ကြံ့ခိုင်ရေးစောင့်ကြည့်ကိရိယာများ ကယ်လိုရီလောင်ကျွမ်းမှုကို တိုင်းတာနိုင်အား နည်းပါး


Fitness Tracker ဟု ခေါ်သည့် ကြံ့ခိုင်ရေးစောင့်ကြည့်ကိရိယာများနှင့် အပလီကေးရှင်းများသည် နှလုံးခုန်နှုန်းကိုတိုင်းတာနိုင်အား ကောင်းမွန်သော်လည်း ကယ်လိုရီလောင်ကျွမ်းမှုကို တိုင်းတာရာတွင်မူ အားနည်းသည်ကို တွေ့ရှိရကြောင်း အမေရိကန်ပြည်ထောင်စု၊ Standford University မှ သုတေသီများက ပြောသည်။ လူတွေက ကြံ့ခိုင်ရေးစောင့်ကြည့်ကိရိယာတွေအပေါ် ယုံကြည်မှုလွန်ကဲသွားနိုင်ပါတယ်။ ဒီကိရိယာတွေ၊ အပလီ ကေးရှင်းတွေက ပြတဲ့ ကိန်းဂဏန်းတွေကိုယုံကြည်ပြီး အစား အသောက်ရွေးချယ်မှုနဲ့  ပမာဏခန့် မှန်းမှုမှာ အား နည်း သွားနိုင်ပါတယ်။

 ဒါ့အပြင် လူတစ်ယောက်က အားကစားလှုပ်ရှားမှုကို ပမာဏဘယ်လောက်အထိ လုပ်ရမယ် ဆိုတာတွေကို တွက်ချက်တာတွေလည်း လွဲချော်သွားနိုင်ပါတယ် ဟု သုတေသီများက ပြောသည်။သုတေသီများသည် လက်ကောက်ဝတ်တွင်ပတ်ထားရသည့် ကြံ့ခိုင်ရေးစောင့်ကြည့် ကိရိယာများ၏ အဖြေတိကျမှုကို စောင့်ကြည့်လေ့လာခဲ့ကြောင်း၊ အသုံးပြုသူများ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ပြေးခြင်း တို့ ကို ပြုလုပ်ခဲ့ ကြောင်း၊ ထိုသို့ လေ့လာဆန်းစစ်ခဲ့ရာ ကြံ့ခိုင်ရေးစောင့်ကြည့် ကိရိယာများသည် နှလုံးနှင့်ပတ်သက်သည့်တိုင်းထွာမှု များကိုပြုလုပ်ရာတွင် ကွဲလွဲမှု ၅ ရာခိုင်နှုန်း သာရှိခဲ့သဖြင့် တိကျမှုအားကောင်းသည်ဟု ဆိုနိုင်သော်လည်း ကယ်လိုရီ လောင်ကျွမ်းမှုအားကို တိုင်းတာရာတွင်မူ ကွဲလွဲမှုများပြားနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျွန်တော်တို့ က Apple Watch, Fitbit Surge, Basis Peak, Microsoft Band, PulseOn နဲ့  Mio Alpha 2 အမျိုး အစား ကြံ့ခိုင်ရေးစောင့်ကြည့် ကိရိယာတွေကို လေ့လာဆန်းစစ်ခဲ့ပါတယ်။

 ဒီအမျိုးအစားတွေရဲ့ ကယ်လိုရီတွက်ချက် မှု အား နည်းပါတယ်။ ဒါပေမယ့် Samsung Gear S2 ကတော့ မှားယွင်းမှုအမြင့်ဆုံးဖြစ်ပြီး အမှန်တစ်ကယ် ရှိသင့် တဲ့ အချက်အလက်တွေနဲ့  ကွဲလွဲမှု ၆.၈ ရာခိုင်နှုန်း ရှိတာကို တွေ့ ရပါတယ် ဟု သုတေသီတစ်ဦးဖြစ်သူ Dr Euan Ashley က ပြောပြသည်။ ထို့ ကြောင့် ကြံ့ခိုင်ရေးစောင့်ကြည့်ကိရိယာများကို အသုံးပြုသူများအနေဖြင့် ယုံကြည်မှု လွန်ကဲခြင်း မဖြစ်စေရန်နှင့် အခြားသောနည်းစနစ်များဖြင့်လည်း မိမိခန္ဓာကိုယ်တွင်း ကယ်လိုရီလောင်ကျွမ်းမှုကို တိုင်းတာရန် လိုအပ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ