ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းတို့သည် ပန်းနာ ရောဂါကို ပိုမိုဆိုးဝါးစေနိုင်
ပန်းနာ ရင်ကြပ် ရောဂါရှိသူများ အနေဖြင့် ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းတို့လို ပြန်လည်ပြုပြင်ထားသော အသားများကို စားသုံးပါက ပန်းနာ ရောဂါကို ပိုမိုဆိုးဝါးစေနိုင်ကြောင် သုတေသီတို့မှ ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံ၌ ပန်းနာ ရင်ကြပ်ရောဂါရှိသူ အယောက် ၁၀၀၀ ၏ စားသုံးသည့် အစားအစာများကို သုတေသန ပြုလုပ်ရာတွင် ဝက်ပေါင်ခြောက် ၊ ဝက်အူချောင်းတို့လို ပြန်လည်ပြုပြင်ထားသည့် အသားများကို စားသုံးသည့် လူနာများသည် ပန်းနာ ရင်ကြပ် ရောဂါကို ပိုမို ဆိုးဝါးစေနိုင်ကြောင်း တွေ့ရှိခဲ့ပြီး ဝက်ပေါင်ခြောက် ၊ ဝက်အူချောင်းတို့ကို ပြုလုပ်ရာတွင် အသုံးပြုသည့် နိုက်ထရစ် အက် စစ်ကြောင့် ဖြစ်ပွား ရခြင်းဖြစ်ကြောင်း သုတေသီတို့မှ ပြောကြားခဲ့ကာ ဝက်ပေါင်းခြောက် ၊ ဝက်အူချောင်းတို့ကို ပန်းနာ ရင် ကြပ်ရောဂါ ရှိသူများအနေဖြင့် တစ်ပတ်လျှင် ၃ ကြိမ်ခန့်သာ စားသုံးသင့်သည့်အပြင် ပန်းနာ ရင်ကြပ်ရှိ သူတွေက အစားအသောက်ကိုလည်း ဆင်ခြင်သင့်ပါတယ် ။
အသင့်စား အစားအစာတွေနဲ့ ပြန်လည်ပြုပြင်ထားတဲ့ အစားအသောက်တွေကို ရှောင်ပြီး သကြား ၊ ဆားနှင့် အဆီဓါတ် များတဲ့ အစားအသောက်တွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်ဟု ပန်းနာ ရင်ကြပ်ရောဂါကို အထူးပြု ကုသနေသည့် ဗြိတိန်နိုင်ငံမှ Dr. Erika Kennington မှ ပြောကြားခဲ့ကြောင်း သိရသည် ။
ပန်းနာ ရောဂါဖြစ်ပွားပါက အလိုလိုနေရင်း အသက်ရူမဝခြင်း ၊ ပင်ပန်းကြီးစွာ အသက်ရူရခြင်း ၊ ရင်ဘတ်၌ တင်းကျပ်စွာ ခံစားနေရခြင်း စသည့် လက္ခဏာများဖြစ်ပွားလေ့ရှိပြီး အဆိုပါ လက္ခဏာများကို ခံစားရပြီဆိုပါက ဆရာဝန်များဖြင့် ပြသ၍ ကုသသင့်ကြောင်း သိရှိရပါသည် ။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin