ကျန်းမာအောင် နေထိုင်စားသောက်မှုက ကလေးငယ်တွေရဲ့ စာဖတ်စွမ်းရည်ကို ပိုမိုကောင်းမွန်စေ


ဖင်လန်နိုင်ငံက လေ့လာတွေ့ရှိချက် အသစ်အရ ကလေးတွေရဲ့ ကျောင်းတတ်တဲ့ အစောပိုင်း၃နှစ်မှာ ကျန်းမာတဲ့ စားသောက်မှုပုံစံ ရရှိခဲ့မယ်ဆိုရင် သူတို့ရဲ့ စာဖတ်စွမ်းရည်က ပိုမိုကောင်းမွန် တိုးတက်လာနိုင်ပါတယ်။

ဖင်လန်နိုင်ငံအရှေ့ပိုင်း တက္ကသိုလ်က ပညာရှင်တွေက Grade one နဲ့ three ကြားမှာရှိတဲ့ ကလေးတွေကို လေ့လာတဲ့နေရာမှာ မှန်ကန်ကောင်းမွန်တဲ့ စားသောက်မှုပုံစံရှိတဲ့ ကလေးတွေက ပိုပြီး တော်ကြတတ်ကြတာကို တွေ့ရပါတယ်။

စားသောက်မှုပုံစံ ကောင်းမွန်တာက စာဖတ်စွမ်းရည်မှာ ကောင်းမွန်တာအပြင် ပေါင်းသင်းဆက်ဆံရေး၊ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု ၊ ခန္ဓာကိုယ် အဆီဓါတ် နဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုတွေ မှာလည်း ကောင်းမွန်တာကို တွေ့ရပါတယ်။

ဒါကြောင့် ပညာရှင်တွေက မိဘတွေ၊ ကျောင်းတွေ၊ အစိုးရတွေနဲ့ ကုမ္ပဏီတွေကို ကလေးတွေ အတွက် ကောင်းမွန်တဲ့ အစားအသောက်တွေကို ဖန်တီးပေးဖို့ တိုက်တွန်းကြပါတယ်။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ