အ၀တ်အထည်ဆိုင်များရှိ လူပုံစံအရုပ်များကြောင့် စိတ်ကျန်းမာရေးကိုထိခိုက်စေနိုင်


အ၀တ်အထည်ဆိုင်များ၌အ၀တ်အစားသစ်များကိုဝတ်စားဆင်ယင်ပြသနိုင်ရန် ထားရှိလေ့ရှိသည့် လူပုံစံ မော်ဒယ်အရုပ်များကို မြင်တွေ့ရဖန်များလာသောအခါ စိတ်ကျန်းမာရေးကိုထိခိုက်စေနိုင်သည်ကို တွေ့ ရှိရ ကြောင်း UK အခြေစိုက် စိတ်ကျန်းမာရေးသုတေသီများက ပြောသည်။မော်ဒယ်အရုပ်တွေရဲ့ ခန္ဓာကိုယ်အချိုးအစားက လက်တွေ့ မှာမဖြစ်နိုင်တဲ့အချိုးအစားဖြစ်ပါတယ်။ အထူး သဖြင့် မိန်းကလေးဝတ် အထည်တွေရောင်းတဲ့ဆိုင်က မော်ဒယ်အရုပ်တွေပါ။ လှချင်ပချင်တဲ့မိန်းကလေး တွေက အဲဒီမော်ဒယ် အရပ်တွေအတိုင်း ပိန်ပါးသွယ်လျဖို့ ၊ ခါးသေးရင်ချီဖို့ ၊ အစရှိသည်ဖြင့် ကြိုးပမ်းလာ ကြပါတယ်။

အဲဒီလိုကြိုးပမ်းလာတဲ့အခါ မဖြစ်နိုင်တာကို ကြိုးစားမိပြီးသားဖြစ်သွားတဲ့အတွက်စိတ်ကျရော ဂါ တွေ ၀င်လာတတ်သလို မော်ဒယ်အရုပ်နဲ့ အနီးစပ်ဆုံးတူလာတဲ့အခါလည်း အဲဒီခန္ဓာကိုယ်အချိုးအစား က ကျန်းမာရေးနဲ့ မညီညွှတ်ဘူးဆိုတာ ပေါ်လွှင်ထင်ရှားလာတဲ့အတွက် ဘယ်ဘက်ပဲကြည့်ကြည့်၊ ကာယ ကံရှင်အတွက် မသက်သာတဲ့ကိစ္စဖြစ်နေပါတယ် ဟု သုတေသီ ဒေါက်တာ Robinson က ပြောပြသည်။ မိန်းကလေးမော်ဒယ်အရုပ်တွေရဲ့ ခန္ဓာကိုယ်အချိုးအစားတွေက လက်တွေ့ မကျပါဘူး။ အလွန်ပိန်ပါးသွယ် လျ ပြထားပါတယ်။ ဒါကိုမြင်ဖန်များလာတဲ့အခါ မိန်းကလေးတွေမှာ စိတ်မကျန်းမာမှုနဲ့ အတူ အစားအစာ စားသောက်မှုပုံစံ မူမမှန်တာတွေ ဖြစ်လာပါတယ်။ ကျွန်တော်တို့ ရဲ့ မေးမြန်းစုံစမ်းမှုတွေကြောင့် အချို့  သော မိန်းကလေးဝတ်အထည် ရောင်းတဲ့ဆိုင်တွေက သာမန်မိန်းကလေးတွေရဲ့ ကိုယ်လုံးကိုယ်ထည်နဲ့  မကွာလှတဲ့ မော်ဒယ်အရုပ်တွေကိုသုံးမယ်လို့  ပြောခဲ့ပေမယ့် ၂၀၁၅ အထိမှာတော့ အဲဒီအရုပ်မျိုး တစ်ရုပ် မှ မတွေ့ ခဲ့ပါဘူး ဟု ၄င်းက ဆက်လက်ပြောပြသည်။ ယင်းတွေ့ ရှိချက်ကိုအခြေခံကာ စတိုးဆိုင်များတွင် ထားရှိသည့် မော်ဒယ်အရုပ်မများ၏ ခန္ဓာကိုယ်အချိုး အစားကို ပြန်လည်ပြင်ဆင်ပေးရန်၊ လက်တွေ့ ကျသည့် ကိုယ်လုံးကိုယ်ထည်များကိုသာလျင် ဖော်ပြပေး ရန်၊ အစရှိသည်တို့ ကို ဒေါက်တာ Robinson တို့ အဖွဲ့ ကတောင်းဆိုထားပြီး နေ့ စဉ်ဈေးဝယ်ထွက်ရသည့် အမျိုးသမီးများ၏ စိတ်ကျန်းမာရေးအတွက် ဖော်ပြပါအတိုင်း တောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ