အီတာလျံစတိုင် ကော်ဖီက ကင်ဆာရဲ့ ရောဂါအစပိုင်းအခြေအနေကို လျှော့ချပေးနိုင်

Wednesday, May 17, 2017 00:00(+0630) (8 နှစ် ခန့်က)



အီတာလျံ သုတေသီတွေရဲ့ ထုတ်ဖော်မှုတစ်ခုအရ အီတာလျံစတိုင်ကော်ဖီတွေဖြစ်တဲ့ Espresso လို Cappuccino တို့လို ကော်ဖီတွေဟာ လူတွေမှာ ဖြစ်ပွားတဲ့ ကင်ဆာရောဂါ အပျိုးအဆင့်ကို ဆက်လက်တိုးပွားမလာအောင် လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

ဒီ သုတေသနကို I.R.C.C.S လို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက ပြုလုပ်ခဲ့တာဖြစ်ပြီး အီတာလျံစတိုင်ကော်ဖီတွေကို တစ်နေ့ သုံးခွက်ထက်ပို သောက်သူတွေက မသောက်တဲ့သူတွေနဲ့ စာရင် ကင်ဆာရောဂါရဲ့ ခြိမ်းခြောက်မှုကို ပိုမိုလျော့ပါးစေကြောင်း တွေ့ခဲ့ရတာပါ။

အီတလီနိုင်ငံ၊ Molise ဒေသက အမျိုးသားဦးရေ ၇၀၀၀ ကျော်ကို လေ့လာခဲ့ပြီးနောက် ၄နှစ်ကြာကော်ဖီသောက်တဲ့ အလေ့အကျင့်ရှိသူတွေဟာ Prostate Cancer လို့ခေါ်တဲ့ အစပိုင်းအဆင့်ကို မတွေ့ရှိခဲ့ရတာပါ။
“ကော်ဖီသောက်တဲ့ အလေ့အထကို လေ့လာသုံးသပ် နှိုင်းယှဉ်ကြည့်ရာမှာ Prostate Cancer ဖြစ်ရပ်တွေရဲ့ ဖြစ်ပွားမှုကို တွေ့ရှိခဲ့ပါတယ်။ ဒီအထဲက ၅၃ရာခိုင်နှုန်းဟာ ခြိမ်းခြောက်မှုလျော့နည်းတာကိုတွေ့ရပြီး သူတို့ဟာဆိုရင် တစ်ရက်ကို ကော်ဖီသုံးခွက်နဲ့အထက်သောက်သုံးသူတွေဖြစ်ပါတယ်” လို့ သုတေသီတစ်ဦးဖြစ်သူ Georg Pounis က ဆိုပါတယ်။

သုတေသီတွေအနေနဲ့ ရလဒ်ကို ကော်ဖီအပေါ် စမ်းသပ်မှုတွေနဲ့ ရလဒ်အဖြစ် အတည်ပြုနိုင်အောင် ကြိုးပမ်းနိုင်ခဲ့ပြီး ကဖိန်းဓာတ်ရဲ့ ကင်ဆာဆဲလ်အပေါ် သက်ရောက်မှုတွေကို တွေ့ရှိခဲ့ရတာပါ။ ရလဒ်ကတော့ ကဖိန်းဓာတ်ဟာ ကင်ဆာဆဲလ်တွေပြန့်ပွားမှုအပေါ် အသိအမှတ်ပြုလောက်အောင် လျှော့ချပေးနိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။
  Bruce

  #healthy.thithtoolwin.com

   Ref: UPI 

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ