ဇီဝစွမ်းအင်သိုလှောင်စနစ်ဖြင့်အလုပ်လုပ်မည့် နှလုံးအကူစက်များကို အသုံးပြုမည်


နှလုံးအကူစက်နှင့် အခြားသောကိုယ်တွင်းထည့်သွင်းရသည့်စက်များတွင် ဘက်ထရီများကိုအသုံးပြုတော့ မည် မဟုတ်ဘဲ ခန္ဓာကိုယ်တွင်းအရည်များရှိ အိုင်းယွန်းကိုအသုံးပြုကာ ဇီဝစွမ်းအင်သိုလှောင်စနစ်ဖြင့် အလုပ်လုပ်သည့်စနစ်ကို အသုံးပြုသွားတော့မည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ Connecticut University မှ သုတေသီများက ပြောသည်။ ဇီဝစွမ်းအင်သိုလှောင်စနစ်ကိုအသုံးပြုမည့် အကူစက်များသည် ခန္ဓာကိုယ်၏ဇီဝကမ္မဖြစ်စဉ်များနှင့်လိုက်လျောညီထွေမှုရှိနေမည်ဖြစ်သည့်အတွက် ၄င်းစက်များကို ထည့်သွင်းထားသည့်အခါ ခန္ဓာကိုယ်က တစ်စုံ တစ်ရာ ဆန့် ကျင်တုန့် ပြန်ခြင်း ရှိမည်မဟုတ်ကြောင်း၊ ၄င်းစက်အမည်ကို Biological Supercapacitor ဟု အမည်ပေးထားပြီး နှလုံးအကူစက်ကဲ့သို့ ကိုယ်တွင်းထည့်သွင်းအသုံးပြုသည့်စက်များတွင် ထည့်သွင်း အသုံးပြုခြင်းဖြင့် ပိုမိုကြာရှည်ခံစေ မည်ဖြစ်ကြောင်း သုတေသီတစ်ဦးဖြစ်သူ ဒေါက်တာ Richard Kaner က ပြောပြသည်။


ကမ္ဘာတစ်ဝန်းတွင်နှလုံးခုန်မှုစည်းချက်မမှန်သည့်ဝေဒနာကိုခံစားနေရသူများအတွက် pacemaker ဟု ခေါ်သည့် နှလုံးအကူစက်များကို တွင်ကျယ်စွာထည့်သွင်းပေးလျက်ရှိကြောင်း၊ ထို့ အတူ အခြားသော ကိုယ်တွင်းထည့်သွင်းရသည့် စက်အမျိုးမျိုးဖြင့်လည်း အသက်ပေါင်းများစွာကို ကယ်တင်လျက်ရှိကြောင်း၊ သို့ သော် ၄င်းစက်များတွင် သမားရိုးကျဘက်ထရီကိုသာ ထည့်သွင်းအသုံးပြုထားသည့်အတွက် ဘက်ထ ရီအားကုန်သည့်အခါ ပြန်လည်ခွဲစိပ်ကာ ဘက်ထရီအစားထိုးထည့်သွင်းရကြောင်း၊ ထို့ အပြင် အခန့် မသင့် လျင် ဘက်ထရီအားသည် မထင်မှတ်ထားသည့်အချိန်တွင် ကုန်သွားနိုင်သဖြင့် လူနာ၏အသက်ကို စိုးရိမ် ရကြောင်း၊ မကြာခဏခွဲစိပ်ရသဖြင့် လူနာမှာ ဝေဒနာခံစားရသည့်အပြင် ငွေကုန်ကြေးကျလည်း များပြီး ခွဲစိပ်ရာမှရောဂါမျိုးစုံကူးစက်ခံရနိုင်သည့်အန္တရာယ်လည်း ရှိနေသည့်အပြင် ဘက်ထရီကိုယ်၌လည်း ယိုစိမ့်နိုင်ပြီး ဘက်ထရီအတွင်းရှိ အဆိပ်အတောက်ဓါတုပစ္စည်းများ ခန္ဓာကိုယ်တွင်း ပျံ့ နှံ့ သွားနိုင်သည့် အန္တရယ်လည်းရှိကြောင်း သိရသည်။ ထို့ ကြောင့် သုတေသီများက ခန္ဓာကိုယ်၏ ဇီဝစွမ်းအင်ကိုပင် အသုံးပြုကာ နှလုံးအကူစက်ကဲ့သို့  အသက် ကယ်စက်များကို စွမ်းအင်ပေးနိုင်မည့် နည်းလမ်းအား ရှာဖွေကြံဆလာခြင်းဖြစ်ကြောင်း၊၄င်းတို့ တီထွင်ထား သည့် Super Capacitor သည် သွေး ၊သွေးရည် ကြည်၊ ဆီး အစရှိသည်တို့ မှ အိုင်းယွန်းဓါတ်ကိုစုပ်ယူ သိုလှောင်ပြီး ခန္ဓာကိုယ်၏ အပူဓါတ်နှင့်ပေါင်းစပ်ကာ အဆိုပါစက်များအတွက် လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ