နေရောင်ကာခရင်မ်များကြောင့် ကမ္ဘာ့လူဦးရေ တစ်ဘီလီယံနီးပါး ဗီတာမင်ဒီချို့တဲ့မှုဖြစ်ပွားနေ


နေရောင်ကာခရင်မ်များ ပမာဏများစွာသုံးစွဲခြင်းသည် ဗီတာမင်ဒီ ဓာတ်ချို့တဲ့မှုဖြစ်ပွားစေနိုင်ကြောင်း လေ့လာတွေ့ရှိမှုအသစ်တစ်ခုအရ သိရသည်။
ကမ္ဘာတစ်ဝန်းရှိ လူဦးရေ တစ်ဘီလီယံနီးပါးသည် နာတာရှည် ရောဂါခံစားနေရခြင်းနှင့် နေရောင်ကာခရင်မ်များသုံးစွဲခြင်းတို့ကြောင့် နေရောင်ခြည်ထိတွေ့မှုကိုမရရှိဘဲ ဗီတာမင်ဒီချို့တဲ့ကာ မလုံလောက် မှုများဖြစ်ပွားနေလျက်ရှိသည်ဟု သိရသည်။ ယနေ့ခေတ်လူသားတို့သည် အပြင်၌ အချိန်ကုန်လွန်ခြင်းနည်းပါးလာကြကာ အပြင်သို့ထွက်သည့်အခါ တွင်လည်းနေရောင်ကာခရင်မ်များလိမ်းထားခြင်းတို့ကြောင့် ခန္ဓာကိုယ် အာဟာရအတွက် မရှိမဖြစ်လိုအပ်သည့် ဗီတာမင်ဒီကို မရရှိကြတော့ဘဲ ဗီတာမင်ဒီချို့တဲ့မှုဖြစ်ပွားလာကြခြင်းဖြစ်သည်ဟု သိရသည်။

ယနေ့ခေတ်ကြီးထဲတွင် အရေပြားကင်ဆာမဖြစ်ပွားအောင် နေရောင် ခြည်ထိတွေ့မှုကို ကာကွယ်စေချင်သော်လည်း လူသားများအနေဖြင့် သင့်တင့်သောနေရောင်ခြည်ပမာဏသည် လူ့ခန္ဓာကိုယ်အတွက် အလွန် အကျိုးပြုသည့် ဗီတာမင်ဒီဓာတ်ကိုထုတ်လုပ်ပေးကာ ကျန်းမာရေးကောင်း မွန်စေသည်ဟူသည့်အချက်ကို သတိချပ်သင့်ကြောင်း သုတေသီများက သတိပေးပြောကြားထားသည်။ ဗီတာမင်ဒီချို့တဲ့မှုကြောင့် ကြွက်သားများ အားနည်းလာခြင်းနှင့် အရိုးကျိုးလွယ်ခြင်းနှင့် ပွခြင်းများ ဖြစ်ပွားစေနိုင် ကြောင်းသိရသည်။ လုံလောက်မှုမရှိသည့် နေထိုင်စားသောက်မှုများ ကြောင့် လိုအပ်သည့်ဗီတာမင်များမရရှိဘဲ ဗီတာမင်ချို့တဲ့မှုများသည် လည်း အူသိမ်အူမကြီးရောင်ရမ်းခြင်းမျိုးကဲ့သို့သော နာတာရှည်ရောဂါ များမှ အူသိမ်အူမများမှ အရေးပါသည့် လိုအပ်သောအာဟာရများနှင့် အရည်များကို စုပ်ယူနိုင်မှုအားတားဆီးသည့် ရောဂါများဖြစ်လာနိုင်စေ သည်။ ထို့ကြောင့် နေ့လယ်ပိုင်း နေရောင်ခြည်ကို ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ် မိနစ် ၃ဝမျှ ထိတွေ့ပေးခြင်းဖြင့် လိုအပ်သည့် ဗီတာမီဒီ ဓာတ်ကိုထိန်းသိမ်းနိုင်ပြီး ကျန်းမာရေးကောင်းမွန်စေသည်ဟု သိရသည်။

သွန်းသွန်း
The Union Daily
https://www.facebook.com/pg/uniondaily.net/photos/?ref=page_internal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ