ခန္ဓာကိုယ်၏ နှစ်ဆယ့်လေးနာရီစည်းချက်ညီမျှမှုအတွက် အောက်စီဂျင်ရရှိမှု သည် အရေးပါ။


တစ်နေ့ တာ၏ (၂၄)နာရီအတွင်း ခန္ဓာကိုယ်၏ အိပ်ခြင်း၊နိုးခြင်း၊ဆာလောင်ခြင်း၊ရေဆာခြင်း နှင့် အခြားသော ဇီဝကမ္မဖြစ်စဉ်များ စည်းချက်ညီစွာ ပုံမှန်လည်ပတ်နေရေးအတွက် အောက်စီဂျင်ရရှိမှု ပမာဏက အရေးပါကြောင်းနှင့် ယင်းအချက်ကို အခြေခံကာ အချိန်ဇုန်ကွာခြားသောနိုင်ငံများသို့  လေယာဉ်ဖြင့်ခရီးသွားရသူများ ခံစားရလေ့ ရှိသော ပြင်ပအချိန်နှင့်ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်တို့  ဟန်ချက်မညီမျှသည့်ပြဿနာကိုလည်း ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း အစ္စရေးနိုင်ငံ သုတေသီများက ပြောသည်။

ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်များ ဟန်ချက်ညီမျှစေရေးအတွက် အစာစားခြင်းနှင့် ကိုယ်ခန္ဓာအပူချိန်ကိုထိန်းညှိခြင်း သည် အရေးပါကြောင်း၊ အစာစားခြင်းနှင့် ကိုယ်အပူချိန်ကို အောက်စီဂျင် ရရှိမှုကတဖန် ထိန်းချုပ်ပေးကြောင်း၊ လူသားတို့ သည် နေ့ အချိန်တွင်သက်ဝင်လှုပ်ရှားကြသည့်အတွက် နေ့ အချိန်တွင် အောက်စီဂျင်ရှူသွင်းမှုပိုပြီး ညအချိန်တွင် အောက်စီဂျင်ရှူသွင်းမှု နည်းသွားလေ့ရှိကြောင်း၊ ကြွက်ကဲ့သို့ ညလှုပ်ရှားသောသတ္တ၀ါများသည်မူ နေ့ အချိန်တွင် အောက်စီဂျင်ရှူသွင်းမှုနည်းပါးပြီး ညအချိန်တွင် အောက်စီဂျင်ရှူသွင်းမှုပိုလာသည်ကို တွေ့ ရကြောင်း သုတေသီတစ်ဦးက ပြောပြသည်။
နို့ တိုက်သတ္တ၀ါတွေမှာ ၂၄ နာရီစည်းချက်ဆိုတာ ရှိပါတယ်။ အဲဒီ ၂၄ နာရီစည်းချက်ကို ဦးနှောက်ထဲက ဇီဝနာရီက ထိန်းချုပ်ပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို အမျိုးအစားအလိုက် သက်ဝင်လှုပ်ရှားစေပါတယ်။ ဒီဇီဝနာရီကပဲ ခန္ဓာ ကိုယ် ရဲ့  စားချိန်၊ မစားပဲနေချိန်၊ တစ်နေ့ တာမှာ ကိုယ်အပူချိန်အမျိုးမျိုးပြောင်းလဲတာ အစရှိတာတွေကို ထိန်းချုပ် သလို ဆဲလ်အုပ်စုတွေအချင်းချင်းအကြားမှာလည်း သတင်းအချက် အလက်တွေကို ဖလှယ်စေပါတယ်။ အဲဒီဇီဝနာရီ၊ ၂၄ နာရီစည်းချက် ဆိုတာတွေဟာ အောက်စီဂျင်ရရှိမှု အပေါ် အမှီသဟဲ ပြုထားကြပြန်ပါတယ်။ စမ်းသပ်မှုတစ်ခုမှာ ကြွက်တွေကို ၂ နာရီကြာအောင် အောက်စီဂျင် ပါးပါးလေးပဲ ပေးထားတဲ့အခါ သူတို့ ရဲ့ ဇီဝနာရီနဲ့  ၂၄ နာရီစည်း ချက် က တုန့် ပြန်မှုတွေ ပြောင်းသွားပါတယ်ဟု ၄င်းက ဆက်လက်ရှင်းပြသည်။

နေ့ အချိန်လှုပ်ရှားလို့  အောက်စီဂျင်များများရှူတဲ့လူတစ်ယောက်ဟာ အချိန် ဇုန် ကွာဟတဲ့နေရာ ကိုရောက်သွား  လို့  ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်နဲ့  ပြင်ပအချိန်နဲ့ မကိုက်ညီတဲ့ဝေဒနာ (Jet Lag) ကို ခံစားနေရတယ်ဆိုရင် သူ့ ကို အချိန် (၂) နာရီလောက်ကြာအောင် အောက်စီဂျင်ကို ပါးပါးလေးပဲ ပေးရှူတဲ့ကုထုံးကို ပေးနိုင်ပါတယ်။ အောက်စီဂျင်ကို နည်းနည်းပဲရတဲ့အတွက် ခန္ဓာကိုယ်ဟာ ညရောက်သွားတဲ့အတိုင်း လှုပ်ရှားပါတယ်။ ဒီတော့ ခရီးသည်အနေနဲ့  နေ့ နဲ့ ညနဲ့ မှားနေတဲ့ပြဿနာကို အောက်စီဂျင်လျှော့ထားတဲ့အခန်းထဲမှာ ၂-နာရီလောက်ထားပေးလိုက်ရုံနဲ့  အလွယ်တကူကုသနိုင်တာကို တွေ့ ရပါတယ်ဟု ၄င်းက ဆက်လက်ရှင်းပြသည်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ