အရက်သောက်ခြင်းက အနည်းဆုံးကင်ဆာအမျိုးအစား ၇မျိုးကို တိုက်ရိုက်ဖြစ်ပေါ်စေ


ကျန်းမာရေး ကျွမ်းကျင်သူတွေကတော့ အရက်အပေါ်ကို သတိပေးတဲ့ ထုတ်ပြန်ချက်တစ်ခုကိုထပ်မံ ထုတ်ပြန်လိုက်ပြန်ပါပြီ။ လေ့လာချက်အသစ်တစ်ရပ်အရ အယ်လ်ကိုဟောဟာ ပမာဏအနည်းငယ် သောက်သုံးရုံနဲ့တင် ကင်ဆာအမျိုးအစား ၇မျိုးကို တိုက်ရိုက်ဖြစ်ပွားစေနိုင်တယ်လို့ သိရပါတယ်။

သိပ္ပံပညာရှင်တွေနဲ့ ကမ္ဘာ့ကင်ဆာအဖွဲ့ကြီးတို့ရဲ့ ဆယ်နှစ်ကြာလေ့လာတဲ့ သုတေသနတစ်ရပ်အရ အရက်သောက်သုံးတာဟာ အသည်းကင်ဆာအပြင်၊ အူမကြီးကင်ဆာ၊ စအိုကင်ဆာ၊ ရင်သားကင်ဆာ၊ အာခေါင်ကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ အစာပြွန်ကင်ဆာတွေကို တိုက်ရိုက်ဖြစ်ပွားစေနိုင်တာဖြစ်တယ်လို့ The Guardian ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

“အရက်သောက်တာဟာ နည်းနည်းလေးတောင် မလုံခြံစေပါဘူး” လို့ ဒီသုတေသနကို ရေးသားသူ Jennie Connor ကဆိုခဲ့တာပါ။ အရက်ကို တစ်ရက် ၅၀ဂရမ် (ဘီယာ ၂.၆ခွက် သို့မဟုတ် ဝိုင်၆အောင်စခွက် သုံးခွက်) သောက်သုံးတာဟာ အာခေါင်၊ လည်ချောင်းနဲ့ အစာပြွန်တွေမှာ ကင်ဆာဖြစ်ပွားဖို့အတွက် လေးဆကနေ ခုနှစ်ဆအထိ များပြားစေပြီး တခြားနေရာတွေအတွက် ၁.၅ဆ များပြားစေပါတယ်။

 အဲ့ဒီအပြင် အရေပြား၊ သုတ်ရည်ဂလင်းနဲ့ ပန်ကရိယတို့မှာလည်း ကင်ဆာဖြစ်ပွားနိုင်ခြေရှိပါတယ်။
ဒါပေမယ့် သောက်တာကိုလျှော့ချလိုက်မယ်ဆိုရင်တော့ လည်ချောင်းနဲ့ အသည်းတွေမှာ ကင်ဆာဖြစ်ပွားနိုင်ခြေကနေ လျော့ကျသွားတယ်လို့ သိရပါတယ်။


( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : USA Today

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ