အမျိုးသမီးများက အမျိုးသားများထက် ဝိတ်ကျရန်ပိုမိုခက်ခဲကြောင်းတွေ့ရှိ


လေ့လာချက်အသစ်တစ်ခုအရ ဦးနှောက်ကအစိတ်အပိုင်းတစ်ခုက ကယ်လိုရီတွေ ကျဆင်းဖို့ထိန်းချုပ်ထားလို့အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အလေးချိန်တိုးလာဖို့ ပိုမိုလွယ်ကူတယ်လို့ သိရပါတယ်။ ဗြိတိန်နဲ့ အမေရိကန်က သိပ္ပံပညာရှင်တွေက လိင်ဆက်ဆံခြင်းဟာ ခန္ဓာကိုယ်အလေးချိန်တိုးခြင်းအပေါ် သက်ရောက်မှုရှိမရှိ ကြွက်တွေနဲ့ လေ့လာနေစဉ်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒီလေ့လာချက်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က တစ်ကမ္ဘာလုံးက အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အဝလွန်ရောဂါဖြစ်ပွားမှုနှုန်း ပိုမိုတယ်လို့ သတိပေးချက်ထွက်ပေါ်လာပြီးနောက်ပိုင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံလူဦးရေ ရဲ့ ထက်ဝက်ကျော်ကျော်ဟာ အဝလွန်ခြင်းကို ဖြစ်နေကြပြီး လေးပုံတစ်ပုံက ဆေးပညာရှုထောင့်အရ အဝလွန်ရောဂါခံစားနေကြရတာပါ။ အဲ့ဒီလို အဝလွန်ရောဂါခံစားရသူတွေဟာ ကင်ဆာ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေဖြစ်နိုင်ဖို့ ပိုမိုတာဖြစ်ပါတယ်။

သုတေသီတွေက အထိုင်များတဲ့အမျိုးသားတွေဟာ အဝလွန်ခြင်းဖြစ်နိုင်ပေမယ့် သူတို့ဟာ အမျိုးသမီးတွေလောက် ပိုမိုခြင်းမရှိတာကိုတွေ့ခဲ့ကြတာပါ။ ဒါဟာ ဦးနှောက်မှာရှိတဲ့ အစိတ်အပိုင်းတစ်ခုက ကယ်လိုရီသုံးစွဲမှုကိုစီမံပေးပြီး အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ ကွာခြားလို့ပဲဖြစ်ပါတယ်။

ဦးနှောက်ရဲ့ အဆိုပါ ဧရိယာတစ်ဝိုက်မှာရှိနေတဲ့ ဟော်မုန်းတွေဟာ အစားအစာပုံမှန်စားလိုစိတ်၊ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှု၊ စွမ်းအင်အသုံးပြုမှု၊ ခန္ဓာကိုယ်အလေးချိန်တို့ကို စီမံပြုလုပ်ပေးနေတာဖြစ်တယ်လို့ အဆိုပါသုတေသနကို ဦးဆောင်ခဲ့တဲ့ Aberdeen's Rowett အာဟာရနဲ့ ကျန်းမာရေး တက္ကသိုလ်က ပရော်ဖက်ဆာ  Lora Heisler ကဆိုပါတယ်။

ဒါပေမယ့် ကြွက်မတွေရဲ့ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေ ဟာ စွမ်းအင်သုံးစွဲမှုအပေါ် သက်ရောက်မှုမရှိဘူး လို့ဆိုပါတယ်။ ဒီလိုအဝလွန်ခြင်းရောဂါကိုကာကွယ်နိုင်ဖို့အတွက် သကြားစားသုံးမှုလျော့ကျအောင် သကြားတွေအပေါ် အခွန်၅၀ ရာခိုင်နှုန်းထပ်တိုးဖို့စီစဉ်နေတာပါ။ ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်ကတော့ "ကျွန်တော်တို့အနေနဲ့ စားသုံးပစ္စည်းတွေအပေါ်အခွန်ထပ်တိုးဖို့ တကယ်အလိုမရှိပါဘူး။ ဒါပေမယ့် ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အာရုံစိုက်နေပြီး နောက်နှစ်လောက်မှာ ထုတ်ပြန်ချက်တွေပြုလုပ်နိုင်ဖို့ အားစိုက်နေပါတယ်။" လို့ဇန်နဝါရီလတုန်းက ပြောကြားခဲ့ပါတယ်။


(Blue Lion)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Independent

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ