ခံတွင်းနံ့ သင်းပျံ့စေဖို့ အိမ်တွင်းဆေးဝါးများ


ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ တိကျသေချာတဲ့အချက်ကို ရှာဖွေနိုင်ဖို့တော့ အရေးကြီးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခံတွင်းနံ့ဆိုးတွေကို သဘာဝနည်းတွေနဲ့ ဖယ်ရှားနိုင်ပါတယ်။

ပန်းသီးစိမ် ရှာလကာရည်


ပန်းသီးစိမ် ရှာလကာရည်ဟာ ပိုးမွှားတွေနဲ့ မှိုရောဂါတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အသက်ရှုခြင်းနဲ့ ခံတွင်းနံ့တွေကို အနှောက်အယှက်ပေးတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို လျော့နည်းသွားစေနိုင်ပါတယ်။

ပန်းသီးစိမ်ရှာလကာရည် စားပွဲတင်ဇွန်းတစ်ဇွန်းစာကို ရေတစ်ဖန်ခွက်စာနဲ့ ရောနှောပြီး ပါးစပ်တွင်းမှာ ငုံထားပြီး ပလုတ်ကျင်းပစ်ဖို့လိုပါတယ်။

မုန့်ဖုတ်ဆော်ဒါ


ဆိုဒီယမ် ဘိုင်ကာဗွန်နိတ် ခေါ် မုန့်ဖုတ်ဆော်ဒါဟာ ခံတွင်းနံ့ဆိုးတွေကို အမြန်ဆုံးပျောက်ကင်းစေတဲ့ နည်းတစ်ခုပါပဲ။

ဖြူစင်တောက်ပတဲ့ သွားတွေကိုလည်း ပိုင်ဆိုင်စေနိုင်ပြီး အစာခြေစနစ်ကို မြန်ဆန်စေတဲ့အပြင် pH Level ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

ပုံမှန်သွားတိုက်ပြီးတိုင်း သွားပွတ်တံပေါ်မှာ မုန့်ဖုတ်ဆော်ဒါအနည်းငယ်ထည့်ပြီး ၂ မိနစ်ခန့် သွားထပ်တိုက်ပေးပြီး ပလုတ်ကျင်းပစ်ပါ။

သံပုရာသီး


သံပုရာသီးနဲ့ တခြားအချဉ်ဓါတ်ရှိတဲ့ အသီးတွေဟာ ခံတွင်းရှိ ဘက်တီးရီးယားတွေကို ဖယ်ရှားတိုက်ဖျက်ရာမှာ အလွန်ကောင်းတဲ့ သဘာဝပစ္စည်းတွေပဲ ဖြစ်ပါတယ်။

သံပုရာသီးမှာ ပါဝင်တဲ့ ဗိုက်တာမင် စီ က ဘက်တီးရီးယားပေါက်ဖွားမှုကို ထိန်းချုပ်ပေးနိုင်တာကြောင့် လျှာနဲ့ သွားဖုံးမှာ ကပ်နေနိုင်တဲ့ ပိုးမွှားတွေကို ဖယ်ရှားကာကွယ်ပေးပါတယ်။

မိုးလင်း အိပ်ယာထချိန်မှာ သံပုရာရည်ကို လတ်လတ်ဆတ်ဆတ် ညှစ်ယူပြီး ရေတစ်ဖန်ခွက် ရောသောက်ပေးရမှာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref :  Remedies    

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ