သုံးလအတွင်း ဝိတ်တက်ချင်လား


အမေရိကားမှာ အမျိုးသား ၁ ရာခိုင်နှုန်း နဲ့ အမျိုးသမီး ၂.၅ ရာခိုင်နှုန်းဟာ ပုံမှန်ထက် ဝိတ်နည်းနေသတဲ့။ တကမ္ဘာလုံးမှာ ပိန်သူဦးရေဟာ အမျိုးသမီးတွေမှာ သုံးဆလောက် ပိုများလေ့ရှိကြတယ်။ ဒါ့ကြောင့် ဝချင်သူအများစုဟာ မိန်းကလေးတွေ ဖြစ်ကြတယ်။ ခေတ်စကားနဲ့ဆိုရင် သူတို့ဟာ သူများတွေလို ကိတ်ချင်တဲ့ စိတ်အခံရှိနေကြတယ်။

ပိန်တယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ နှစ်မျိုးရှိတယ်။ မျိုးရိုးကြောင့် ပိန်တာနဲ့ အာဟာရမပြည့်ဝလို့ပိန်တာ။ မျုးရိုးကြောင့်ဖြစ်ရင် ပြုပြင်ရခက်တယ်။ ဟော်မုန်းဆိုတာလည်း မျိုးရိုးထဲမှာသာ ထည့်ရတယ်။ အာဟာရမပြည့်ဝတာကျတော့ ပြင်ဖို့ ပိုလွယ်တယ်။ ရောဂါတမျိုးမျိုး သို့မဟုတ် သန်ကောင်ထတာမျုးက အာဟာရမပြည့်ဝတဲ့ထဲထည့်ရတယ်။ ဒါ့ကြောင့် မျိုးရိုးကြောင့်လား၊ အစားအသောက်ကြောင့်လား ကိုယ့်ဘာသာ အရင် သုံးသပ်ကြည့်ပါ။

ပိန်တာကောင်းလားမေးရင် မကောင်းဘူးဖြေရမယ်။ ဘာ့ကြောင့်လဲဆိုတော့ ပုံမှန်ထက် ပိန်တဲ့သူ၊ ပေါငိချိန်မပြည့်သူဟာ စောစောစီးစီး သေဆုံးဖို့ အခွင့်အလန်းပိုများလို့ဖြစ်တယ်။ ဝိတ်မပြည့်တဲ့ အမျိုသားတွေဟာ အရွယ်မတိုင်ခင် သေဆုံးနိုင်ချေ (၁၄၀) ရာခိုင်နှုန်းရှိပြီး အမျိုးသမီးတွေက ၁၀၀ ရာခိုင်နှုန်းရှိတယ်။ အံသြစရာတခုက အဝလွန်သူတွေတောင် အရွယ်မတိုငိခင် သေဆုံးနိုင်ချေ (၅၀)ရာခိုင်နှုန်းသာရှိတယ်ဆိုတဲ့အချက်ပါ။ ပြောချင်တာက ဝိတ်နည်းလွန်းတာဟာ ခပ်စောစောသေနိုင်ချေများတဲ့သဘော သက်ရောက်နေတယ်။ ဒါဟာ အာဟာရမပြည့်ဝမှုနဲ့ ပရိုတင်း(အသားဓာတ်)နည်းပါးမှုတို့ကြောင့် ဖြစ်တယ်။

ပရိုတင်းက ရောဂါပိုးကို ခုခံနိုင်တဲ့ အင်တီဘော်ဒီနဲ့ တခြားအရေးကြီး လုပ်ငန်းဆောင်တာတွေရဲ့ အခြေခံဖြစ်လို့ပါ။ အရိုးပွ၊ အရိုးကျွတ်ဆတ်တာ၊ ကြွက်သားခန်းခြောက်တာ အကုန်လုံး ပုံမှန်အောက် အာဟာရနည်းသူမှာ ပိုဖြစိတယ်။ ယေဘုယျ BMI 18 ထက်နည်းသူကို ဝိတ်နည်းသူလို့ သတ်မှတ်ထားတယ်။

ဘာ့ကြောင့် ပိန်ရသလဲ
• အစားအသောက်နည်းခြင်း
• အာဟာရမပြည့်ဝခြင်း
• သိုင်းရွိုက်ဟော်မုန်းများခြင်း
• သန်ကောင်ထိုးတာ
• ဆီးချိုရောဂါ
• ကင်ဆာရောဂါ
• ခုခံအားကျဆင်းရောဂါ၊ တီဘီရောဂါ
• celiac disease (gluten ဓာတ် လက်မခံတာ)
အဆိုပါအချက်တွေက ဝိတ်ကျစေ၊ပိန်စေတဲ့အကြောင်းရာတွေဖြစ်တယ်။ ဒီရောဂါတွေရှိရင် ဆရာဝန်နဲ့ပြဖို့ လိုပါတယ်။

ဝိတ်တက်အောင် ဘယ်လိုလုပ်မလဲ
နေ့စဉ်လိုအပ်တာထက် ကယ်လိုရီပိုဖြည့်နိုင်ရင် ဝိတ်တက်မယ်။ ဒါက အခြေခံအကျဆုံးသီအိုရီပါ။ ဒီသီအိုရီအတိုင်းသာဆို စားဖို့ကလွဲပြီး ဘာရှိမှာလဲ။ အိပ်ပြီးစား၊ စားပြီးအိပ်က ဝိတ်တက်လိုသူတိုင်းရဲ့ universal truth သီအိုရီဖြစ်တယ်။သီအိုရီအရဝိတ်တက်ဖို့ ပုံမှန်ထက် ကယ်လိုရီ (၅၀၀)ပိုစားဖို့ လိုပါတယ်။ ခပ်မြန်မြန်ဝိတ်တက်ချင်ရင် ကယ်လိုရီ(၁၀၀၀)ထိ ပိုစားပေးရမယ်။

ဝိတ်တက်ဖို့ အဓိကအားဖြည့်ရမှာက ပရိုတင်းပဲ။ ပရိုတင်းကို ဝိတ်ပေါင်ချိန်နဲ့ ချိန်ပြီး စားရမယ်။ မိမိမှာရှိတဲ့ကိုယ်အလေးချိန် ပေါင်အတိုင်း ပရိုတင်းပမာဏစားရမှာဖြစ်ပါတယ်။ အလေးချိန်(၁) ပေါင်ရှိတိုင်း ပရိုတင်း(၁)ဂရမ် စားရမှာဖြစ်ပါတယ်။ဒါကြောင့် ပေါင် ၁၀၀ ရှိသူဟာ ပရိုတင်း (၁၀၀)ဂရမ် စားရမယ်။ ဒါဟာ အနည်းဆုံးစားသင့်တဲ့ ပမာဏသာဖြစ်တယ်။ ဝိတ်တက်ချင်ရင် အဲထက် ပိုစားရမယ်။

လက်တဖဝါးစာ အသားတုံးတခု(3oz)မှာ ပရိုတင်း 21 grams ပါတယ်။ ဒါ့ကြောင့် ပေါင် (၁၀၀)ရှိသူတယောက်ဟာ လက်တဝါးစာအတိုင်းအတာရှိတဲ့ အသားတုံး (၅)တုံး နေ့စဉ်စားရမယ်။ ဒါဟာ အနည်ဆုံးစားရမယ့် ပမာဏသာဖြစ်တယ်။ အသားတုံးတတုံးမှာ (၈၄) ကယ်လိုရီ ပါတယ်။ အထက်မှာ ဝိတ်တက်ချင်ရင် ကယ်လိုရီ (၅၀၀)ပိုစားရမယ်လို့ ဆိုခဲ့ပါတယ်။ ဒါ့ကြောင့် ဝိတ်တက်ချင်သူတယောက်ဟာ နောက်ထပ် အသားတုံး (၆)တုံး ထပ်စားရမယ်။ ဆိုလိုချင်တာက စုစုပေါင်း အသားတုံး (၁၁)တုံး စားရမယ်လို့ ဆိုလိုတာပါ။ သို့သော် ကယ်လိုရီဆိုတာ အသားတခုတည်းက မဟုတ်ပဲ ကစီဓာတ်၊ အဆီဓာတ်ကလည်း ရနိုင်တယ်။ အများကြီးစားရင် ကျောက်ကပ်လည်း ထိနိုင်ပြန်တယ်။ ဒါ့ကြောင့် အချိုးချကြည့်ရင် ဝိတ်တက်ဖို့ နေ့စဉ် အသားတုံး (၈)တုံးလောက် စားရုံနဲ့ လုံလောက်တယ်။ ဒါဆို ကယ်လိုရီ (၂၅၀)လောက် ဝင်သွားပြီ။ ကျန်တဲ့ ကယ်လိုရီ (၂၅၀)ကို ကစီဓာတ်နဲ့ အဆီဓာတ်ကနေ မျှစားပါ။

အနောက်နိုင်ငံက လူတွေ ဝိတ်များကြတာ ပရိုတင်းကြောင့် ဖြစ်ပါတယ်။ မြန်မာလူမျိုးတို့အတွက် ထမင်းနဲ့ ကြက်ဥလို စားစရာတွေ ရှိနေတယ်။ ထမင်းတပန်းကန်မှာ ကယ်လိုရီ (၂၀၀)ပါနေတယ်။ဒါ့ကြောင့် နေ့စဉ် ထမင်းတပန်းကန် ပိုစားပါ။ တွက်ကြည့်ရင် စုစုပေါင်း ကယ်လိုရီ (၄၅၀)ဝင်သွားပြီ။ ကယ်လိုရီ (၅၀၀)ပြည့်ဖို့ အဆီ၊ နွားနို့နဲ့ ကြက်ဥကြော်တွေကနေ ရရှိနိုင်တယ်။ ဒါဆို ဝိတ်တက်ဖ်ု့ လိုအပ်တဲ့ ကယ်လိုရီကို ကာမိသွားပါပြီ။ ဒီထက် စားချင်သေးလား။ ရသေးတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကယ်လိုရီ ၅၀၀-၁၀၀ဝကြားပိုစားရမှာကိုး။ ဆိုဒါအချိုရည်၊ ဒိုးနတ်မုန့်တွေက ဝိတိတက်ဖို့ အထောက်ကူပြုတယ်။ ကြွက်သားနဲ့ အဆီများရင် ဝိတိတက်မယ်(ဗိုက်အဆီမပါ)။

ဘာတွေ အဓိကစားမလဲ
• ထမင်း၊ ပေါင်မုန့်၊ ကြက်ဥ
• ကြက်သား၊ဝက်သား၊အမဲသား၊ဆိတ်သား
• အာလူး၊ပဲသီး၊ ပဲတောင့်ရှည်၊ ဒန့်သလွန်သီး
• နို့၊ နို့ထွက်ပစ္စည်း၊ ဒိန်ချဉ်၊မာဂျရင်း၊ချီးစ်
• အခွံမာသီး(ထောပတ်၊မက္ကာဒေးမီးယား၊ မြေပဲ)
• ချောကလက်၊ထောပတ်၊ အချိုရည်

အကြံပြုချင်တာတခုက ဝိတ်တက်ဖို့ ပုံမှန်စားတာအပြင် ထမင်းတပန်းကန်စာ၊ အသားတုံး(၃)တုံး၊ ကြက်ဥကြော်တလုံးပိုစားခြင်းက ဝိတ်တက်ဖို့ အနည်းဆူံးလိုအပိတဲ့ ကယ်လိုရီ(၅၀၀)အတွက် ကောင်းကောင်းဖြည့်ဆည်းပေးမှာ ဖြစ်ပါတယ်။နေ့စဉ် နွားန်ု့၊ကြက်ဥ၊ အချိုဓာတ်၊အငန်ဓာတ်ကို ပိုကဲစားသင့်တယ်။ သို့သော် အချိုဓာတ်၊အငန်ဓာတ်များခြင်းက တခြားသွေးတိုး၊ ဆီးချုလို ရောဂါတွေ ဖြစ်စေတာမို့ သတိထားဖို့တော့ လိုတယ်။ ဝိတ်နည်းတဲ့သူတယောက်အတွက်တော့ လတ်တလော သိပ်ပြဿနာမရှိပေမယ့် တကယ်ဝိတ်များတဲ့အခါ ကျန်းမာရေးပြဿနာရှိလာနိုင်တယ်။ ပရိုတင်းဓာတ်ဆ်ုတဲ့ထဲမှာ အသား၊ငါးသာမက ကြက်ဥ၊နွားနို့၊ပဲအမျိုးမျိုးနဲ့ အခွံမာသီးတွေလည်း ပါတယ်။

အလေ့အကျင့်
ဝိတ်တက်ဖို့ အလေ့ကျင့်ကောင်းတွေ နေ့စဉ်လုပ်ဖို့လိုတယ်။ အစားစားတဲ့အခါ တရက် သုံးကြိမ် အနည်းဆုံးစားပါ။ လုံးဝမဆာမခံပါနဲ့။ မအိပ်ခင် အစားစားတာ ဝိတ်တက်ချင်သူတိုင်း လုပ်ရမယ့် အလေ့ကျင့်တခုဖြစ်ပါတယ်။ ညပိုင်းစားပြီးတာနဲ့ အိပ်တာလည်း ကောင်းတယ်။ ကြားထဲမှာ အဆာပြေမုန့်တွေလည်း စားပါ။ အထူးသဖြင့် ကယ်လိုရီများတာတွေသာ ရွေးစားပါ။ ဟမ်ဘာဂါ၊ ဒိုးနတ် စတာတွေက ကယ်လိုရီများတယ်။ ဗီတာမင်စုံပါတဲ့ အားဆေးမျိုးသောက်ပါ။ အားဆေးထဲမှာ whey protein, glutamine ပါတာတွေ သောက်ပါ။ ခွန်အားပြည့်ရုံမက သက်လုံကောင်းစေတယ်။ အစာစားချင်စိတ်ဖြစ်စေတဲ့ cyprohepatadine, lysineပါတာ သောက်သင့်တယ်။

သတိပြုရမယ့် အချက်များ
• မစားခင်ရေမသောက်ပါနဲ့။
• တကြိမ်တည်း ခပ်များများစားပါ။
• စားဖို့ပဲ အချိန်တိုင်းတွေးနေပါ။
• ကော်ဖီသောက်တဲ့အခါ ကယ်လိုရီများတာထည့်ပါ။
• ခရင်မ်၊ မာဂျရင်း၊ ထောပတ် များများစားပါ။
• နွားနို့ များများသောက်ပါ။
• အသီးအရွက်ထက် အသားကို ဦးစားပေးစားပါ။
• ဆေးလိပ်၊အရက် လုံးဝမသောက်ပါနဲ့။
• အိပ်ရေးဝဝအိပ်ပါ။

အထက်ပါအလေ့အကျင့်တွေ အတိုင်း လိုက်နာနိုင်ရင် သုံးလအတွင်း သေချာပေါက် ဝိတ်တက်လာပါလိမ့်မယ်။

ဒေါက်တာ အေးမင်းထူး
Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ