစ်ကြောင်း၊ ၄င်းကပ်ပါးပိုးသည် အစာအိမ်နံရံတွင် မြဲမြံစွာ တွယ်ကပ်နေလေ့ရှိကြောင်း သိရသည်။ ဆူရီဟာ ဂျပန်အစားအစာမို့  Anisakiasis ကပ်ပါးပြဿနာဟာ ဂျပန်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တာမှန်ပေ မယ့် အခုနောက်ပိုင်းမှာ ဂျပန်နိုင်ငံမှာထက် အနောက်တိုင်းနိုင်ငံတွေမှာ ပိုပြီးတွေ့ နေရပါတယ်။

လူနာတွေက မူးဝေခြင်း၊ အစာအိမ်သွေးယိုခြင်း၊ အစာဟောင်းလမ်းကြောင်းပိတ်ဆို့ ခြင်း၊ ၀မ်းဗိုက်ပိုင်း ရောင်ယမ်းခြင်း တို့ ကိုခံစားရနိုင်ပြီး ဓါတ်မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့ အရေပြားယားယံခြင်း၊ အဖု အပိန့် ထခြင်း၊ အစရှိတာတို့ ကို ခံစားရနိုင်ပါတယ်။ Anisakiasis ကပ်ပါးပိုးဟာ အသက်အန္တရာယ်ကို ဖြစ်စေနိုင်တဲ့ ပိုးမျိုးဖြစ်ပါတယ် ဟု ဒေါက်တာ Daniel Eiras က ပြောပြသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ