ရင်သားကင်ဆာပြန်ဖြစ်တဲ့အခါ

ရင်သားကင်ဆာဟာ စောစီးစွာကုသလျှင် ပျောက်ကင်းနိုင်ပေမယ့် ကုသမှုနောက်ကျတဲ့အခါ၊ ကင်ဆာကျိတ်မကင်းစင်တဲ့အခါ ပြန်ဖြစ် တတ်ပါတယ်။ ပြန်ဖြစ်တယ်ဆိုတာ နှင့် မူလကထက် ပိုမိုပျံ့နှံ့လေ့ရှိပါ တယ်။

ကင်ဆာပျံ့တတ်သည့် နေရာများ – အဆုတ်၊ ရင်ခေါင်း၊ အသည်း၊ သငန် ရည်ကျိတ်၊ အရိုး၊ ဦးနှောက်တို့ကို ပျံ့တတ်ပါတယ်။ အခြားရင်သားတစ်ဖက်ကို ကူးတတ်သလို ဝေးဝေး လံလံလည်း ပျံ့တတ်ပါတယ်။

ကုသရန်ချည်းကပ်ပုံ – ရင်သားကင်ဆာ ပျံ့နှံ့မှုကို ကုသတဲ့အခါ ကင်ဆာ ပျံ့နှံ့မှုအဆင့်၊ ကင်ဆာအမျိုးအစား၊ ကင်ဆာကနဦး ဖြစ်ခဲ့သည့်အချိန်၊ ကုသခဲ့သည့်နည်းလမ်းများ၊ ကင်ဆာရောဂါအပြင် အခြားရောဂါများရှိမရှိ ကိုမူတည်ပြီး ကုသမှုနည်းလမ်းထပ်မံရွေးချယ်ရပါတယ်။

ကုသမှုအောင်မြင်သည့် အချက်များ – အနီးအနားများသို့သာ ပျံ့နေလျှင်၊ ကင်ဆာဆဲလ်များ၌ အီစထရိုဂျင်နှင့် ပရိုဂျက်စတီရုန်းဟော်မုန်းလက်ခံ ပစ္စည်း(receptor)ရှိထားလျှင်၊ ဟော်မုန်းကုထုံးနှင့် ဓာတုကုထုံးများ ထိရောက်လျှင်၊ ယခင်ကင်ဆာဖြစ်စဉ်က ကုသမှုနည်းပေါင်းစုံမသုံးထား လျှင်နောက်တစ်ကြိမ် ထပ်မံကုသတဲ့ အခါ ပျောက်ကင်းနိုင်ပါတယ်။

ကုသမှုနည်းလမ်းများ – ခန္ဓာကိုယ် တစ်ခုလုံး ပျံ့နှံ့နေသည့် ကင်ဆာဆဲလ်များကို ဦးတည်ကုသရန် ဓာတုကုထုံး၊ ဟော်မုန်းကုထုံးအသုံးပြုနိုင်သည်။ နေရာအနည်းငယ် ပျံ့နှံ့နေပါကဆိုင် ရာအစိတ်အပိုင်းအလိုက်ဓာတ် ရောင်ခြည်ပေး၍ ကုသနိုင်သည်။ ထိုအတောအတွင်း နာကျင်မှုသက်သာစေရန် ဆေးဝါးများဖြင့် ကုသနိုင် သည်။

သီဟ
Source: health central

Health Updates Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ