အမျိုးသမီးတွေအနေနဲ့ အမျှင်ဓာတ်များတဲ့အစားအစာတွေကို စားသုံးပေးရင် ရင်သားကင်ဆာဖြစ်ပွားနိုင်မှုကို လျှော့ချနိုင်

ဟားဗတ်တက္ကသိုလ်က ပညာရှင်တွေရဲ့ လေ့လာချက်အရတော့ အမျိုးသမီးတွေအနေနဲ့ ငယ်ရွယ်စဉ်နဲ့ အရွယ်ရောက်ပြီးချိန်တွေမှာ  အမျှင်ဓာတ်များတဲ့ အစားအစာတွေကို စားသုံးပေးရင်တော့ ရင်သားကင်ဆာဖြစ်ပွားနိုင်မှုကို ရာနှုန်း ၂၀ အထိကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ အမျိုးသမီးတွေအနေနဲ့တော့ အရွယ်ရောက်ပြီးအချိန်မှာ အမျှင်ဓာတ်များတဲ့အစားအစာတွေကို စားသုံးပေးတာက အသက်အရွယ်ကြီးလာတဲ့အချိန်မှာ ရင်သားကင်ဆာဖြစ်ပွားမှုမရှိအောင်ကို လျှော့ချပေးနိုင်ပါတယ်။

လေ့လာသူတွေဟာဆိုရင်တော့ အမျိုးသမီးတွေရဲ့ စားသောက်နေထိုင်ပုံတွေကို လေ့လာခဲ့ကြပါတယ်။ ဒီလိုလေ့လာချက်တွေအရတော့ အရွယ်ရောက်ပြီးချိန်မှာ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို ပုံမှန် စားသုံးတဲ့အမျိုးသမီးတွေဟာဆိုရင်တော့ ရင်သားကင်ဆာဖြစ်ပွားနိုင်မှုကို ၁၆ ရာနှုန်းကနေ ၂၄ ရာနှုန်းအထိ လျှော့ချနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

အမျိုးသမီးတွေ လူလားမြောက်လာတဲ့အချိန်မှာ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကနေရရှိတဲ့ အမျှင်ဓာတ်တွေကို တစ်နေ့ကို ၁၀ ဂရမ်လောက် ဖြည့်စွက်စားသုံးပေးတာဟာဆိုရင်တော့ ရင်သားကင်ဆာကို မဖြစ်ပွားနိုင်တော့အောင်ကို တားဆီးပေးနိုင်ပါတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေကတော့ ပန်းဂေါ်ဖီစိမ်း ၊ ငှက်ပျောသီး ၊ လိမ္မော်သီး ၊ ပန်းသီး ၊ အာလူး စတဲ့အစားအစာတွေဖြစ်ပါတယ်။

လေ့လာသူတွေကတော့ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေက ဒီရောဂါဖြစ်နိုင်စွမ်းကို ဘာကြောင့် လျှော့ချပေးတယ်ဆိုတာကို မသိကြသေးပါဘူး။
အမျှင်ဓာတ်ပါတဲ့အစားအစာတွေဟာ သွေးတွင်းမှာ အက်စထရိုဂျင်ပါဝင်မှုကို လျှော့ချပေးနိုင်ပြီး ဒီဓာတ်ဟာ ရင်သားကင်ဆာနဲ့ ဆက်စပ်မှုရှိလားဆိုတာကိုတော့ သုတေသီတွေက ဆက်လက်လေ့လာသွားမှာပါ။

ရင်သားကင်ဆာဟာဆိုရင်တော့ အမေရိကန်အမျိုးသမီးတွေကြားမှာ အရေပြားကင်ဆာပြီးရင် အဖြစ်အများဆုံး ရောဂါတစ်မျိုးဖြစ်ပြီး နှစ်စဉ် အမေရိကန်အမျိုးသမီး နှစ်သိန်းခွဲနီးပါးခံစားနေရတဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။



( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : MNT


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ