လူသားဦးနှောက်ကို နည်းပညာဖြင့်ထိန်းချုပ်ကာ ဘာသာစကားသင်ယူတတ်မြှောက်မှု မြန်ဆန်အောင် ပြုလုပ်မည်


အမေရိကန်ပြည်ထောင်စုကာကွယ်ရေးအဆင့်မြင့်သုတေသနပရောဂျက်များအေဂျင်စီ DARPA ကစစ်သည်များ၏ဦးနှောက်ကိုနည်းပညာဖြင့်ထိန်းချုပ်ပြီး ဒုတိယဘာသာစကားကို လျင်မြန်စွာတတ်မြောက် စေနိုင်ရေး ဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ စစ်သည်တစ်ယောက်၊ သူလျှိုတစ်ယောက် ဖြစ်ဖို့ ဆိုတာ မလွယ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်များလှ တဲ့ အခြေအနေတွေမှာ နှစ်မြုပ်ထားပြီး လျှို့ ဝှက်သတင်းထောက်လှမ်းရပါတယ်။ နိုင်ငံခြားဘာသာစကား တွေကို ပြောတတ်ရပါတယ်။ နည်းပညာကိရိယာတွေ၊ လက်နက်တွေ အားလုံးကို ကျွမ်းကျင်စွာ သုံးသပ်ရ ပါတယ်။ ဒီတော့ သူတို့ တတွေရဲ့ လေ့လာမှုလမ်းကြောင်းကို တိုနိုင်သမျှတိုအောင် လုပ်ပေးနိုင်မှ တော် ကာ ကျပါမယ်။ ဒါကြောင့် အခုလို ဦးနှောက်ကို နည်းပညာနဲ့ ထိန်းချုပ်ပြီး ဘာသာစကားနောက်တစ်ခုကို ထည့်သွင်းပေးနိုင်မယ့်နည်းလမ်းကို ကြံဆရခြင်းဖြစ်ပါတယ်ဟု Darpa မှ တာဝန်ရှိသူတစ်ဦးက ပြောပြ သ်ည။၎င်းနည်းပညာထွက်ပေါ်လာနိုင်ရေး Darpa က အဖွဲ့  (၈)ဖွဲ့ ကို အမေရိကန်ဒေါ်လာ သန်း ၅၀ အကုန် အကျခံကာ ငှားရမ်းထားကြောင်း၊ အာရုံကျောစနစ်ဟာ လျှပ်စစ်ဓါတ်စီးဆင်းစေခြင်းဖြင့် လိုအပ်သလို ထိန်းချုပ်နိုင်မည့်နည်းစနစ်အား ရှာဖွေစေခြင်းဖြစ်ကြောင်း၊ အောင်မြင်သွားလျင် စစ်သည်တို့ ၏ လည် ပင်းတစ်နေရာ၌ ကျင်စက်ကဲ့သို့ အရာဖြင့် တို့ လိုက်ပြီး မကြာမီမှာပင် ၄င်းဘာသာစကားကို ပြောတတ် သွားစေမည့် နည်းစနစ်ဖြစ်ကြောင်း သိ၇သည်။ ယင်းစမ်းသပ်မှုအောင်မြင်ရေးအတွက် Darpa က အချိန် ၄ နှစ် ပေးထားကြောင်း၊ ပစ်မှတ်ထားထား သည့် အာရုံကြောကို လိုသလိုပုံသွင်းနိုင်မည့် လေ့ကျင့်မှု Targeted Neuroplasticity ဟု အမည်ပေးထား ကြောင်း၊ Darpa သည် လူသားတို့ ၏ စွမ်းရည်ကို အကောင်းဆုံးဖြစ်အောင် ဖော်ထုတ်အသုံးချသွား မည်ဖြစ်ကြောင်း သိရသည်။ ယင်းစနစ်အောင်မြင်သွားလျင် အခြားသောပညာရပ်များကိုလည်း အဆိုနည်းလမ်းများကိုအသုံးပြုကာ ဦးနှောက်ထဲသို့  အမြန်ထည့်သွင်းမည့်စနစ်အား အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ