လူငယ်များ၏ စိတ်ကျန်းမာရေးအတွက် အဆိုးဆုံးလူမှုကွန်ရက်မှာ Instagram ဖြစ်သည်ဟုဆို


ဆယ်ကျော်သက်အရွယ် လူငယ်ရွယ်များ၏ စိတ်ကျန်းမာရေးကို အဆိုးရွားဆုံးထိခိုက်စေသည့် လူမှုကွန်ရက် မှာ Instagram ဖြစ်ပြီး Snapchat က ဒုတိယလိုက်နေကြောင်း UK အခြေစိုက် ပြည်သူ့ ကျန်းမာရေးစောင့် ရှောက်မှုအဖွဲ့  RSPH က ထုတ်ပြန်ကြေညာသည်။ RSPH က အသက်၁၄နှစ်မှ၂၄နှစ်အရွယ် လူငယ် အမျိုးသားအမျိုးသမီးပေါင်း ၁၅၀၀ ဦးထက်မနည်းကို စစ်တမ်းကောက်ယူခဲ့ကြောင်း၊ လူမှုကွန်ရက်များကြောင့် ခန္ဓာကိုယ်ကျန်းမာရေးနှင့် စိတ်ကျန်းမာရေးတို့ ကို မည်သို့ ထိခိုက်သည်ကို လေ့လာဆန်းစစ်ခဲ့ခြင်းဖြစ်ကြောင်း၊ စိုးရိမ်မှုလွန်ကဲခြင်း၊ စိတ်ဓါတ်ကျဆင်းခြင်း၊ မိမိကိုယ်ကိုယ် သိမ်ငယ်စိတ်ဝင်ခြင်းနှင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အားကစားလိုက်စားခြင်း အစရှိသည် တို့ ကို မည်ရွေ့ မည်မျှပြုလုပ်သည်အား မေးမြန်းခဲ့ရာဝယ် Instagram အသုံးပြုသောလူငယ်လူရွယ်များတွင် ကိုယ်စိတ်ထိခိုက်မှု အမြင့်ဆုံးဖြစ်ပွားနေသည်ကို တွေ့ ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

YouTube က အပြုသဘောဆောင်ပါတယ်။ ဒါပေမယ့် Instagram, Snapchat, Facebook နဲ့  Twitter အားလုံးက လူငယ်လူရွယ်တွေရဲ့  စိတ်ကျန်းမာရေးအပေါ် ဆိုးကျိုးပဲသက်ရောက်စေတာကို တွေ့ ရပါတယ် ဟု သုတေသီတစ်ဦးက ပြောပြသည်။

 Instagram ဟာ အထူးသဖြင့် မိန်းကလေးတွေရဲ့ စိတ်ကျန်းမာရေးအတွက် ဆိုးရွားလွန်းပါတယ်။ ယောက်ျား လေးတွေကလည်း ဓါတ်ပုံလှလှတွေကို ရွေးကြည့်ပြီးတော့ အပြင်က အခြေအနေအမှန်နဲ့  တဖြည်းဖြည်း ဝေး သည်ထက် ဝေးလာကြတာမို့  လူငယ်တွေရဲ့ စိတ်ကျန်းမာရေးထိုခိုက်မှုနှုန်းဟာ ကြောက်ခမန်းလိလိ ဖြစ်နေပါ တယ် ဟု ၄င်းက ဆက်လက်ပြောပြသည်။ Instagram ကို ကမ္ဘာတစ်ဝန်းတွင် အသုံးပြုဦးရေ သန်း ၇၀၀ ထက်မနည်း ရှိကြောင်း၊ ထို့ ကြောင့်လည်း လူငယ်များ၏ စိတ်ကျန်းမာရေးကို အထိခိုက်ဆုံးဖြစ်စေသည့် အပလီကေးရှင်းဖြစ်လာသည်ဟု ယူဆရကြောင်း၊ Instagram သုံးသောအမျိုးသမီးငယ်များသည် အခြားသော ချောမောလှပသည့်အမျိုးသမီးများနှင့် မိမိကိုယ် ကိုယ် နှိုင်းယှဉ်ရင်း သိမ်ငယ်စိတ်ဝင်လာကာ စိတ်ကျရောဂါကို ခံစားရခြင်းဖြစ်ကြောင်း၊ တကယ်တမ်းတွင် Instagram ပေါ်ရှိ လှပေ့ဟူသည့်ပုံများသည် filter မျိုးစုံကိုအသုံးပြုထားသည့် အစစ်နှင့်မနီးစပ်တော့သည့် ပုံများဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ