ယီမင်နိုင်ငံ၌ ကာလဝမ်းရောဂါကြောင့် လူ ၁ ၈ ၆ ဦးသေဆုံးကာ ၁၄ဝဝဝ ကျော် ရောဂါကူးစက်ခံနေရ


ယီမင်နိုင်ငံ၌ ဧပြီ ၂၇ ရက်မှစ၍ ကာလဝမ်းရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူအနည်းဆုံး ၁၈၆ ဦးအထိရှိလာပြီး ၁၄ဝဝဝကျော်မှာ ရောဂါကူးစက်ခံနေရကြောင်း မေ၁၇ ရက်တွင် ကမ္ဘာ့ကျန်း မာရေးအဖွဲ့အစည်း (WHO) ကထုတ်ပြန် သည့် အစီရင်ခံစာတစ်စောင်အရ သိရသည်။

၎င်းကာလဝမ်းရောဂါကူးစက်မှုအများဆုံးဖြစ်ပွားသည့်နေရာမှာ ဆာနားမြို့တော်မှဖြစ်ကြောင်း (WHO) က ထုတ်ပြန် ထားသည်။

နိုင်ငံအတွင်း ၎င်းကာလဝမ်းရောဂါကူးစက်ခံရမှုကြောင့် လူ ၁၁၅ ဦးသေဆုံးကာ ရောဂါ ကူးစက် ခံရသည်ဟု ယူဆရသူအရေအတွက်၂၅၆၇ ဦးအထိရှိကြောင်း နိုင်ငံပိုင် Saba သတင်းဌာနက ထုတ်ပြန်ပြီး နောက် ဆာနားမြို့တော် အတွင်း ၎င်းရောဂါနှင့် ပတ်သက်၍ ယီမင်နိုင်ငံ ပြည်သူ့ ကျန်းမာရေးနှင့်လူအင်အားဝန်ကြီးဌာနက အရေးပေါ်အခြေ အနေ ထုတ်ပြန်ပြီး ၂၄ နာရီအတွင်း အဆိုပါ ကူး စက်မှုနှင့်သေဆုံးမှုများမြင့်တက်လာခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံအတွင်း၌ ကာလဝမ်းရောဂါကူးစက်ခံရသူအရေအတွက်တိုးမြင့်လာမှုနှင့်အတူ ယီမင်နိုင် ငံရှိ ဆေးရုံများ အနေဖြင့် လည်းယင်း ကိစ္စကို ခက်ခက်ခဲခဲ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့က သ တိပေးပြောဆိုထားသည်။

ယီမင်နိုင်ငံတွင် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် အဆိုပါကာလဝမ်းရောဂါ ပထမဦး ဆုံးဖြစ်ပွားခြင်းဖြစ်သည်ဟု ယီမင်နိုင်ငံ ပြည်သူ့ကျန်းမာရေးနှင့်လူအင်အားဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

ယီမင်နိုင်ငံ အတွင်း၌ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ဆေးရုံမျာ ပိတ်ထားရသည့်အတွက် ကျန်းမာ ရေးစနစ်မှာ ယိုင်နဲ့ လာကြောင်း WHO က သတိပေးထားသည်။

မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ