အသည်းရောင်အသားဝါစီပိုးကို လူနာ ၁၀ ဦးတွင် အမြစ်ပြတ် ကုသနိုင်ခဲ့


အမေရိကန်ပြည်ထောင်စု၊ပင်ဆယ်ဗေးနီးယားဆေးတက္ကသိုလ်မှသုတေသီများက အသည်းရောင်အသား ၀ါ စီပိုး ကူးစက်ခံထားရသူ လူနာ ၁၀ ဦးအား အသည်းရောင်အသားဝါစီပိုးကူးစက်ရောဂါဖြင့်ပင်သေဆုံး သွားသူများ၏ ကျောက်ကပ်ကို အစားထိုးထည့်သွင်းကုသပေးခြင်းဖြင့် စီပိုးကိုလည်း အမြစ်ပြတ် ကုသပေး နိုင်ခဲ့ကြောင်း သိရသည်။ အသည်းရောင်အသားဝါစီပိုး ကူးစက်ခံထားရသူတွေကို ကျောက်ကပ် အစားထိုး ကုသပေးနိုင်ရင် အသက် ပေါင်းများစွာ ကယ်တင်နိုင်မယ်ဆိုတဲ့ အထောက်အထား ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကျောက်ကပ်အစားထိုးကုသမှုခံယူဖို့  အလှူရှင်ကိုစောင့်ဆိုင်းနေတဲ့လူနာ ၉၇၀၀၀ ဦးထက်မနည်း ရှိပါ တယ်။ သူတို့ ဟာ သူတို့ နဲ့ ကိုက်ညီတဲ့ ကျောက်ကပ်ကိုရရှိဖို့  အနည်းဆုံး ၅ နှစ် စောင့်ဆိုင်းရလေ့ရှိပါ တယ် ဟု သုတေသီတစ်ဦးက ပြောပြသည်။

ပင်ဆယ်ဗေးနီးယားဆေးတက္ကသိုလ်က ၂၀၁၆ ခုနှစ်၌ အသည်းရောင်အသားဝါစီပိုးကူးစက်ခံထားရသည့် သေဆုံးသူလူနာများ၏ ကျောက်ကပ်ကို အသည်းရောင်အသားဝါစီပိုးမရှိသည့် ကျောက်ကပ်အစားထိုးကု သမှုခံယူရန်လိုအပ်သည့် လူနာများကို အစားထိုးထည့်သွင်းပေးခြင်းနှင့် အခြားသော ကိုယ်အင်္ဂါအစိပ် အပိုင်းများအား ရယူလိုသူများအား ထည့်သွင်းပေးခြင်းတို့ အား စမ်းသပ်ပြုလုပ်ခဲ့ရာ ၄င်းတို့ တွင် အသားဝါ ရောဂါမကူးစက်စေရေးအတွက် ဗိုင်းရပ်ကုထုံးဖြင့်ကုသပေးခဲ့ရာ အောင်မြင်မှုရရှိခဲ့ကြောင်း၊ ထိုအခါ ကျောက်ကပ်အလှူရှင်ဦးရေမှာလည်း ချက်ခြင်းတိုးတက်သွားခဲ့ကြောင်း သိရသည်။

 အရင်က အသားဝါရောဂါရှိရင် ကိုယ်အင်္ဂါလှူဒါန်းလို့  မရခဲ့ပါဘူး။ အခု အသည်းရောင်အသားဝါ စီပိုးရှိ လည်း ကိုယ်အင်္ဂါအစိပ်အပိုင်းတွေကိုလှူဒါန်းနိုင်ပြီး လှူဒါန်းမှုခံယူသူတွေကလည်း ဗိုင်းရပ်ကုထုံးကို ပုံမှန် ခံယူခြင်းအားဖြင့် စီပိုးကို လုံးဝအမြစ်ပြတ် သုတ်သင်နိုင်တာကိုတွေ့ ရတဲ့အတွက် ဒါဟာ အသည်းရောင် အသားဝါ စီပိုးကုထုံးမှာ ကြီးမားတဲ့အောင်မြင်မှုတစ်ရပ်လို့  ဆိုနိုင်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြ သည်။ အသားဝါစီပိုးရှိတဲ့လူနာ၇ဲ့ ကိုယ်အင်္ဂါအစိပ်အပိုင်းထည့်သွင်းပေးပြီး ၃ ရက်အကြာမှာ စီပိုး HCV ရှိ၊ မရှိ စမ်းသပ်ပါတယ်။ HCV တွေ့ ပါတယ်။ သူတို့ ကို ၁၂ ပတ်ကြာအောင် Zepatier အုပ်စု ဆေးတွေကို တိုက်ကျွေးပါတယ်။ အဲဒီအခါ သူတို့ မှာ အသည်းရောင်အသားဝါ စီပိုး လုံးဝ မရှိတော့တာကို တွေ့ ရ ပါတယ် ဟု ၄င်းက ဆက်လက်ရှင်းပြသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ