လေဖြတ်လူနာများအတွက် စိတ်ဖြင့်ထိန်းချုပ်နိုင်မည့် ကိရိယာကို စမ်းသပ်ထုတ်လုပ်


အမေရိကန်ပြည်ထောင်စု၊ Washington University မှ သုတေသီများက စိတ်ဖြင့်ထိန်းချုပ်နိုင်ပြီး ကိုယ်တစ်ပိုင်း သေနေသောလူနာများအနေဖြင့် ယခင်က မလှုပ်ရှားနိုင်ခဲ့သည့် ခန္ဓာကိုယ်အစိပ်အပိုင်းများကို ပြန်လည်အာရုံ ခံစားနိုင်အောင်နှင့် ပြန်လည်ထိန်းချုပ်နိုင်အောင် ပြုလုပ်ပေးနိုင်သည့် ကိရိယာ Ipsihand ကို စမ်းသပ် ထုတ်လုပ်ထား ကြောင်း သိရသည်။

နှစ်စဉ်နှစ်တိုင်းဆိုသလို ကမ္ဘာတ၀န်းမှာ လူပေါင်း ၁၅ သန်းထက်မနည်း လေဖြတ်ရောဂါ ခံစားကြရပါတယ်။ သူတို့ ထဲက ၅ သန်းထက်မနည်းဟာ အမြဲတမ်းအတွက် မလှုပ်နိုင်၊မရှားနိုင်တော့တဲ့ဘ၀ကို ရောက်သွားကြ ပါတယ်။ အခု ကျွန်တော်တို့ ထုတ်လုပ်ထားတဲ့ စိတ်နဲ့ ထိန်းချုပ်နိုင်တဲ့ Ipsihand က အဲဒီလေဖြတ်လူနာတွေကို ဘ၀သစ်ပြန်ပေးနိုင်ပါလိမ့်မယ် ဟု သုတေသီတစ်ဦးဖြစ်သူ Eric Leuthardt က ပြောပြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၁၀ နှစ်ခန့် က စတင်တွေ့ ရှိခဲ့သည့် ဦးနှောက်နှင့် အာရုံကြော နည်းပညာအပေါ် အခြေခံကာ Ipsihand ကို ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊ ဦးနှောက်၏ ဗယ်ဘက်ခြမ်းသည် ခန္ဓာကိုယ်ညာဘက်ခြမ်း၏ လှုပ် ရှားမှုအ၀၀ကိုထိန်းချုပ်ပြီး ညာဘက်ခြမ်းက ခန္ဓာကိုယ်ညာဘက်ခြမ်းကို ထိန်းချုပ်ခြင်းဖြစ်ကြောင်း၊ သို့ သော် ဦးနှောက်ထဲတွက် တူညီသောဘက်ခြမ်း၏ လှုပ်ရှားမှုကိုထိန်းချုပ်သည့် နေရာငယ်လေးတစ်ခုရှိကြောင်း၊ ၄င်းနေ ရာသည် ဦးနှောက်၏ ညာဘက်ခြမ်း ၊သို့ မဟုတ် ဗက်ဘက်ခြမ်းက အလုပ်မလုပ်မီ မီလီစက္ကန့် မျှစောကာ အလုပ် လုပ်ကြောင်း သိရသည်။ ဦးနှောက်ရဲ့  ဗက်ဘက်ခြမ်းပျက်စီးသွားရင် ခန္ဓာကိုယ်ရဲ့ ညာဘက်ခြမ်းက အလုပ်မလုပ်နိုင်တော့ပါဘူး။

ဒါပေ မယ့် ခုနကပြောပြခဲ့တဲ့ ဘက်မလိုက်အပိုင်းလေးထဲမှာတော့ ဗက်ဘက်ခြမ်းက လှုပ်ရှားဖို့ ရည်ရွယ်လိုက်တဲ့ signal သွားပေါ်ပါတယ်။ ဒါပေမယ့် အဲဒီ signal သွားဖို့ ဗက်ဘက်ဦးနှောက်က အဆင်မပြေတော့ပါဘူး။ အဲဒီ တော့ အဲဒီ signal တွေကို ညာဘက်ဦးနှောက်စီ ပို့ ပါတယ်။ အဲဒီ signal တွေကို Ipsihand က ထောက်လှမ်း သိရှိပြီး ခုနက မလှုပ်နိုင်တော့တဲ့၊မသိနိုင်တော့တဲ့ ခန္ဓာကိုယ်ဘက်ခြမ်းကို ပြန်ပြီး အသိနဲ့ အထိအတွေ့ တွေကို ပေးနိုင်ခြင်းဖြစ်ပါတယ် ဟု Eric က ဆက်လက်ပြောပြသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ