လေ့ကျင့်ခန်းအနည်းငယ်ပြုလုပ်ပေးခြင်းက အမျိုးသမီးငယ်တွေရဲ့ နှလုံးကျန်းမာရေးကိုအထောက်အကူပြု


အမျိုးသမီးငယ်တွေအနေနဲ့ တစ်ပတ်မှာ လေ့ကျင့်ခန်းကို ၂.၅နာရီ ခန့်သာပြုလုပ်ပေးတာတောင် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်ပွားမှုနှုန်းကို ၂၅ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုအသစ်တစ်ရပ်က အကြံပြုခဲ့ပါတယ်။

“အပြုအမူနဲ့ ရွေးချယ်မှုတွေဟာ ကျွန်တော်တို့ကို ပထမနာရီဝက်မှာ နေထိုင်လို့ကောင်းအောင်ပြုလုပ်ပေးပြီး ဒုတိယနာရီဝက်မှာတော့ နာတာရှည်ရောဂါတွေကနေ ကင်းလွတ်အောင်ပြုလုပ်ပေးစေနိုင်ပါတယ်” လို့ ဘယ်လ်တီမိုးမှာရှိတဲ့ ဂျွန်ဟော့ပ်ကင်း ဆေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာ Erin Minchos ကဆိုပါတယ်။

“လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးရင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါဝေဒနာတွေ၊ ကင်ဆာ၊ ဆီးချိုရောဂါနဲ့ တခြားနာတာရှည်ကျန်းမာရေး အခြေအနေတွေကနေ လျှော့ချပေးနိုင်ပါတယ်” လို့ Minchos ကဆက်ပြောခဲ့ပါတယ်။

သုတေသနကိုဦးဆောင်တဲ့ Andrea Chomistek က အမျိုးသမီးတွေအနေနဲ့ လေ့ကျင့်ခန်းတွေကို တစ်ပတ်မှာ မိနစ် ၁၅၀လောက်ပြုလုပ်ပေးတာတောင် ကောင်းမွန်တဲ့ လက္ခဏာတွေဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ GYM ဆော့တာ၊ စက်ဘီးစီးတာ ဒါမှမဟုတ် တခြား လှုပ်ရှားမှုတွေပြုလုပ်တာဟာ ပျော်ရွှင်ကျန်းမာစေတဲ့အပြင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေကိုလည်းရှောင်လွဲနိုင်တယ်လို့ သူမက ဆိုခဲ့တာဖြစ်ပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ