ကမ္ဘာတ၀န်းတွင် စိတ်ကျန်းမာရေးစောင့်ရှောက်ကုမှုလိုအပ်သူဦးရေ တိုးလာလျက်ရှိ။


ကမ္ဘာတ၀န်းတွင် စိတ်ကျန်းမာရေးချို့ တဲ့နေသူဦးရေမှာ တိုးလာလျက်ရှိသောကြောင့် စိတ်ကျန်းမာရေး ကုသစောင့် ရှောက်မှု ပေးအပ်ရန်လိုအပ်ချက်များကို တာဝန်ရှိသူများ အရေးတကြီး ဆွေးနွေး ညှိနှိုင်း အဖြေရှာရန် အရေးကြီးနေပြီ ဖြစ်ကြောင်း UK အခြေစိုက် လူ့ အသိုက်အ၀န်းရေးရာအသင်း BITC က သတိပေး ပြောကြားသည်။

နိုင်ငံတကာတွင် စိတ်ကျန်းမာရေးချို့ တဲ့နေခြင်းကို ရှက်ဖွယ်ကောင်းသောကိစ္စအဖြစ် ထင်မြင် ယူဆနေဆဲဖြစ်ပြီး ဝေဒနာရှင်များကို လိုအပ်သောကုသမှုခံယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် ပျက်ကွက်မှုများရှိနေသည်ကို တွေ့ ရှိရ ကြောင်း၊ လူအယောက် ၂၀၀၀၀ အတွင်း လူ (၄) ဦးလျှင် (၁) ဦးနှုန်းက ဖြတ်သန်းခဲ့သော ဘ၀သက်တမ်း တလျှောက်တွင် တစ်ချိန်မဟုတ်တစ်ချိန်၌ စိတ်ကျန်းမာရေးချို့ တဲ့မှုကို ခံစားခဲ့ရကြောင်း၊ အထူးသဖြင့် လုပ်ငန်းခွင် ၀န်ထမ်းများ စိတ်ကျန်းမာရေးချို့ တဲ့ခြင်းကြောင့် အလုပ်ပျက်ရက်များရှိခဲ့ရာ ယင်းအလုပ်ပျက်ရက်များကြောင့် ဆုံး ရှုံးမှုတန်ဖိုးမှာ နှစ်စဉ် (၂၆) ဘီလီယံပေါင်ထက်မနည်း တန်ကြေးရှိကြောင်း၊ ၀န်ထမ်းများကို စိတ်ကျန်း မာရေး ကုသစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့လျင် ယင်းဆုံးရှုံးမှုတန်ဖိုးမှ (၈)ဘီလီယံထက်မနည်းကို ချွေတာနိုင်မည် ဖြစ်ကြောင်း BITC မှ သုတေသီတစ်ဦးက ပြောပြသည်။

ပါကစ္စတန်တွင်လည်း စိတ်ကျန်းမာရေးချို့ တဲ့နေသော ဝေဒနာရှင်များကို ထိရောက်စွာ ကူညီစောင့်ရှောက်ပေးရန် တောင်းဆိုမှုများရှိနေကြောင်း၊ စိတ်ကျန်းမာရေးကိုထိခိုက်စေတော့ အကြောင်းရင်းများတွင် စိတ်နာကျင်ခြင်း၊ လူမှု စီးပွား ပဋိပက္ခများကို မကျော်လွှားနိုင်ခြင်း၊ ကျား၊မ ခွဲခြားဆက်ဆံမှုခံရခြင်း၊ ကျန်းမာရေးနှင့်ပညာရေးအသိုက်အမြုံ များ၌ ချဉ်းကပ်ပါဝင်ခံစားခွင့်ကို ကန့် သတ်ချုပ်ချယ်ခံရခြင်း တို့ ပါဝင်ကြောင်း၊ ပါကစ္စတန်တွင် အကြမ်းဖက်တိုက် ခိုက်မှုများဖြစ်ပွားခဲ့သော ပက်ရှဝါပြည်နယ်၌ လူ ၅၀ ရာခိုင်နှုန်းထက်မနည်းမှာ စိတ်ကျန်းမာရေးချို့ တဲ့နေကြောင်း၊ သို့ သော် ပါကစ္စတန်တစ်နိုင်ငံလုံးတွင် စိတ်ရောဂါကုဆေးရုံ (၃) ခုသာ ရှိကြောင်း၊ လူထု၏လိုအပ်ချက်ကို အလျဉ် မီအောင် ဖြည့်တင်းပေးနိုင်ခြင်းမရှိကြောင်း လေ့လာစောင့်ကြည့်သူများက ဝေဖန်သုံးသပ်သည်။
အလားတူ ကမ္ဘာ့နိုင်ငံအများစုတွင်လည်း စိတ်ရောဂါကုဆေးရုံအရေအတွက်မှာ လူဦးရေနှင့်အချိုးမကျခြင်း၊ စိတ် မကျန်းမာသည်ကို ထုတ်ဖော်ပြောပြရန်မှာ ရှက်စရာဟုယူဆကြပြီး လျှို့ ဝှက်ထားတတ်ခြင်း အစရှိသည်တို့ ကြောင့် ကမ္ဘာတ၀န်းတွင် စိတ်ကျန်းမာရေးချို့ တဲ့သူဦးရေမှာ များသည်ထက်များလာနေပြီဖြစ်ကြောင်း သိရသည်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ