အီတလီတွင် ကလေးတိုင်း ကာကွယ်ဆေး ၁၂ မျိုး မထိုးမနေရ သတ်မှတ်
အီတလီနိုင်ငံတွင် အစိုးရစာသင်ကျောင်းများသို့ မတက်ရောက်မီ ကလေးတိုင်း ကာကွယ်ဆေး ၁၂ မျိုး မထိုး မနေရ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ၂၀၁၇ ၏ နှစ်လည်ပိုင်းသို့ သာရောက်ရှိသေးသော်လည်း အီတလီကလေးငယ်များ ၀က်သက်ပေါက်သည့်နှုန်း မှာ ၂၀၁၆ တစ်နှစ်လုံး၌ ၀က်သက်ပေါက်ခဲ့သည့် ဦးရေထက် ကျော်လွန်သွားခဲ့ကြောင်း၊ ထိုကဲ့သို့ ဖြစ်ရသည်မှာ ကလေးငယ်များကာကွယ်ဆေးထိုးသည့် နှုန်းကျဆင်းသွား၍ဖြစ်ကြောင်း၊ အီတလီတွင် သိပ္ပံကိုဆန့် ကျင်သည့် သီအိုရီများ ပျံ့ နှံ့ နေသည်ကိုလည်း ရပ်တန်းက ရပ်စေရမည်ဖြစ်ကြောင်း အီတလီဝန်ကြီးချုပ် Paolo Gentiloni က ပြောသည်။ ကလေးတွေက အသက် ၆ နှစ်အရွယ်မှာ ကျောင်းစတက်ရပါတယ်။ အဲဒီအချိန်မှာ သတ်မှတ်ထားတဲ့ ကာကွယ် ဆေး ၁၂ မျိုးကို မထိုးထားဘူးဆိုရင် မိဘကို အရေးယူပါမယ်။ ဒဏ်ငွေရိုက်ပါမယ်ဟု Gentiloni က ပြောသည်။
အီတလီတွင် ကာကွယ်ဆေးအချို့ သည် ကလေးကိုထိခိုက်စေနိုင်သည်ဟူသည့် အခြေအမြစ်မရှိသည့် အယူ အဆ များကို မိဘအများက ယုံကြည်စွဲမှတ်နေကြပြီး တဖြည်းဖြည်းနှင့် ကလေးကို ကာကွယ်ဆေး ထိုးသည့် မိဘဦးရေ နည်းလာခြင်း၊ ကာကွယ်ဆေးထိုးပေးသူများက လည်းဆေး အမျိုးစုံလင်အောင် ထိုးခြင်းမဟုတ်ဘဲ ရွေးချယ်ထိုးနှံခြင်း အစရှိသည့်ပြဿနာများ ကြီးထွားလာနေခြင်းဖြစ်ကြောင်း သိရသည်။
အီတလီတွင် အသက် နှစ်နှစ်အရွယ်ကလေးငယ်များအကြားဝက်သက်ကာကွယ်ဆေးထိုးကြသည့်ဦးရေမှာ ယခင်က ၉၀ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း၊ နိုင်ငံတစ်နိုင်ငံအတွင်း ၀က်သက် အန္တရာယ်ကာကွယ်နိုင်ရေးအတွက် ကလေးဦးရေ ၉၅ ရာခိုင်နှုန်းထက်မနည်း ကာကွယ်ဆေးထိုး ရန်လိုအပ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ထုတ်ပြန်ကြေညာထားသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Sponsors
အနုပညာရှင်နှင့် လူသိများသူများ
အားကစား သတင်များ
နည်းပညာ သတင်းများ
Most Reading
အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ
သတင်းစာနှင့် ဂျာနယ်များ