ဆံသားတွေက ပြောပြနေတဲ့ သင့်ကျန်းမာရေး


စေးကပ်ပြီး အဆီထွက်များနေတဲ့ ဆံသား

သားဆက်ခြားနည်းလမ်းတစ်မျိုးမျိုး စတင်အသုံးပြုနေလား၊ ရပ်ပစ်လိုက်သလား၊ ဒါမှမဟုတ် ပုံစံပြောင်းလဲလိုက်တာမျိုး ရှိပါသလား?? အသုံးပြုနေတဲ့ သားဆက်ခြားနည်းလမ်းပေါ်မှာ မူတည်ပြီး ဆီထွက်များတဲ့ ဆံသားမျိုးနဲ့ အဆီပြန်တဲ့ အသားအရည်မျိုးအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။

ဆရာဝန်နဲ့ တိုင်ပင်ပြီး အက်စထရိုဂျင်ဟော်မုန်း နည်းတဲ့ နည်းလမ်းမျိုးကို ပြောင်းလဲအသုံးပြုသင့်ပြီး တစ်ပတ်ကို ၂ ကြိမ်ခန့် ပုံမှန်ခေါင်းလျှော်ခြင်းဖြင့် အဆီပြန်ခြင်းကို လျော့နည်းစေနိုင်ပါတယ်။

ခြောက်သွေ့ကြမ်းတမ်းနေတဲ့ ဆံသား

ကြွပ်ဆပ်ပြီး ခြောက်သွေ့ကြမ်းတမ်းတဲ့ ဆံသားတွေဟာ ဆိုးဆေးနဲ့ ဆံပင်ပုံသွင်းခြင်းတွေ ခဏခဏလုပ်တာကြောင့်ဆိုတာကတော့ အသေအချာပါပဲ။ ပေါင်းတင်ပြီး ပြန်လည်ထိန်းသိမ်းဖို့တော့ လုပ်ဖို့လိုအပ်ပါတယ်။ နောက်တစ်ချက်ကတော့ လည်ပင်းရှိ သိုင်းရွိုက်ဂလင်း အလုပ်ကောင်းကောင်းမလုပ်နိုင်ခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။

ဆရာဝန်နဲ့ သေချာပြသပြီး သွေးစစ်ကြည့်ခြင်းဖြင့် ကုသမှု ခံယူဖို့လိုအပ်နေပါပြီ။

မွဲခြောက်နေတဲ့ ဆံသား

နေ့စဉ်စားသောက်မှုပုံစံမှာ လိုအပ်တဲ့ အဆီဓါတ်ပမာဏ အလုံအလောက်မရရှိလို့ ဖြစ်နိုင်ပါတယ်။ အိုမီဂါ ၃ ဖက်တီအက်စစ်ပြည့်ဝတဲ့ အစားအစာတွေကို ပိုမိုစားသုံးပေးဖို့လိုအပ်ပြီး အဆီများတဲ့ ငါး၊ ထောပတ်သီး စတာတွေကို စားပေးခြင်းဖြင့် လိုအပ်တဲ့ အဆီပမာဏ ပြည့်ဝစေမှာဖြစ်ပြီး အသားအရည်ကိုလည်း နူးညံ့ချောမွေ့လာစေမှာ ဖြစ်ပါတယ်။

ဆံပင်ကျွတ်ပြီး ပါးလွှာလာခြင်း

နေ့စဉ်စားသုံးတဲ့အစားအစာတွေမှာ လိုအပ်တဲ့ အသားဓါတ်နဲ့ သံဓါတ်တွေ ပြည့်ပြည့်၀၀ မပါဝင်တာကြောင့် ဖြစ်ပါတယ်။ အချိန်မီ ပြောင်းလဲစားသောက်တာမျိုးမလုပ်ရင် ဘ၀တစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်တဲ့ စိတ်ဖိစီးခြင်းဓါတ်ကို အလူးအလဲခံစားရနိုင်ပါတယ်။ လိုအပ်တဲ့ အာဟာရဓါတ်တွေ ပြည့်ပြည်၀၀စားသုံးတာတောင်မှ ဆံပင်တွေ ဆက်ကျွတ်နေသေးတယ်ဆိုရင်တော့ ဟော်မုန်းမညီမျှခြင်းကြောင့် ဖြစ်နိုင်ပြီး ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။

( Michelle )


#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref :Hair


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ