သစ်ကြမ်းပိုးခေါက်က ဦးနှောက်ရဲ့သင်ကြားမှုစွမ်းရည်တွေကို တိုးတက်စေနိုင်


သစ်ကြမ်းပိုးခေါက်ကို နေ့စဉ်မှီဝဲစားသုံးခြင်းဟာ သင်ကြားမှုစွမ်းရည်နဲ့ မှတ်ဥာဏ်အားတိုးချင်နေကြတဲ့ ကျောင်းသားကျောင်းသူတွေအတွက် သတင်းကောင်းဖြစ်ကြောင်း မကြာသေးခင်ကပဲ ကြွက်တွေနဲ့ လေ့လာစမ်းသပ်ခဲ့ပြီးဖြစ်ပါတယ်။

သစ်ကြမ်းပိုးခေါက် ကုထုံးဟာ ကြွက်တွေကို ၀င်္ကဘာထဲမှာ ပိုပြီးမြန်မြန်ဆန်ဆန် သွားလာစေနိုင်တဲ့ စမ်းသပ်လေ့လာမှုကို U.S. Department of Veterans Affairs မှ သုတေသီတွေက ပြုလုပ်ခဲ့ကြပြီး ဦးနှောက်စွမ်းဆောင်ရည်တွေကို မြှင့်တင်ရာမှာ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

သင်ယူမှုနှေးကွေးတဲ့ ကြွက်တွေကို သစ်ကြမ်းပိုးခေါက်ကိုက်ဖြတ်စေပြီးတဲ့အခါ ၀င်္ကဘာအတွင်းဖြတ်သန်းစေရာတွင် ထွက်ပေါက်ကို ပုံမှန်ထက် အချိန်တစ်ဝက်ခန့် စောစီးစွာ တွေ့ရှိခဲ့ကြပါတယ်။

သစ်ကြမ်းပိုးခေါက်ကို အစာချေဖျက်ပြီးချိန်မှာ ခန္ဓာကိုယ်အတွင်း Sodium Benzoate ဓါတ်ပေါင်းတွေ ထွက်ရှိလာပြီး ဦးနှောက်အတွင်း ၀င်ရောက်ခါ ဦးနှောက်လုပ်ငန်းဆောင်တာတွေကို တိုးမြှင့်ဆောင်ရွက်စေတယ်လို့ သိရပါတယ်။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI 


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ