လူလတ်ပိုင်းအရွယ်တွင် ၀လာရခြင်းမှာ အင်ဇိုင်းတစ်မျိုးကြောင့်ဟုဆို


လူလတ်ပိုင်းအရွယ်တွင် အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ၀လာတတ်ကြခြင်းမှာ မော်လီကျူးတစ်မျိုး ကြောင့်ဖြစ်ပြီး ၄င်းမော်လီကျူးကို ထိန်းချုပ်ပေးခြင်းအားဖြင့် အသက် ၃၀ နောက်ပိုင်း ကိုယ်အလေးချိန် တိုးလာရခြင်းကို ဟန့် တားသွားနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း အမေရိကန်ပြည်ထောင်စု၊ အမျိုးသား နှလုံး၊ အဆုပ် နှင့် သွေး ဘက်ဆိုင်ရာ တက္ကသိုလ်မှ သုတေသီများကပြောသည်။

လူလတ်ပိုင်းအရွယ်ကိုရောက်လာရင်ပေါင်တွေတက်လာကြပါတယ်။ အဲဒါဟာ အစားအစာရွေးချယ်မှု နဲ့  ကိုယ်လက်လှုပ်ရှားမှု အားနည်းလို့  လို့  ယေဘုယျ ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် တစ်ကယ်တမ်းမှာ ဗီဇဓါတုပစ္စည်းတွေထဲက အင်ဇိုင်းတစ်မျိုးကြောင့်ဖြစ်ပါတယ် ဟု သုတေသီ ဒေါက်တာ Jay Chung က ပြောပြသည်။ သတ္တ၀ါတို့  အိုမင်းရင့်ရော်လာသည်နှင့်အမျှအင်ဇိုင်းတစ်မျိုးကလှုပ်ရှားမှုပိုလာလေ့ရှိကြောင်း၊ ၄င်းအင်ဇိုင်းလှုပ်ရှားမှုများလေ၊ကိုယ်အလေးချိန်တိုးလေဖြစ်ပြီးခန္ဓာကိုယ်အချိုးအစားပျက်စီးလေဖြစ်ကြောင်း ကြွက်များတွင်စမ်းသပ်မှုအရ ၄င်းအင်ဇိုင်းကို ပိတ်ဆို့ ထားပြီး အဆီများသောအစားအစာများကို စားစေ သော်လည်း ကိုယ်အလေးချိန်တိုးလာခြင်းလျော့နည်းသွားသည်ကိုတွေ့ရကြောင်းသိရသည် ။

လူလတ်ပိုင်းအရွယ်ကိုရောက်လာတဲ့အခါ အစားအသောက်မဆင်ခြင်လို့ ၊ ကိုယ်လက်လှုပ်ရှားမှုနည်းလို့  ၀လာတာ ဆိုပြီး ကျွန်တော်တို့  အပြစ်တင်လေ့ရှိပါတယ်။ လူတွေက အစားတွေရှောင်ပြီး လေ့ကျင့်ခန်း တွေ လုပ်ရပါတယ်။ ကိုယ်အလေးချိန်ကျပါတယ်။ ဒါပေမယ့် ခဏပါပဲ။ ပြီးရင် ပြန်တက်လာပါတယ်။ ဒါဟာ လှုပ်ရှားမှုလွန်ကဲနေတဲ့ အင်ဇိုင်းတစ်မျိုးကြောင့် အဆီပိုတွေတက်ပြီး ကိုယ်လက်လှုပ်ရှားချင်စိတ်တွေကို ကုန်ဆုံးစေတဲ့ အထောက်အထားတွေကို ရရှိထားပြီးဖြစ်ပါတယ် ဟု Jay Chung က ပြောသည်။

ကြွက်တွေမှာတော့ အဲဒီအင်ဇိုင်းကို တားဆီးပိတ်ဆို့ ထားနိုင်ခဲ့ပါတယ်။ လူတွေမှာကော အဲဒီ အင်ဇိုင်းကို တားဆီးပိတ်ဆို့ ထားနိုင်မလားဆိုတာ ဆက်လက်စမ်းသပ်ရပါဦးမယ်။ တားဆီးပိတ်ဆို့ တာခြင်းအတူတူ အကျိုးခြင်းကော တူမလားဆိုတာလည်း အဖြေရှာရဦးမယ့် မေးခွန်းပါ။ အောင်မြင်သွားရင်တော့ လူလတ် ပိုင်းအရွယ်မှာ ၀လာတဲ့ပြဿနာကို ကျွန်တော်တို့ အောင်မြင်စွာဖြေရှင်းသွားနိုင်မှာဖြစ်ပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။ အဆိုပါအင်ဇိုင်းမှာ DNA-dependent protein kinase ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ