အဝလွန်သောသူများတွင် အမျိုးသားများက အမျိုးသမီးများထက် သေဆုံးနိုင်ခြေပိုများ


အဝလွန်တဲ့သူတွေမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် သေဆုံးနိုင်ခြေဟာ သုံးဆပိုမိုများပြားတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဆိုပါတယ်။ ဒီလေ့လာမှုကို တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီး ၄သန်းပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒီလေ့လာချက်အရ အသက် ၁၉နှစ်ကနေ ၇၀ကြား အဝလွန်တဲ့ အမျိုးသား တွေဟာ သာမန်ကိုယ်အလေးချိန်ရှိတဲ့ အမျိုးသမီးတွေထက် ၁၁ရာခိုင်နှုန်း သေဆုံးနိုင်ခြေပိုမိုများပြားပါတယ်။
ဒီစစ်တမ်းမှာ ဒေတာပေါင်း ၃.၉သန်းကို စုဆောင်းခဲ့ရတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ပြောကြားချက်အရ တစ်ကမ္ဘာလုံးက အရွယ်ရောက်ပြီးသူ ၁.၅ဘီလျံမှာ သန်း၆၀၀ ဟာအဝလွန်သူတွေဖြစ်တယ်လို့ သိရပါတယ်။ အဝလွန်သူတွေဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာစတဲ့ ရောဂါလက္ခဏာတွေကို ခံစားရတယ်လို့ ဆိုပါတယ်။




( Beauty Syh )


#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)


 Ref: UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ