စားသုံးသင့်ပေမယ့် မစားဖြစ်တဲ့ အစားအစာများ



အချိုတွေနဲ့ အနီရောင်အသားတွေကို လျှော့စားပြီး အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုပြီးစားသင့်တယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။

ဒါပေမယ့် ကျန်းမာရေးအတွက် ပိုမိုအထောက်အကူပြုပြီး ဘယ်တုန်းကမှ မတွေးမိဘူးတဲ့ အစားအစာတစ်ချို့ရှိနေပါသေးတယ်။

ခန္ဓာကိုယ်အတွက် အထောက်အကူပြုပေမယ့် စားလို့ရတယ်ဆိုတာကို မေ့နေတတ်ကြတဲ့သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

ငှက်ပျောသီးခွံ

ငှက်ပျောသီးကို အခိုင်လိုက် စားရမလား အေးဆေးပဲဆိုပေမယ့် ငှက်ပျောသီးခွံတော့ မစားဖြစ်ကြတာ အသေအချာပါပဲ။ အံ့သြစရာကောင်းတာကတော့ အဲဒီငှက်ပျောသီးခွံတွေက ပိုပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတာပါပဲ။ ငှက်ပျောခွံမှာ အမျှင်ဓါတ်၊ ဗီတာမင်စီ၊ ဗီတာမင် B6 နဲ့ မဂ္ဂနီဆီယမ်ဓါတ်တွေ များစွာပါဝင်တာကြောင့် စားသုံးပေးသင့်ပါတယ်။ ဖျော်ရည်ထဲ ထည့်ဖျော်တာဖြစ်စေ၊ ကြော်စားတာဖြစ်စေ၊ မုန့်ဖုတ်ခြင်း သို့ နှုးညံ့သွားအောင် ပြုတ်စားတာဖြစ်စေ ပြုလုပ်စားသုံးနိုင်ပါတယ်။

ခရစ်ကက်မုန့်နဲ့ အင်းဆက်များ

Exo အမည်ရှိ ကုမ္ပဏီကထုတ်လုပ်တဲ့ အသားဓါတ်များပါဝင် သွားရည်စာ ခရစ်ကက်မုန့်ဟာလည်း စားသုံးသင့်တယ်လို့ ဆိုပါတယ်။

United Nations Food and Agriculture Organization ရဲ့ အစီရင်ခံစာအရ အင်းဆက်စားသုံးခြင်းဖြင့် ကမ္ဘာ့အငတ်ဘေးကိုလည်း လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ အင်းဆက်တွေဟာ မွေးမြူရလွယ်ကူပြီး ပေါများတာကြောင့် စားလို့ရပါသတဲ့။

ကိုးလ်ရာဘီ ဂေါ်ဖီထုပ်

ကြားဖူးနားဝကိုမရှိတဲ့ ကိုးလ်ရာဘီအမည်ရှိ ဂေါ်ဖီထုပ်တစ်မျိုးဟာ အမျှင်ဓါတ်အပြည့်အ၀ပါတဲ့အပြင် ဗီတာမင် စီနဲ့ B6၊ ပိုတက်ဆီယမ်ဓါတ်တွေ အများကြီးပါဝင်တာကြောင့် စားလို့ရပါတယ်။

ပန်းပွင့်စိမ်းပြုတ်ရည်

နောက်တစ်ခါ ပန်းပွင့်စိမ်းပြုတ်ပြီးရင် ပြုတ်ရည်တွေကို သွန်မပစ်ပါနဲ့! အာဟာရများစွာပါဝင်တဲ့ ဒီပြုန်ရည်ကို စွပ်ပြုတ်ရည်၊ ဆော့စ်တွေမှာ ထည့်သွင်းချက်ပြုတ်သင့်ပါတယ်။

 ( Michelle )





#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref :MSN


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ