ခါးနာခြင်းကို သက်သာစေမယ့် အကောင်းဆုံးယောဂလေ့ကျင့်ခန်းများ



အထိုင်များပြီး ခါးနာတတ်သူတွေနဲ့ အသက်အရွယ်ရလာတာနဲ့အမျှ ခါးညောင်းတာ ၊ ခါးနာတာ စတဲ့ပြဿနာတွေကလည်း ကြုံတွေ့လာရတတ်တဲ့ သူတွေအတွက် ရေးသားပေးလိုက်ရပါတယ်။ သင့်အနေနဲ့ ဒီလိုပြဿနာတွေ ကြုံတွေ့လာရတဲ့အချိန် ဆေးမထိုး ၊ ဆေးမသောက်ဘဲ ခါးနာမှုတွေကို ပျောက်ကင်းသွားစေမယ့် ယောဂနည်းလမ်းကောင်းလေးတွေကို အခုလိုပဲ ဝေမျှလိုက်ရပါတယ်။





တြိဂံပုံစံ ခါးကြောဖြေခြင်း

သင့်အနေနဲ့ ပုံမှာပြထားတဲ့အတိုင်းကို ဘယ် ၊ညာ လှုပ်ရှားပေးရမှာပါ။ ခြေထောက်ကို ကားထားပြီး ညာဘက်ခြေထောက်ကို ညာလက်နဲ့ ထိအောင်ကိုင်ပေးရမှာပါ။ ပြီးရင်တော့ ဘယ်ဘက်လက်ကို အပေါ်ကို ဆန့်တန်းထားရမှာဖြစ်ပြီး ခေါင်းကိုလည်း ဘယ်လက်ဘက်ကို မျက်နှာမူပေးထားရမှာဖြစ်ပါတယ်။


ကြောင်ပုံသဏ္ဍာန် အကြောဖြေနည်း

သင့်အနေနဲ့ ကြောင်တစ်ကောင်လို လေးဘက်ထောက်ထားရမှာပါ။ သင့်လက်နဲ့ ပုခုံးဟာ တစ်တန်းတည်းရှိနေရမှာဖြစ်ပြီး တင်ပါးဆုံနဲ့ ဒူးကလည်း တစ်သားတည်းရှိနေရပါလိမ့်မယ်။ ပြီးရင်တော့ ခါးကို အပေါ်အောက် ညှင်ညှင်သာသာ ရွေ့လျားပေးရမှာဖြစ်ပြီး စက္ကန့်သုံးဆယ်လောက်ပြုလုပ်ရင် လုံလောက်ပါလိမ့်မယ်။




တံတားပုံ လေ့ကျင့်ခန်း

သင့်အနေနဲ့ ပုံမှာပြထားတဲ့ အတိုင်းပြုလုပ်ပေးရမှာပါ။ အရင်ဆုံးတော့ အိပ်လျက်အနေအထားနဲ့ ဒူးကို ဖြောင့်မတ်နေအောင် ထောင်ထားရမှာဖြစ်ပြီး လက်နှစ်ချောင်းကိုလည်း နောက်ပစ်အနေအထားနဲ့ ထားရပါလိမ့်မယ်။ ပြီးရင်တော့ ခါးအောက်ပိုင်းကို ပုံထဲမှာပြထားသလို မ,တင်လိုက် ပြန်ချလိုက် ညှင်ညှင်သာသာပြုလုပ်ပေးရုံပါပဲ။


တစ်ခြမ်းစီအလှည့်ကျ ပြုလုပ်နည်း
ဒီနည်းလမ်းမှာတော့ အရင်ဆုံး တင်ပလ္လင်ခွေထိုင်ရပါလိမ့်မယ်။ ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း ညာဘက်ခြေထောက်ကို ဘယ်ဘက်ကို ကျော်ပြီး ခွထားလိုက်ပါ။ ဘယ်ဘက်လက်ကိုတော့ ညာဘက်ဒူးပေါ်ကို တင်ပြီး မျဉ်းဖြောင့်အနေအထားနဲ့ ထောင်မတ်ထားလိုက်ပါ။ ပြီးရင်တော့ ခန္ဒာကိုယ်အထက်ပိုင်း (ခေါင်းပါအပါအဝင်) ဖြည်းဖြည်းချင်း လှည့်ပေးရုံပါပဲ။

ဒီနည်းလမ်းလေးတွေးကတော့ လူသိများတဲ့ ခါးနာပျောက် ယောဂ လေ့ကျင့်ခန်းလေးတွေပဲဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Lifehack

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ