ကလေးငယ်တွေအတွက် အကောင်းဆုံးအစားအစာများ



ကလေးတွေအတွက် ကျန်းမာသန်စွမ်းစေတဲ့ အစားအစာများစွာရှိတဲ့အထဲကမှ တစ်ချို့ကတော့ တကယ့်ကို အကောင်းဆုံး အစားအစာတွေပဲ ဖြစ်ပါတယ်။ အဲဒီအစားအသောက်တွေထဲမှာ လိုအပ်သမျှ အာဟာရဓါတ်တွေ ပါဝင်တဲ့အပြင် သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ပြင်ဆင်ချက်ပြုတ်ရလွယ်ကူပြီး အရသာလည်း ရှိတဲ့အစားအစာပဲဖြစ်ပါတယ်။

ဘလူးဘယ်ရီသီး

ကလေးတွေရဲ့ မျက်လုံး၊ ဦးနှောက်နဲ့ ဆီးလမ်းကြောင်းအတွက် ကောင်းမွန်တဲ့ Anthocyanins လိုခေါ်တဲ့ ဓါတ်များစွာပါဝင်တဲ့ ဘလူးဘယ်ရီသီးကို ကြိတ်ချေကျွေးသင့်ပါသတဲ့။ ဘလူးဘယ်ရီသီးနဲ့ ရေကို လေးဆ တစ်ဆ ရောစပ်ပြီး မိုက်ခရိုဝေ့ဗ်မီးဖိုနဲ့ စက္ကန့် ၃၀ ခန့် အပူပေးပြီး အအေးခံကာ ကြိတ်ချေကျွေးနိုင်ပါတယ်။ ဒိန်ချဉ်နည်းနည်းထည့်ပြီးလည်း ကျွေးလို့ရပါတယ်။

ဒိန်ချဉ်

ကလေး အသက် ၆ လခန့်မှာ စတင်မိတ်ဆက်ပေးသင့်တဲ့ အစာကတော့ ဒိန်ချဉ်ပဲဖြစ်ပါတယ်။ ဒိန်ချဉ်ဟာ ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်စေပြီး ဦးနှောက်နဲ့ နှလုံးကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ ကယ်လ်စီယမ်နဲ့ ဗိုက်တာမင် ဒီ ဓါတ်တွေကလည်း အရိုးနဲ့ သွားကျန်းမာကြံ့ခိုင်မှုကို တိုးတက်စေပါတယ်။

ဒိန်ချဉ်ကို ထောပတ်သီး ဒါမှမဟုတ် အဟာရမှုန့်နဲ့ ရောစပ်ကျွေးမွေးနိုင်ပါတယ်။ လိမ္မော်သီး၊ ငှက်ပျောသီး စတာတွေနဲ့လည်း အရသာရှိအောင် ရောစပ်ကျွေးလို့ရပါသတဲ့။

ရွှေဖရုံသီး

ရွှေဖရုံသီးဟာ ဗိုက်တာမင် အေနဲ့ စီ ဓါတ်တွေ များစွာပါဝင်ပြီး ချိုလည်းချိုတဲ့ အသီးအနှံတစ်မျိုးဖြစ်ပါတယ်။
ရွှေဖရုံသီးကို ကြိတ်ချေအနှစ်တိုက်ပြီး ချိစ်နဲ့ ငရုပ်ကောင်းမှုန့်နည်းနည်းထည့်ပြီး ကလေးငယ်ကို ကျွေးမွေးနိုင်ပါတယ်။

ပဲစေ့

အမျှင်ဓါတ်နဲ့ အသားဓါတ်များစွာ ပါဝင်တဲ့ ပဲစေ့တွေဟာလည်း သဘာဝအတိုင်း ရရှိနိုင်တဲ့ အစေ့အဆန်တွေပဲ ဖြစ်ပါတယ်။ လွယ်ကူဈေးသက်သာစွာနဲ့ ၀ယ်ယူနိုင်တဲ့ အစားအစာလည်းဖြစ်ပါတယ်။



( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Babycenter


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ