လူနာ၏ ကိုယ်ပိုင်ပင်စည်ဆဲလ်ကိုအသုံးပြုကာ စိတ်ကြိုက်သွေးဥနီဆဲလ်များ ထုတ်လုပ်နိုင်ရန် နီးစပ်


လူနာတစ်ဦးအတွက် ဘေးထွက်ဆိုးကျိုးကင်းမဲ့သည့် သွေးဥနီဆဲလ်များကိုထုတ်လုပ်ပေးနိုင်မည့် ပင်စည်ဆဲလ် များကို ၄င်းလူနာကိုယ်၌၏ ပင်စည်ဆဲလ်များကိုအသုံးပြုသွားနိုင်မည့်နည်းစနစ်ကို စမ်းသပ်လျက်ရှိပြီး အောင်မြင်မှုရနိုင်ခြေ နီးစပ်နေပြီဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ ဟားဗတ်ဆေးတက္ကသိုလ်မှ သုတေသီ ဒေါက်တာ George Q. Daley က ပြောကြားသည်။ အထူးသဖြင့် leukemia, lymphoma နှင့် myeloma ကဲ့သို့  သွေးကင်ဆာရောဂါများတွင် လိုအပ်သောသွေးနီ ဥများကို အချိန်မရွေးအဆင်သင့်မရရှိခြင်း၊ ရရှိလျင်လည်း လူနာနှင့်ဓါတ်မတည့်၍ သွေးသွင်းကုသရန်မှာ မဖြစ် နိုင်ခြင်း အစရှိသည့်အခက်အခဲများရှိကြောင်း၊ သွေးကင်ဆာလူနာဦးရေမှာ အမေရိကန်ပြည်ထောင်စုတစ်ခု တည်းတွင်ပင် ၁.၂ သန်းထက်မနည်း ရှိကြောင်း၊ လူနာကိုယ်တိုင်၏ ပင်စည်ဆဲလ်ကိုအသုံးပြုကာ သွေးဥနီ ထုတ်ပေးနိုင်မည့် ပင်စည်ဆဲလ်ကို ထုတ်ယူနိုင်ပါလျင် အသက်ပေါင်းသန်းပေါင်းများစွာကို ကယ်တင်နိုင်မည် ဖြစ်ကြောင်း၊ ၄င်းစမ်းသပ်မှုသည်လည်း အောင်မြန်ရန် နီးစပ်လာပြီဖြစ်ကြောင်း Daley က ပြောပြသည်။သွေးဥနီကိုဖြစ်စေတဲ့ ပင်စည်ဆဲလ်တွေဟာ အသက်ကယ်တဲ့ဆဲလ်တွေဖြစ်ပါတယ်။ အဲဒီဆဲလ်တစ်ခုတည်းက လူ့ ခန္ဓာတစ်ခုလုံးရဲ့ရောဂါခုခံတဲ့စနစ်ကိုဖန်တီးတည်ဆောက်ပေးနိုင်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် လူ့ ခန္ဓာကိုယ် ထဲက သွေးလွတ်ကြော၊သွေးပြန်ကြောနဲ့  သက်ဖြစ်အင်္ဂါတွေအားလုံးကို ဖန်တီးတည်ဆောက်ပေးတဲ့ မူလအစ ဆဲလ်တွေက ဒီပင်စည်ဆဲလ်ပဲ ဖြစ်ပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည်။သွေးကင်ဆာလူနာအတွက် လိုအပ်တဲ့သွေးဥတွေကိုထုတ်လုပ်နိုင်ဖို့  သူ့ ခန္ဓာကိုယ်ထဲက ပင်စည်ဆဲလ်ကိုပဲ ပြန်ပြီးအသုံးပြုနိုင်ပြီဆိုတာနဲ့ တပြိုင်နက် သွေးကင်ဆာကြောင့် အသက်သေဆုံးရသူအမြောက်အများကို အသက်ကယ်တင်နိုင်တော့မှာဖြစ်ပါတယ်ဟု ၄င်းက ဖြည့်စွက်ရှင်းပြသည်။

သွေးကင်ဆာဝေဒနာခံစားနေရသည့်လူနာများသည် ပြင်းထန်လှသည့် ဓါတ်ကင်ခြင်း၊ ဓါတုပစ္စည်း များဖြင့် ကုသမှုခံရခြင်း တို့ ကို ခံယူရကြောင်း၊ ၄င်းကုသမှုတွင် သွေးဥများ ပျက်စီးဆုံးရှုံးရလေ့ရှိကြောင်း၊ ၄င်း သွေးဖြူဥများ ပြန်လည်ဖြစ်ထွန်းနိုင်စေရန် ရိုးတွင်းချဉ်ဆီ အစားထိုးကုသမှုခံယူရကြောင်း၊ ၄င်းရိုးတွင်းချဉ်ဆီ အစားထိုးမှုခံယူရာတွင် အလှူရှင်နှင့်လူနာအကြား ဓါတ်မတည့်မှုများ ဖြစ်ပွားလေ့ရှိကြောင်း၊ ထို့ ကြောင့် သွေးကင်ဆာလူနာများတွင် အသက်ရှင်ရန် ရာခိုင်နှုန်း နည်းပါးရခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုတွင် ၉ မိနစ်လျင် လူတစ်ဦးနှုန်း သွေးကင်ဆာရောဂါကြောင့် သေဆုံးလျက် ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ