ပိုးဟပ်နို့ရည်ဟာ အနာဂါတ်ရဲ့ စူပါအစားအစာဖြစ်လာမလား?


ကော်ဖီဆိုင်တွေကို သွားတဲ့အခါ နွားနို့အစား သစ်အယ်စေ့နို့ရည်၊ အုန်းနို့ရည် စတာတွေကို ကော်ဖီထဲမှာ အစားထိုးထည့်နေကြတာကို တွေ့နေရပါပြီ။ ဒါထက်ပိုပြီး ထူးခြားသွားအောင် ပိုးဟပ်နို့ရည်နဲ့ မြည်းစမ်းကြည့်ဖို့ ကမ္ဘာကြီးက အဆင်သင့်ဖြစ်နေပြီလား ဆိုတာပါပဲ။

သိပ္ပံပညာရဲ့ တိုးတက်တီထွင်မှုအသစ်ကတော့ အံ့ဘနန်းပါပဲ။ သုတေသီတွေရဲ့ လေ့လာချက်အရ ပိုးဟပ်ရဲ့ပါးဟက်ကြားက ထွေးထုတ်လိုက်တဲ့ ခရစ်စတယ်တွေမှာ နို့ပရိုတင်းဓါတ်အပြည့်အ၀ ပါတဲ့ ခရစ်စတယ်တွေ အများကြီးပါဝင်နေပြီး ဒါဟာ အလွန်ကောင်းမွန်တဲ့ တွေ့ရှိချက်ဖြစ်ပါသတဲ့။

 “ ဒီခရစ်စတယ်မှုန်တွေဟာ စားစရာတစ်ခုလိုဖြစ်နေပြီး ပရိုတင်း၊ အဆီနဲ့ သကြားဓါတ်တွေ ပါဝင်ပါတယ်။ ပြီးတော့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေလည်း အပြည့်အ၀ပါဝင်ပါတယ် “ လို့ သုတေသီတစ်ဦးက ဆိုပါတယ်။

ပညာရှင်တွေဟာ အခုဆိုရင်တော့ ဒီခရစ်စတယ်ခဲလေးတွေကို အမြောက်အမြားရရှိနိုင်မယ့် နည်းလမ်းကို ရှာဖွေနေကြပါသတဲ့။ မကြာခင်အချိန်အတွင်းမှာပဲ ပိုးဟပ်နို့ရည်ဟာ အရောင်းရဆုံးစားစရာ ဖြစ်လာနိုင်ဖို့ ရှိနေပါပြီ!


 ( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

 Ref : MSN

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ