အတွင်းခံ ဘရာစီယာ မ၀တ်တာ ကျန်းမာရေးနဲ့ညီညွှတ်သလား?


သေချာတာတော့ သူတို့ကလှပတယ်။ ဒါပေမယ့် ဘရာစီယာ ၀တ်ခြင်းအပေါ်မှာ ကျန်းမာရေးအရ ကောင်းကျိုးတွေ အကျိုးသက်ရောက်မှုတွေ ရှိသလား?

ပညာရှင်တစ်ဦးကတော့ ဒါဟာ မှားယွင်းတဲ့လိုအပ်ချက် ပါတဲ့။

ရင်သားတွေပိုင်ဆိုင်ကြတဲ့ အမျိုးသမီးတွေ ဖြစ်တဲ့အလျှောက် ဘရာ တွေကို ၀တ်ဆင်ကြဘူး သူတွေချည်းပါပဲ။ သိရသလောက်တော့ ၁၉၁၄ ခုနှစ်ကနေ စပြီး ၀တ်ခဲ့ကြတာ ယနေ့ထိအောင်ပါပဲ။

အမျိုးသမီးတော်တော်များများမှာ သူတို့အတွင်းခံ ဘရာ တွေ နဲ့ပတ်သတ်ပြီး သဘောတွေ့တာ၊ မတွေ့တာတွေ ရှိကျပါတယ်။ အိမ်မှာနေချိန် ၀တ်မထားဘဲ မနေချင်တာတွေရှိပေမယ့် မ၀တ်ထားတဲ့ အချိန်တွေကို သဘောကျတာမျိုးတွေပေါ့။ ဘရာ ၀တ်တာက ကျန်းမာရေးအရ ကောင်းကျိုးတွေရှိရဲ့လား။ ဒါမှမဟုတ် ဘ၀တစ်လျှောက်လုံး ၀တ်ဆင်ရတာတွေက အကျိုးသက်ရောက်မှုရှိသလား။

အမျိုးသမီးတွေ ဘရာ မ၀တ်သင့်တဲ့ အကြောင်းတွေ ရှိပါတယ်။

ပြင်သစ် သိပ္ပံပညာရှင် Jean-Denis Rouillon က အမျိုးသမီးတစ်ယောက်က သူ့ဘ၀တစ်လျှောက်လုံး ဘရာဝတ်ဆင်ခြင်းကြောင့် ဘယ်လို အကျိုးသက်ရောက်ရှိတယ်ဆိုတာကို ၁၅နှစ်ကြာ လေ့လာခဲ့ပါတယ်။

အနှစ်ချုပ်ရလဒ်ကတော့ ဘရာဝတ်ဆင်တာက အသက်အရွယ်အရ ရင်သားလျော့တွဲလာတာကို မကာကွယ်နိုင်တဲ့အပြင် အသက်ငယ်တုန်းမှာ ဘရာ ၀တ်ဆင်တာက ရင်သားလျော့တွဲမှုတွေကို ပိုပြီးမြန်မြန် ဖြစ်ပွားစေတာပါပဲ။ အကြောင်းရင်းကတော့ ဘရာတွေက ရင်သားတွေကို ကျစ်လစ်စေတဲ့ ကြွက်သားတွေရဲ့ ပျက်စီးမှုကို ကာကွယ်ပေးတဲ့ တစ်ရှုးဆဲလ်ကြီးထွား မှုတွေကို ထိန်းချုပ်သလိုဖြစ်နေလို့ပါ။

တကယ်လို့ သင်သာ ဘရာမ၀တ်ဆင်ရင် သင့် ရင်သားမှာရှိတဲ့ ကြွတ်သားတွေကို ပိုမိုသန်မာကြီးထွားစေနိုင်မှာပါ။
ဘယ်ရှုထောင့်က ကြည့်ကြည့်  ကမ္ဘာ့ဆွဲအားကြောင့် ရင်သားတွေအပေါ် အကျိုးသက်ရောက်မှု မရှိပေမယ့် ဘရာဝတ်ဆင်ခြင်းကြောင့်သာ လျော့တွဲမှု ဖြစ်ပေါ်နိုင်တာပါ။

ဘရာဝတ်ဆင်ခြင်းရဲ့ ကောင်းကျိုးတွေလည်း ရှိပါတယ်။ အားကစားသမား တစ်ယောက်ဖြစ်မယ်ဆိုရင်တော့ အားကစားဘရာတွေက သူရဲ့ အကောင်းဆုံးသူငယ်ချင်း ဖြစ်နေမှာပါ။ အပြင်းအထန်လှုပ်ရှားမှုတွေကြောင့် ဖြစ်လာမယ့် ရင်သားလှုပ်ရှားမှုကို ကောင်းကောင်းထိန်းပေးပြီး  နာကျင်မှုကို လျော့ချပေးပါတယ်။ အရေပြားတင်းရင်းမှုတွေနဲ့ အရွတ် တွေ အတွက် သက်တောင့်သက်သာရှိအောင် အထောက်အပံ့ပေးပါတယ်။

သိကြတဲ့အတိုင်း သင့်ရဲ့ရင်သားကို ဘရာ ကောင်းကောင်းလေး ၀တ်ဆင်ပြီး ဆွဲဆောင်မှုရှိအောင်ပြုလုပ်နိုင်တယ်။ ရင်သားမြှင့်တင်ပေးတဲ့ ဘရာတွေက အပြင်ထွက်တဲ့အခါ သင့်ကို ပိုမို ကြွရွ လှပစေတဲ့ အမြင်မျိုးကို ပိုင်ဆိုင်စေနိုင်ပါတယ်။

ဘယ်လိုပဲဆိုဆို ဆေးပညာအရ ကြည့်မယ်ဆိုရင် ဘရာ ၀တ်ဆင်တာက သင့်ကျန်းမာရေးတွေ  ကောင်းကျိုးပေးတာ သိပ်မရှိပါဘူး။

( Michelle )


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ