အရေပြားကင်ဆာကိုဖြစ်စေသည့် မော်လီကျူးတစ်မျိုး၏ နက်နဲသိမ်မွေ့သည့်လုပ်ဆောင်ချက်ကို တွေ့ ရှိ


အမေရိကန်ပြည်ထောင်စုအခြေစိုက် ဆေးဘက်ဆိုင်ရာရှာဖွေတွေ့ ရှိမှုတက္ကသိုလ် SBP မှ သုတေသီများက အရေပြားကင်ဆာဖြစ်ပွားရာတွင် မော်လီကျူးတစ်မျိုး၏ နက်နဲသိမ်မွေ့ သည့်လုပ်ဆောက်ချက်ကို တွေ့ ရှိ မှတ်တမ်းတင်နိုင်ခဲ့ပြီး ဆက်လက်စူးစမ်းလေ့လာလျက်ရှိကြောင်း သိရသည်။အဆိုပါ မော်လီကျူးမှာ Sprightly မော်လီကျူးဖြစ်ကြောင်း၊ ယခင်ကလည်း အူမကြီးကင်ဆာ၊ ရင်သား ကင်ဆာ နှင့် အရေပြား ကင်ဆာတို့ တွင် ပါဝင်ပါတ်သက်နေသည်ကို သိရှိခဲ့ကြောင်း၊ သို့ သော် ၄င်း၏ လုပ်ဆောင်ချက်ကို ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ကြောင်း၊ ယခုတွေ့ ရှိချက်ကိုအခြေခံကာ ၄င်းမော်လီကျူးကို ပစ်မှတ်ထား လုပ်ဆောင်ခြင်းဖြင့် ၄င်းကင်ဆာတို့ ကို ကုသနိုင်မည့် အခြေအနေတို့ ကို တွေ့ ရှိခဲ့ကြောင်း၊ sprightly မော်လီကျူးသည် ကင်ဆာအမျိုးအမည်ကိုဖော်ပြပေးနိုင်သည့် ဇီဝအမှတ်အသားဖြစ်ကြောင်း သိရသည်။

Sprightly က ကင်ဆာနဲ့ ဆက်နွယ်နေတဲ့ ဗီဇဓါတုပစ္စည်းတွေကို ဆဲလ်တစ်ခုရဲ့ နျူကလီယပ်စီရောက် အောင် ပို့ ဆောင်ရာမှာ အချက်အချာကျပါတယ်။ ဒါဖြစ်ရင် အဲဒီဗီဇဓါတုပစ္စည်းတွေနဲ့  sprightly မော်လီ ကျူးနဲ့  မပေါင်းစပ်နိုင်အောင် ဟန့် တားပေးနိုင်မယ်ဆိုရင် ကင်ဆာရောဂါက ဆဲလ်တွေကို မတိုက်ခိုက်နိုင် အောင် ဟန့် တားပေးပြီး ဖြစ်ပါလိမ့်မယ်။ တနည်းအားဖြင့် ကင်ဆာမဖြစ်ပွားအောင် ကာကွယ်ပေးပြီး ဖြစ်ပါ လိမ့်မယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။ Sprightly ဟာ RNA အမျိုးအစား မော်လီကျူးဖြစ်ပါတယ်။ RNA တွေဟာ အမှိုက်သက်သက်ပါပဲ။ သူတို့  ဟာ ပရိုတိန်းဖြစ်မသွားကြပါဘူး။ ဆဲလ်တွေကို လုပ်ဆောင်ချက် မူမမှန်အောင် နှောက်ယှက်တယ်ဆိုတာ အရင်ကတည်းက သိရှိခဲ့ပြီး ဖြစ်ပါတယ်။ အခုကျမှသာ ကင်ဆာပစ္စည်းတွေ ဆဲလ်ကိုရောက်အောင် Sprightly က ပို့ ဆောင်ပေးတယ်ဆိုတာကို တွေ့ ရှိခဲ့ခြင်းဖြစ်ပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည်။ သို့ ဖြစ်၍ သုတေသီိများက sprightly မော်လီကျူးကို ဆက်လက်စူးစမ်းလေ့လာကာ ကင်ဆာပစ္စည်းများ ကို ဆဲလ်များထံပို့ ဆောင်နေခြင်းကို ဖြတ်တောက်နိုင်မည့်စနစ်အား ရှာဖွေကြံဆလျက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ