ငါးမန်းများထံမှ ရင်သားကင်ဆာ ကုသသည့်ဆေးဝါး ထုတ်လုပ်နိုင်ရန် မျှော်လင့်

စကော့တလန်မှ ပညာရှင်များက သမုဒ္ဒရာကို ကြီးစိုးသော သားစား သတ္တဝါကြီးများသည် Herceptinထက် ပိုမိုထက်မြက်သည့် ဆေးဝါး တစ်လက် ဖြစ်လာရန် မျှော်လင့်လျှက်ရှိ

ငါးမန်းများထံမှ ရင်သားကင်ဆာ ကုသသည့်ဆေးဝါး ထုတ်လုပ်နိုင်ရန် မျှော်လင့်ငါးမန်းများတွင် တွေ့ရှိရသည့် ပဋိပစ္စည်း တစ်မျိုးသည် အမျိုးသမီးထုကို ကြီးကျယ်စွာ ခြိမ်းခြောက်နေသည့် ရင်သားကင်ဆာ ရောဂါကို တိုက်ဖျက်နိုင်မည့် လမ်းစတစ်ခုအဖြစ် သုတေသီများက ယူဆနေကြောင်း သိရှိရသည်။ စကော့တလန်မှ ပညာရှင်များက သမုဒ္ဒရာကို ကြီးစိုးသော သားစား သတ္တဝါကြီးများသည် Herceptinထက် ပိုမိုထက်မြက်သည့် ဆေးဝါးတစ်လက် ဖြစ် လာရန် မျှော်လင့်လျှက် ရှိသည်။ Herceptinသည် (၂၅)နှစ်ကြာ ကာလအတွင်း ရင်သားကင်ဆာ တိုက်ဖျက်ရေး ကြိုးပမ်းမှုနှင့် ပတ်သက်လျှင် အကောင်းဆုံး ရှာဖွေတွေ့ရှိမှု တစ်ခုအဖြစ် ချီးကျူးခံခဲ့ရသည်။ Trastuzumab အမည်ရှိ ပဋိပစ္စည်းကို အသုံးပြုထားသည့် ဆေးဝါးသည် ကင်ဆာအခြေအနေ အစောပိုင်းအဆင့်များတွင် အထိရောက်ဆုံး ကုသနိုင်သည်။ သို့သော်လည်း HER2+ ပရိုတိန်းနှင့် ဆက်နွယ်သည့် ရင်သားကင်ဆာသည် ပိုမိုလျင်မြန်စွာ ပျံ့နှံ့ကူးစက်တတ်သည့် အစွမ်းမျိုး ရှိနေပြီး သုတေသီများအတွက် စိန်ခေါ်မှုတစ်ခုသဖွယ် ရပ်တည်နေသည်။


ဗြိတိန်နိုင်ငံတွင် နှစ်စဉ် အမျိုးသမီး (၄၄၀၀၀)မျှ ရင်သားကင်ဆာ ဖြစ်ပွားနေကြောင်း ဖော်ထုတ်တွေ့ရှိရပြီး ပျမ်းမျှအားဖြင့် ယင်းတို့အနက် (၄)ဦးလျှင် (၁)ဦးတိုင်းသည် HER2+ အမျိုးအစားနှင့် ကြုံနေရသည်။ Herceptinသည် HER2+ကို ကုသရာတွင် အသုံးပြုနိုင်သော်လည်း ထိရောက်မှုမှာ အကန့်အသတ်များ ရှိနေသည်ကြောင်း သိရသည်။ အဘာဒင်း တက္ကသိုလ်မှ ဆေးသုတေသန ပညာရှင်များကမူ ငါးမန်းများတွင် တွေ့ရှိရသည့် ကိုယ်ခံအား တစ်ရပ်က HER2 အနွယ်ဝင် ပရိုတိန်းများကို ဆန့်ကျင်ကုသရန် အဖြေတစ်ရပ် ဖြစ်လာမည်ဟု မျှော်လင့်ထားသည်။

ငါးမန်းများရှိ ပဋိပစ္စည်း တစ်မျိုးသည် HER2 ပရိုတိန်းကို ထိန်းချုပ်နိုင်စွမ်း ရှိနေသည်။ ယင်းသည် ကင်ဆာကြိတ်များ၏ မျက်နှာပြင်တွင် ဖြန့်ကျက် တွယ်ကပ်ပြီးနောက် ယင်းပရိုတိန်းကို လောင်စာအဖြစ် ဝါးမျိုကာ ကြီးထွားအားကောင်းလာနိုင်သည်။ ငါးမန်း၏ ကိုယ်ထဲသို့ HER2 ပရိုတိန်းများ ထိုးသွင်းသည့်အခါ ယင်းပဋိပစ္စည်းက အလိုလို တုံ့ပြန် တိုက်ထုတ်လိုက်သည်ကို တွေ့ရသည်။ နိုင်ငံတကာ ကင်ဆာသုတေသန ဌာနသည် ယခုတွေ့ရှိမှုအတွက် ဆေးသုတေသီ ဟယ်လန်ဒူလီနှင့် အဖွဲ့ကို ပေါင်စတာလင် နှစ်သိန်း ထောက်ပံ့အားပေးထားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ