ဂီတသံစဉ်တွေနဲ့ စိတ်အပန်းပြေအောင် ပြုလုပ်နည်း



ကျွန်တော်တို့ လက်ရှိ နိစ္စဓူဝဘဝတွေမှာတော့ ဂီတဟာ အရေးပါတဲ့ကဏ္ဍတစ်ခုကနေ ပါဝင်နေပါပြီ။ တစ်နေ့လုံး ပင်ပန်းနေရသမျှတွေကို ခဏတာမေ့ဖျောက်ပြီးတော့ ကိုယ်နှစ်သက်တဲ့ ဂီတအမျိုးအစားတွေနဲ့ လိုက်ပြီး စီးမျောလိုက်ရတာဟာတော့ အရမ်းကို အပန်းပြေသွားစေပါတယ်။
ကားပေါ်မှာပဲဖြစ်ဖြစ် ၊ လမ်းလျှောက်ရင်းပဲဖြစ်ဖြစ် သင့်ရဲ့ စိတ်ကို ပျော်ရွှင်အာင် ပြုလုပ်နိုင်တာကလည်း သီချင်းနားထောင်တာပါပဲ။ 

လူတွေနေထိုင် ကြီးပြင်းလာရတဲ့ ဘဝတွေပေါ်မူတည်ပြီးတော့လည်း လူတစ်ယောက်ချင်းစီ ကြိုက်နှစ်သက်တဲ့ ဂီတအမျိုးအစားက ကွဲပြားသွားပါတယ်။ ကျေးလက်မှာ နေထိုင်သူတွေက EDM တွေကို မကြိုက်နိုင်သလို ၊ EDM ကြိုက်တဲ့သူတွေကလည်း ကျေးလက်သံစဉ်တွေကို ကြိုက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကိုယ်ကြိုက်တဲ့သီချင်းကို နားထောင်လိုက်ရရင်တော့ စိတ်ပျော်ရွှင်ပြီး အပန်းပြေသွားတဲ့ အကျိုးသက်ရောက်မှုတွေဟာ လူတိုင်းပေါ်မှာ တူညီစွာ သက်ရောက်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

အခုလို လူကိုပျော်ရွှင်စေတဲ့ သီချင်းတွေကို အပေါ်ယံမဟုတ်ဘဲ အတွင်းကျကျခံစားတတ်အောင် အောက်ကအချက်လေးတွေအတိုင်းလုပ်ကြည့်ပါ။

၁. အလုပ်လုပ်ရင်း သီချင်းနားထောင်ပါ

အကယ်လို့ သင်ဟာ အိုးခွက်ပန်းကန်ဆေးနေတာဖြစ်ဖြစ် ၊ အဝတ်လျှော်နေတာဖြစ်ဖြစ် သီချင်းတစ်ပုဒ်လောက် ဖွင့်ထားပြီး ပြုလုပ်ကြည့်ပါ။ သင့်ရဲ့ ဂီတသံစဉ်တွေဟာ ပင်ပန်းမှန်းမသိအောင် သင့်စိတ်ကို လွှမ်းခြုံပေးထားပါလိမ့်မယ်။ အကယ်လို့ စာဖတ်တာတို့ စာရေးတာတို့လိုမျိုး အာရုံစိုက်ရတဲ့ အလုပ်မျိုးဆိုရင်တော့ သီချင်းနားထောင်ရင်းလုပ်ရင် စိတ်နှစ်ခွဖြစ်တတ်ပါတယ်။

၂. ဂီတကို လေ့လာပါ

သင့်အနေနဲ့ တူရိယာတစ်ခုလောက်ကို တီးခတ်နိုင်အောင် လေ့ကျင့်ကြည့်ပါ။ သင်မတီးတတ်သေးရင်လည်း သင်ယူပါ။ အဲ့လိုသင်ယူခြင်းနဲ့ ဂီတရဲ့ အခြေခံသဘောတွေကိုနားလည်ပြီး ကိုယ့်စိတ်ထဲမှာရှိနေတဲ့ အကြောင်းအရာတွေကို ထုတ်ပြပြီး သီချင်းတစ်ပုဒ်လောက်တော့ ဖန်တီးတတ်လာပါလိမ့်မယ်။ အဲ့လိုဖန်တီးတတ်လာရင်တော့ ဂီတဟာ သင့်ရဲ့ လက်တွဲဖော်ဖြစ်လာပြီး ရင်ဖွင့်လို့ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်လာတာကို ခံစားမိပါလိမ့်မယ်။

၃. ဂီတကို နားလည်အောင် ကြိုးစားကြည့်ပါ

သီချင်းတစ်ပုဒ်ကို စာသားဘယ်လိုစပ်တာ ၊ သံစဉ်အသွားအလာတွေ ဘယ်လိုရှိတာ စတာတွေကို လေ့လာပါ။ သီချင်းရေးသားမှုပိုင်းတွေ ၊ ဂီတအမျိုးအစားအလိုက် ကွဲပြားသွားတာတွေကိုလည်း လေ့လာကြည့်ပါ။ သင်နှစ်သက်တဲ့ အဆိုတော်တွေရဲ့ ကိုယ်ရေးအကျဉ်းတွေ ၊ သူတို့ဘယ်လိုမျိုးကြိုးစားခဲ့တာတွေ စတာတွေကို မှတ်သားထားပါ။ ဒါတွေက သင်သီချင်းနားထောင်တဲ့အခါ အဆိုတော်ရဲ့ နေရာကနေ ဝင်ခံစားကြည့်နိုင်ပြီး ရသတစ်မျိုးကို ခံစားရစေမှာပါ။

၎.အိပ်ခါနီးမှာ သီချင်းတွေ နားထောင်ပါ

အိပ်ခါနီးမှာ သီချင်းနားထောင်တာက သင့်ကို အိပ်မောကျစေနိုင်မှာဖြစ်ပြီး အိပ်ပျော်သွားတဲ့အချိန်မှာလည်း အိပ်မက်လှလှမက်စေနိုင်ပါလိမ့်မယ်။


( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Life

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ